မျက်နှာသာမပေးတော့တဲ့ကိုးမန်းကြောင့် ဒေါသထွက်ပြီး အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

”အသင်းမှာရှိတဲ့ မင်းရဲ့အထူးအခွင့်အရေးတွေအားလုံးဟာ ကုန်လွန်သွားခဲ့ပြီ”လို့ ဘာစီလိုနာနည်းပြသစ်ရော်နယ်ကိုးမန်းက သူ့ကိုပြောခဲ့ပြီးနောက် မက်ဆီဟာ ထွက်ခွာခွင့်တောင်းဆိုဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း အာဂျင်တီးနားကလာတဲ့သတင်းတွေအရ သိရပါတယ်။

photo-credit

ဘိုင်ယန်မြူးနစ်ကို အရှက်တကွဲရှုံးနိမ့်မှုနဲ့ အဆုံးသတ်ခဲ့တဲ့ ဖလားလက်မဲ့ရာသီအပြီးမှာ ၃၃ နှစ်အရွယ် အဲဒီအာဂျင်တီးနားကြယ်ပွင့်ဟာ နူးကမ့်က သူ့ရဲ့အနာဂါတ်ကို စဉ်းစားနေခဲ့တာပါ။

photo-credit

ဒီအချိန်မှာ နည်းပြသစ်အဖြစ် ကိုးမန်းရောက်ရှိလာပြီး မက်ဆီကလည်း သူ့ရဲ့အားလပ်ရက်ကိုဖျက်ကာ အဲဒီနယ်သာလန်သားနည်းပြနဲ့လာရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ သူဆက်ရှိဖို့ထက် ထွက်သွားဖို့က များကြောင်း ကိုးမန်းကို ပြောခဲ့တာပါ။

photo-credit

အဲဒီမက်ဆီနဲ့တွေ့ဆုံမှုမှာပဲ ကိုးမန်းက”အသင်းမှာရှိတဲ့ မင်းရဲ့အထူးအခွင့်အရေးတွေအားလုံးဟာ ကုန်လွန်သွားခဲ့ပြီ။ အသင်းအတွက် အရာအားလုံးကို မင်းလုပ်ပေးရမယ်။ ငါကတော့ အလျှော့ပေးမှာ မဟုတ်ဘူး။ အသင်းအကြောင်းကို မင်းစဉ်းစားရမယ်”လို့ ပြောခဲ့ကြောင်း အာဂျင်တီးနားသတင်းစာတစ်စောင်က ဖော်ပြခဲ့တာပါ။

photo-credit

အဲဒီပွင့်ပွင့်လင်းလင်းဆွေးနွေးမှုမှာ ကိုးမန်းရဲ့အဲဒီလိုပြောစကားကြောင့် မက်ဆီဟာ ဒေါသထွက်ခဲ့ပြီး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အသင်းကထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒါကြောင့် ဘာစီလိုနာအသင်းဥက္ကဌဘာတိုမြူအပေါ် ဖိအားတွေပိုလာပြီး နူးကမ့်ကွင်းအပြင်ဘက်မှာလည်း ဘာတိုမြူူထွက်ပေးဖို့ ပရိသတ်တွေက ဆန္ဒပြနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

မ်က္ႏွာသာမေပးေတာ့တဲ့ကိုးမန္းေၾကာင့္ ေဒါသထြက္ၿပီး အသင္းေျပာင္းဖို႔ ဆုံးျဖတ္ခဲ့တဲ့ မက္ဆီ

”အသင္းမွာရွိတဲ့ မင္းရဲ႕အထူးအခြင့္အေရးေတြအားလုံးဟာ ကုန္လြန္သြားခဲ့ၿပီ”လို႔ ဘာစီလုိနာနည္းျပသစ္ေရာ္နယ္ကိုးမန္းက သူ႔ကိုေျပာခဲ့ၿပီးေနာက္ မက္ဆီဟာ ထြက္ခြာခြင့္ေတာင္းဆုိဖုိ႔ ဆုံးျဖတ္လိုက္တာျဖစ္ေၾကာင္း အာဂ်င္တီးနားကလာတဲ့သတင္းေတြအရ သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္ကို အရွက္တကြဲရႈံးနိမ့္မႈနဲ႔ အဆုံးသတ္ခဲ့တဲ့ ဖလားလက္မဲ့ရာသီအၿပီးမွာ ၃၃ ႏွစ္အရြယ္ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ဟာ ႏူးကမ့္က သူ႔ရဲ႕အနာဂါတ္ကို စဥ္းစားေနခဲ့တာပါ။

ဒီအခ်ိန္မွာ နည္းျပသစ္အျဖစ္ ကိုးမန္းေရာက္ရွိလာၿပီး မက္ဆီကလည္း သူ႔ရဲ႕အားလပ္ရက္ကိုဖ်က္ကာ အဲဒီနယ္သာလန္သားနည္းျပနဲ႔လာေရာက္ေတြ႕ဆုံခဲ့ပါတယ္။ အဲဒီမွာ သူဆက္ရွိဖို႔ထက္ ထြက္သြားဖို႔က မ်ားေၾကာင္း ကိုးမန္းကို ေျပာခဲ့တာပါ။

အဲဒီမက္ဆီနဲ႔ေတြ႕ဆုံမႈမွာပဲ ကိုးမန္းက”အသင္းမွာရွိတဲ့ မင္းရဲ႕အထူးအခြင့္အေရးေတြအားလုံးဟာ ကုန္လြန္သြားခဲ့ၿပီ။ အသင္းအတြက္ အရာအားလုံးကို မင္းလုပ္ေပးရမယ္။ ငါကေတာ့ အေလွ်ာ့ေပးမွာ မဟုတ္ဘူး။ အသင္းအေၾကာင္းကို မင္းစဥ္းစားရမယ္”လို႔ ေျပာခဲ့ေၾကာင္း အာဂ်င္တီးနားသတင္းစာတစ္ေစာင္က ေဖာ္ျပခဲ့တာပါ။

အဲဒီပြင့္ပြင့္လင္းလင္းေဆြးေႏြးမႈမွာ ကုိးမန္းရဲ႕အဲဒီလုိေျပာစကားေၾကာင့္ မက္ဆီဟာ ေဒါသထြက္ခဲ့ၿပီး ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ အသင္းကထြက္ခြာဖို႔ ဆုံးျဖတ္လိုက္တာပါ။ အဲဒါေၾကာင့္ ဘာစီလိုနာအသင္းဥကၠဌဘာတုိျမဴအေပၚ ဖိအားေတြပိုလာၿပီး ႏူးကမ့္ကြင္းအျပင္ဘက္မွာလည္း ဘာတိုျမဴဴထြက္ေပးဖို႔ ပရိသတ္ေတြက ဆႏၵျပေနၾကပါတယ္။