
Photo internet
အားကစားေလာကမွာ ေအာင္ႏိုင္လို႔ေပ်ာ္ရႊင္ၿပီးက်တဲ့မ်က္ရည္ေတြရိွသလုိ၊ ရႈံးနိမ့္လို႔ ၀မ္းနည္းၿပီးငိုတဲ့မ်က္ရည္ ေတြလည္းရိွပါတယ္။ ကစားသမားေတြကိုယ္တိုင္က်တဲ့မ်က္ရည္ေတြရိွသလုိ၊ ပရိသတ္ေတြငိုတဲ့မ်က္ရည္ေတြ လည္း ရိွပါတယ္။ မေန႔ကက်င္းပခဲ့တဲ့ ဖီဖာရဲ႕ဆုေပးပြဲမွာ မ်က္ရည္ေတြကေန ဆုအျဖစ္ရယူႏိုင္ခဲ့တဲ့ ပရိသတ္သားအမိ လည္းရိွပါတယ္။ အဲဒီသားအမိထဲမွာပရိသတ္ေတြအတြက္ ခံစားခ်က္ေတြျဖစ္ေစခဲ့တာကေတာ့ သားျဖစ္သူပါ။
Photo internet
သားျဖစ္သူဟာ ေဘာလုံးသမားမဟုတ္သလုိ၊ အျခားပရိသတ္ေတြလုိသန္စြမ္းသူတစ္ေယာက္လည္းမဟုတ္ပါ ဘူး။ မ်က္စိအလင္းမရတဲ့လူငယ္တစ္ေယာက္ပါ။ ေဆးဗီးယား ဂရတ္ကိုတို႔သားအမိဟာေဘာလုံးပြဲေတြကို သြားေရာက္ၾကည့္ရႈတတ္ၿပီး၊ သားျဖစ္သူကေတာ့ အသံေတြနားေထာင္ၿပီးေတာ့သာ ပြဲကိုအားေပးရပါတယ္။ “ကၽြန္မငယ္ငယ္တုန္းက ေဘာလုံးကြင္းထဲမွာေနခဲ့တာပါ။ ကၽြန္မဘ၀မွာေဘာလုံးပြဲေတြဟာ အေရးပါခဲ့သလုိ၊ ကၽြန္မသား နီကိုလပ္စ္ ဆီမွာလည္း ေဘာလုံးခ်စ္တတ္တဲ့စိတ္ဟာ ခိုေအာင္းေနပါတယ္။ ကၽြန္မသားကို ေဘာလုံးပြဲေတြဆီေခၚသြားခါစအခ်ိန္တုန္းကဆုိရင္ ေရဒီယုိနဲ႔နားၾကပ္ယူေဆာင္သြားခဲ့ပါတယ္”လို႔ ေဆးဗီးယားက ေျပာပါတယ္။
Photo internet
“အစပိုင္းေဘာလုံးပြဲေတြၾကည့္ခါစအခ်ိန္တုန္းက သားျဖစ္သူကပြဲကြင္းထဲမွာဘာေတြျဖစ္ေနတယ္ဆုိတာ သူမသိခဲ့ပါဘူး။ ဒါေၾကာင့္ ကၽြန္မသူ႔ေဘးနားမွာထိုင္ၿပီးေတာက္ေလွ်ာက္ပြဲထဲကအေနအထားေတြကိုေျပာျပေနခဲ့ ပါတယ္။ ကၽြန္မအားေပးတဲ့အသင္း ဂိုးသြင္းႏိုင္တဲ့အခါ ကၽြန္မက သားေလးကိုဖက္ၿပီးေတာ့ ေအာ္ဟစ္ေအာင္ပြဲခံပါတယ္။ တျဖည္းျဖည္းနဲ႔သူလည္း အဲဒီအရသာကိုသိလာၿပီးေတာ့ မတ္တပ္ရပ္ခုန္ေပါက္ျမဴးတူးၿပီးေတာ့ ေအာ္ဟစ္ေအာင္ပြဲခံ လာတတ္ ပါတယ္”လို႔ ေဆးဗီးယားက သူတို႔သားအမိႏွစ္ေယာက္ေဘာလုံးပြဲၾကည့္တာနဲ႔ပတ္သက္ၿပီးေျပာပါတယ္။
Photo internet
