မျှော်တလင့်လင့် ဟန်ဒါဆင်နဲ့ ပေါ့ဘာ၊လုခ်ရှောတို့အကြောင်း……
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ရှက်ဖီး ယူနိုက်တက် အသင်းရဲ့ ဂိုး သမားလေး ဟန်ဒါဆင် ဟာ လာမယ့် ရာသီ သစ် မှာ ပင်မ ကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ပွဲထွက် ခွင့် အာမခံ ချက် မရရှိ ခဲ့ပါက ရှက်ဖီး ကို ပြန်လာ ခဲ့မယ် ဆိုပြီး အသင်း ဖော်တွေကို ကတိပေး ခဲ့ တယ်လို့ သိ ရ ပါတယ် ။ ဟန်ဒါဆင် ဟာ ဒီရာသီ မှာ ရှက်ဖီး ယူနိုက်တက် နဲ့ အတူ လက်စွမ်း ကောင်းတွေ ပြသ ထားပြီး အသင်း အတော် များများ ရဲ့ စိတ်ဝင်စားမှု ကို ရရှိ ထားခဲ့ ပါတယ် ။ ဟန်ဒါဆင် ရဲ့ လက်စွမ်းပြမှု တွေ ဟာ ပင်မ အသင်း ဖြစ်တဲ့ ယူနိုက်တက် အတွက် ခေါင်း ခဲ စရာ ဖြစ်စေ ခဲ့ပြီး လက်ရှိ နံပါတ် ၁ ဂိုး သမား ဒီဂီယာ ကို ဆက်လက် ထိန်းသိမ်း နေရာ ပေး ရမလား ၊ ဟန်ဒါဆင် နဲ့ အလှည့်ကျ ပွဲထွက် စေရ မလား ဆိုတာ တွေေ၀ စေခဲ့ ပါတယ် ။ယူနိုက်တက် ပရိသတ်တွေ ထဲမှာလည်း ဟန်ဒါဆင် ကို ဒီဂီယာ ထက် ပိုမို သဘောကျ ပြီး အခွင့် အရေး ပေး စေလို တဲ့ သူတွေ ရှိနေ ကြပါတယ် ။
photo internet
ဟန်ဒါဆင် ဟာ ရှက်ဖီးအသင်း နဲ့ အတူလက်စွမ်းပြ နေမှု တွေ ကြောင့် လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲ ဝင် အင်္ဂလန် အသင်းမှာလည်း ရွေးချယ် ခံရနိုင် ချေ ရှိနေတယ်လို့ သတင်းကြီး နေသူလည်း ဖြစ် ပါတယ် ။
“သေချာပေါက် ဟန်ဒါဆင်ဟာ အင်္ဂလန် ရဲ့ နံပါတ် ၁ ဖြစ်လာ မှာပါ ။ ဒီရာသီမှာသူကလက်စွမ်းတွေပြနေ ပါတယ်။ ဒါဟာ သူ ဖြစ်ချင် နေတဲ့ အရာ ဆိုရင်လည်း မမှား ပါဘူး။ သူ ယူနိုက်တက် ကို ပြန်သွားချင် တာ အမှန် ပါပဲ ။ ယူနိုက်တက် က သူ အိပ်မက် မက်ခဲ့ ရတဲ့ နေရာပါ ။
photo internet
ဒါကို သူလည်း ကွယ်ဝှက် မနေ ပါဘူး ။ အသိသာကြီး ပါပဲ ။ ဒါပေမယ့် ယူနိုက်တက် မှာ သူလိုချင်တာ ကို မရခဲ့ဘူး ဆိုရင် တော့ ရှက်ဖီး ဟာ သူ့အတွက် အကောင်းဆုံး နေရာ ဆိုတာ သူ အသိဆုံးပါ။ ယူနိုက်တက် မှာ အဆင်မပြေ ခဲ့ရင် သူ ကျွန်တော်တို့ ဆီကို ပြန်လာ မယ်လို့ ကတိပေး ထားပါတယ်” ဆိုပြီး ဟန်ဒါဆင် ရဲ့ ရှက်ဖီး အသင်းဖော် ဘီလီရှပ် က ပြောဆိုပါတယ်။
photo internet
ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါလ်ပေါဂ့်ဘာ ကတော့ ဒဏ်ရာကနေပြန်လည် သက်သာပြီးနောက် ပြန်လည်ကြံ့ခိုင်ရေးလုပ်ငန်းစဉ်တွေကို အားစိုက်လုပ်ဆောင်နေပါတယ်။ လက်ရှိအနေအထားမှာ ပေါလ်ပေါဂ့်ဘာဟာ ကာရင်တန် ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီးတော့ မကြာခင်မှာ အသင်းကြီးနဲ့အတူ ပူးတွဲလေ့ကျင့်ခန်းတွေ ဆင်းနိုင်တော့မယ်လို့သိရပါတယ်။ လာမယ့်စနေနေ့ မှာတော့ ယူနိုက်တက်အသင်းဟာ စပါးအသင်းကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ကစားရမှာဖြစ်ပြီးတော့ ကြားရက်မှာ LASK အသင်းနဲ့လည်း ယူရိုပါလိဂ် ၁၆သင်းအဆင့်ကိုယှဉ်ပြိုင်ရပါဦးမယ်။ မကြာမီ ပေါလ်ပေါဂ့်ဘာတစ်ယောက် ယူနိုက်တက်အတွက် အားဖြည့်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။ လက်ရှိအသင်းမှာ ဘရူနိုဖာနန်ဒက်စ်၊ မာတခ်ျ၊ ဖရက်၊တော်မနေး တို့ အကောင်းဆုံးကစားထားနိုင်ချိန် ပေါလ်ပေါဂ့်ဘာ သာ ပြန်လည်ပါဝင်နိုင်ခဲ့ ရင်တော့ ယူနိုက်တက်ကွင်းလယ်ပိုင်းဟာ လိဂ်ရဲ့ ထိပ်သီး အဆင့်အတန်းတစ်ခုကိုပြန်လည်ရောက်ရှိ သွားမှာသေချာပါတယ်။
