များပြားလှတဲ့အဆကြောင့် မန်ယူတန်းဆင်းမယ့်ဖွင့်လှစ်မှုကို ပုံအောလာကြတဲ့ထိုးသားတွေ

ဒီရာသီမှာ မန်ယူတန်းဆင်းရင် အဆများများရမှာဖြစ်လို့ ထိုးသားတွေဟာ

အဲဒီဖွင့်လှစ်မှုမှာ ပုံအောလာကြတယ်လို့ သိရပါတယ်။ စိတ်ပျက်ဖွယ်ကောင်းတဲ့

ပြီးခဲ့တဲ့ရာသီနောက်ပိုင်း နည်းပြသစ်တန်ဟက်ဟာ မန်ယူကို ပြုပြင်

ပြောင်းလဲမှုတွေလုပ်နေတာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်ဟာ

ပရီးမီးယားလိဂ်မှာ အဆင့် ၆ သာရခဲ့ပြီး ၅၇ ဂိုးပေးခဲ့ရလို့

တန်ဆင်းရတဲ့ဘန်လေထက်အောင် ပေးဂိုးပိုများခဲ့ပါတယ်။

တန်ဟက်လက်ထက် ရာသီကြိုအစောပိုင်းမှာ ရလဒ်တွေကောင်းမွန်ခဲ့ပေမယ့်

နောက်ဆုံးခြေစမ်းပွဲ ၂ ပွဲမှာတော့ အက်သလက်တီကိုကိုရှုံးပြီး

ဗယ်လီကာနိုနဲ့သရေကျခဲ့တာပါ။ ဒီအချိန်မှာ ကမ္ဘာကျော်ဘွတ်ကီဒိုင်ဖြစ်တဲ့

Wiilliam Hill က မန်ယူတန်းဆင်းရင်ဆိုတဲ့ဖွင့်လှစ်မှုအတွက် ပုံမှန်မဟုတ်တဲ့

အဆပေါင်းများစွာပေးလာခဲ့ပါတယ်။ Wiilliam Hill က ပရီးမီးယားလိဂ်က

မန်ယူအတွက် ဗိုလ်စွဲရင် ၅/၁၊ ထိပ်ဆုံး ၄ သင်းထဲဝင်ရင် ၇/၄၊ ထိပ်ဆုံး

၁၀ သင်းထဲရင် ၁/၁၂၊ တန်းဆင်းရင် ၂၅၀/၁ လို့ ဖွင့်လှစ်ထားတာပါ။

မန်ယူတန်းဆင်းရင် ၁ ဆလောင်းတာနဲ့ ၂၅၀ ရမယ်ဆိုတဲ့ဖွင့်လှစ်မှုမျိုးဟာ

William Hill မှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ ဘွတ်ကီဒိုင် Wiilliam Hill ရဲ့

ပြောရေးဆိုခွင့်ရှိသူတိုနီကန်နီက”ပရီးမီးယားလိဂ်မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