“နီကိုလပ္စ္လည္းအျခားကေလးေတြလုိပဲေဘာလုံးပြဲၾကည့္တဲ့ခံစားခ်က္မ်ဳိးရၿပီးေျပာင္းလဲလာခဲ့ပါတယ္။ အဲဒီအခိုက္အတန္႔ေလးဟာ ကမၻာေပၚမွာအေကာင္းဆုံးအခ်ိန္ျဖစ္ခဲ့ပါတယ္”လို႔သူမကဆုိပါတယ္။ ေဆးဗီးယားတို႔သားအမိဟာ ဖီဖာပရိသတ္ဆုကို နယ္သာလန္က ဂ်က္စတိုဆန္းခ်က္တို႔ စုံတြဲကို ေက်ာ္ျဖတ္ၿပီး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂ်က္စတိုဆန္းခ်က္ကေတာ့ ေဘာလုံးအားကစား၀ါသနာပါတဲ့ သားျဖစ္သူေသဆုံးခ်ိန္ကေနစၿပီး ေဘာလုံးကြင္းထဲကိုသြားေရာက္အားေပးခဲ့တာျဖစ္ပါတယ္။ သားနဲ႔ပတ္သက္တဲ့အမွတ္တရေတြျပန္လည္ျမင္ေယာင္တမ္းတႏိုင္ေစဖို႔ အေဖျဖစ္သူ ဆန္းခ်က္က ကြင္းထဲကိုသြားေရာက္အားေပးေနတာျဖစ္ပါတယ္။ ေဘာလုံးပရိသတ္ေတြထဲမွာ ဒီႏွစ္အတြက္ရင္ကိုလႈပ္ခတ္ေစခဲ့တဲ့ ဘရာဇီးက ေဆးဗီးယားသားအမိကေတာ့ ဖီဖာရဲ႕အသိအမွတ္ျပဳမႈကိုရရိွသြားခဲ့ပါၿပီ။ မ်က္ရည္ေတြဟာ ခြန္အားေတြ၊ေအာင္ျမင္မႈေတြျဖစ္ေစတတ္ပါတယ္။
Photo internet
(Unicode Version)
မျက်ရည်တွေက လက်ခုပ်သံအဖြစ်ပြောင်းလဲပေးနိုင်တဲ့အခါ……..
အားကစားလောကမှာ အောင်နိုင်လို့ပျော်ရွှင်ပြီးကျတဲ့မျက်ရည်တွေရှိသလို၊ ရှုံးနိမ့်လို့ ဝမ်းနည်းပြီးငိုတဲ့မျက်ရည် တွေလည်းရှိပါတယ်။ ကစားသမားတွေကိုယ်တိုင်ကျတဲ့မျက်ရည်တွေရှိသလို၊ ပရိသတ်တွေငိုတဲ့မျက်ရည်တွေ လည်း ရှိပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ ဖီဖာရဲ့ဆုပေးပွဲမှာ မျက်ရည်တွေကနေ ဆုအဖြစ်ရယူနိုင်ခဲ့တဲ့ ပရိသတ်သားအမိလည်းရှိပါတယ်။ အဲဒီသားအမိထဲမှာပရိသတ်တွေအတွက် ခံစားချက်တွေဖြစ်စေခဲ့တာကတော့ သားဖြစ်သူပါ။
သားဖြစ်သူဟာ ဘောလုံးသမားမဟုတ်သလို၊ အခြားပရိသတ်တွေလိုသန်စွမ်းသူတစ်ယောက်လည်းမဟုတ်ပါ ဘူး။ မျက်စိအလင်းမရတဲ့လူငယ်တစ်ယောက်ပါ။ ဆေးဗီးယား ဂရတ်ကိုတို့သားအမိဟာဘောလုံးပွဲတွေကို သွားရောက်ကြည့်ရှုတတ်ပြီး၊ သားဖြစ်သူကတော့ အသံတွေနားထောင်ပြီးတော့သာ ပွဲကိုအားပေးရပါတယ်။ “ကျွန်မငယ်ငယ်တုန်းက ဘောလုံးကွင်းထဲမှာနေခဲ့တာပါ။ ကျွန်မဘဝမှာဘောလုံးပွဲတွေဟာ အရေးပါခဲ့သလို၊ ကျွန်မသား နီကိုလပ်စ် ဆီမှာလည်း ဘောလုံးချစ်တတ်တဲ့စိတ်ဟာ ခိုအောင်းနေပါတယ်။ ကျွန်မသားကို ဘောလုံးပွဲတွေဆီခေါ်သွားခါစအချိန်တုန်းကဆိုရင် ရေဒီယိုနဲ့နားကြပ်ယူဆောင်သွားခဲ့ပါတယ်”လို့ ဆေးဗီးယားက ပြောပါတယ်။
“အစပိုင်းဘောလုံးပွဲတွေကြည့်ခါစအချိန်တုန်းက သားဖြစ်သူကပွဲကွင်းထဲမှာဘာတွေဖြစ်နေတယ်ဆိုတာ သူမသိခဲ့ပါဘူး။ ဒါကြောင့် ကျွန်မသူ့ဘေးနားမှာထိုင်ပြီးတောက်လျှောက်ပွဲထဲကအနေအထားတွေကိုပြောပြနေခဲ့ ပါတယ်။ ကျွန်မအားပေးတဲ့အသင်း ဂိုးသွင်းနိုင်တဲ့အခါ ကျွန်မက သားလေးကိုဖက်ပြီးတော့ အော်ဟစ်အောင်ပွဲခံပါတယ်။ တဖြည်းဖြည်းနဲ့သူလည်း အဲဒီအရသာကိုသိလာပြီးတော့ မတ်တပ်ရပ်ခုန်ပေါက်မြူးတူးပြီးတော့ အော်ဟစ်အောင်ပွဲခံလာတတ်ပါတယ်”လို့ ဆေးဗီးယားက သူတို့သားအမိနှစ်ယောက်ဘောလုံးပွဲကြည့်တာနဲ့ပတ်သက်ပြီးပြောပါတယ်။
“နီကိုလပ်စ်လည်းအခြားကလေးတွေလိုပဲဘောလုံးပွဲကြည့်တဲ့ခံစားချက်မျိုးရပြီးပြောင်းလဲလာခဲ့ပါတယ်။ အဲဒီအခိုက်အတန့်လေးဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးအချိန်ဖြစ်ခဲ့ပါတယ်”လို့သူမကဆိုပါတယ်။ ဆေးဗီးယားတို့သားအမိဟာ ဖီဖာပရိသတ်ဆုကို နယ်သာလန်က ဂျက်စတိုဆန်းချက်တို့ စုံတွဲကို ကျော်ဖြတ်ပြီး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျက်စတိုဆန်းချက်ကတော့ ဘောလုံးအားကစားဝါသနာပါတဲ့ သားဖြစ်သူသေဆုံးချိန်ကနေစပြီး ဘောလုံးကွင်းထဲကိုသွားရောက်အားပေးခဲ့တာဖြစ်ပါတယ်။ သားနဲ့ပတ်သက်တဲ့အမှတ်တရတွေပြန်လည်မြင်ယောင်တမ်းတနိုင်စေဖို့ အဖေဖြစ်သူ ဆန်းချက်က ကွင်းထဲကိုသွားရောက်အားပေးနေတာဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေထဲမှာ ဒီနှစ်အတွက်ရင်ကိုလှုပ်ခတ်စေခဲ့တဲ့ ဘရာဇီးက ဆေးဗီးယားသားအမိကတော့ ဖီဖာရဲ့အသိအမှတ်ပြုမှုကိုရရှိသွားခဲ့ပါပြီ။ မျက်ရည်တွေဟာ ခွန်အားတွေ၊အောင်မြင်မှုတွေဖြစ်စေတတ်ပါတယ်။