photo internet
ယူနိုက်တက် ဘယ်အစွန်နောက်ခံလူ လုခ်ရှောကတော့ အသင်းဖော် ဘရူနိုဖာနန်ဒက်စ်ရဲ့ အသင်းအပေါ် သက်ရောက်မှုကိုချီးကျူးပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က မန်စီးတီး နဲ့ကစား ခဲ့တဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ် မှာ ဖာနန်ဒက်စ်က ဖရီးကစ် ကန်ခွင့် ရရှိ ခဲ့ရာ မှာ အခွင့်အရေး ကို လျှပ်တပြက် အသုံးချ နိုင်ခဲ့ပြီး မာရှယ် ရဲ့ ဂိုးကို ဖန်တီး ပေးနိုင် ခဲ့ပါ သေးတယ် ။ ဒါ့ကြောင့် ယူနိုက်တက် အသင်း ရဲ့ တိုးတက် ကောင်းမွန် လာခဲ့တဲ့ စွမ်းဆောင်ရည် နဲ့ ရလဒ် ပိုင်းမှာ ဘရူနို ဖာနန်ဒက်စ် ဟာ အသင်း အတွက် တကယ့် ကို ထူးကဲ တဲ့ အကျိုး သက်ရောက်မှု လုပ်ဆောင် ပေးနိုင် ခဲ့တယ် ဆိုတာ ထင်ရှား ခဲ့ပါတယ် ။
photo internet
” အကြိမ် အတော် များများ မှာ ဖာနန်ဒက်စ်ဟာ ဘောလုံး ပိုင်ဆိုင်မှု တွေကို ဆုံးရှုံး စေနိုင် လိမ့်မယ် ဆိုတာ ကျွန်တော် တို့ သိရှိ ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ သူ အဲ့ဒီလို စွန်းစား မှုတွေ လုပ်ဆောင် ရမယ့် ဘောလုံး ပေးပို့ မှုတွေ များစွာ လုပ်စေ နိုင်ဖို့ လိုအပ် ပါတယ် ။ သူ့ရဲ့ အဲ့ဒီလို ဘောလုံး ပေးပို့မှု က ပိုင်ဆိုင်မှု ဆုံးရှုံး စေနိုင် ပေမယ့် ပြိုင်ဖက် အသင်း ရဲ့ ခံစစ်ကြောင်း ကို ဒုက္ခတွေ အထူး ပေးဆောင် ခဲ့တယ်လေ ။သူဟာ ကျွန်တော် တို့ အသင်း အတွက် တော့ တကယ့်ကို ကောင်းမွန် လှတဲ့ ကစားသမား ခေါ်ယူမှု တစ်ခု ပါပဲ ။ အခု အချိန်မှာ သူဟာ အသင်း အတွက် ဂိုးဖန်တီးမှု အချို့ ကို လုပ်ဆောင် ပေးထား နိုင်ခဲ့ပြီး အရေးကြီးတဲ့ ဂိုး အချို့ ကိုလည်း သွင်းယူ ပေးထား နိုင်ခဲ့ ပါပြီ ။ ကျွန်တော် တို့ အခုလို ကောင်းမွန်တဲ့ စံနှုန်း တွေကို ဆက်လက် ထိန်းသိမ်း ထားဖို့ လိုအပ် ပါတယ် ။ဒါ့အပြင် ကျွန်တော် တို့ဟာ ဖာနန်ဒက်စ်အတွက် အထောက်အပံ့ ကောင်းတွေ ဖြစ်စေ နိုင်မယ့် တွန်းအား တွေကို လည်း လုပ်ဆောင် ပေးနိုင် ဖို့ လိုအပ် ပါတယ် ။ ကျွန်တော် တို့ သူ့ ဆီကနေ နောက်ထပ် ရရှိ နိုင်မယ့် အရာ တွေ အများကြီး ရှိနေပါ သေးတယ် ” ဆိုပြီး လုခ်ရှော ကပြောပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက် အသင်း အတွက် 5 ပွဲ ပွဲထွက် ကစား ပေးထား ခဲ့ရာ မှာ ကိုယ်တိုင် 2 ဂိုး သွင်းယူ ၊ အသင်းဖော် တွေ အတွက် 3 ကြိမ် ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။
photo internet
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)