မန်ယူတန်းဆင်းရင် ၂၅၀/၁ ဆိုတဲ့ဖွင့်လှစ်မှုက တကယ်တမ်း ဖြစ်ဖွယ်ရာ

မရှိပေမယ့် ကျွန်တော်သိသလောက်ကတော့ ဈေးကွက်ထဲမှာ

အဲဒါနဲ့ပတ်သက်ပြီး အတော်လေးလောင်းနေကြပါတယ်။

အဲဒါက ရာသီသစ်မတိုင်ခင် ကျွန်တော်တို့ရဲ့အဆပေးမှုအများဆုံးပါ”လို့

ပြောကြားခဲ့ပါတယ်။ တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်မှာ

ဘရိုက်တန်နဲ့အိမ်ကွင်းကန်ရမှာပါ။

zawgyi

မ်ားျပားလွတဲ့အဆေၾကာင့္ မန္ယူတန္းဆင္းမယ့္ဖြင့္လွစ္မႈကို ပုံေအာလာၾကတဲ့ထိုးသားေတြ

ဒီရာသီမွာ မန္ယူတန္းဆင္းရင္ အဆမ်ားမ်ားရမွာျဖစ္လို႔ ထိုးသားေတြဟာ

အဲဒီဖြင့္လွစ္မႈမွာ ပုံေအာလာၾကတယ္လို႔ သိရပါတယ္။ စိတ္ပ်က္ဖြယ္ေကာင္းတဲ့

ၿပီးခဲ့တဲ့ရာသီေနာက္ပိုင္း နည္းျပသစ္တန္ဟက္ဟာ မန္ယူကို ျပဳျပင္

ေျပာင္းလဲမႈေတြလုပ္ေနတာပါ။ ၿပီးခဲ့တဲ့ရာသီတုန္းက ယူႏိုက္တက္ဟာ

ပရီးမီးယားလိဂ္မွာ အဆင့္ ၆ သာရခဲ့ၿပီး ၅၇ ဂိုးေပးခဲ့ရလို႔

တန္ဆင္းရတဲ့ဘန္ေလထက္ေအာင္ ေပးဂိုးပိုမ်ားခဲ့ပါတယ္။

တန္ဟက္လက္ထက္ ရာသီႀကိဳအေစာပိုင္းမွာ ရလဒ္ေတြေကာင္းမြန္ခဲ့ေပမယ့္

ေနာက္ဆုံးေျခစမ္းပြဲ ၂ ပြဲမွာေတာ့ အက္သလက္တီကိုကိုရႈံးၿပီး

ဗယ္လီကာႏိုနဲ႔သေရက်ခဲ့တာပါ။ ဒီအခ်ိန္မွာ ကမာၻေက်ာ္ဘြတ္ကီဒိုင္ျဖစ္တဲ့

Wiilliam Hill က မန္ယူတန္းဆင္းရင္ဆိုတဲ့ဖြင့္လွစ္မႈအတြက္ ပုံမွန္မဟုတ္တဲ့

အဆေပါင္းမ်ားစြာေပးလာခဲ့ပါတယ္။ Wiilliam Hill က ပရီးမီးယားလိဂ္က

မန္ယူအတြက္ ဗိုလ္စြဲရင္ ၅/၁၊ ထိပ္ဆုံး ၄ သင္းထဲဝင္ရင္ ၇/၄၊ ထိပ္ဆုံး

၁၀ သင္းထဲရင္ ၁/၁၂၊ တန္းဆင္းရင္ ၂၅၀/၁ လို႔ ဖြင့္လွစ္ထားတာပါ။

မန္ယူတန္းဆင္းရင္ ၁ ဆေလာင္းတာနဲ႔ ၂၅၀ ရမယ္ဆိုတဲ့ဖြင့္လွစ္မႈမ်ိဳးဟာ

William Hill မွာ တစ္ခါမွ မရွိခဲ့ဖူးပါဘူး။ ဘြတ္ကီဒိုင္ Wiilliam Hill ရဲ႕

ေျပာေရးဆိုခြင့္ရွိသူတိုနီကန္နီက”ပရီးမီးယားလိဂ္မွာ မျဖစ္ႏိုင္ဘူးဆိုတာ မရွိပါဘူး။

မန္ယူတန္းဆင္းရင္ ၂၅၀/၁ ဆိုတဲ့ဖြင့္လွစ္မႈက တကယ္တမ္း ျဖစ္ဖြယ္ရာ

မရွိေပမယ့္ ကြၽန္ေတာ္သိသေလာက္ကေတာ့ ေဈးကြက္ထဲမွာ

အဲဒါနဲ႔ပတ္သက္ၿပီး အေတာ္ေလးေလာင္းေနၾကပါတယ္။

အဲဒါက ရာသီသစ္မတိုင္ခင္ ကြၽန္ေတာ္တို႔ရဲ႕အဆေပးမႈအမ်ားဆုံးပါ”လို႔

ေျပာၾကားခဲ့ပါတယ္။ တန္ဟက္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အဖြင့္မွာ

ဘ႐ိုက္တန္နဲ႔အိမ္ကြင္းကန္ရမွာပါ။