မဲအရေအတွက် သောင်ပြိုကမ်းပြိုဖြစ်ခဲ့လို့ Ballond’Or အတွက်လည်း ဗန်ဒစ်ဂ်ျအားကောင်း
photo-gettyimages
photo-gettyimages
မနေ့ညက ချန်ပီယံလိဂ်မဲခွဲပွဲနဲ့အတူ ကျင်းပခဲ့တဲ့ ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲမှာ လီဗာပူးနောက်ခံလူဗန်ဒစ်ဂ်ျဟာ ဘာစီလိုနာတိုက်စစ်မှုးမက်ဆီထက်တောင် ရမှတ် ၁၀၀ နီးပါးအသာရပြီး ဆုရသွားခဲ့တာပါ။ စီရော်နယ်ဒိုနဲ့ဆိုရင် ယူအီးအက်ဖ်အေအကောင်းဆုံးကစားသမားဆုအတွက် ဗန်ဒစ်ဂ်ျရခဲ့တဲ့အမှတ်က ၄ ဆတောင် ဖြစ်နေပါတယ်။ သူရခဲ့တာက စုစုပေါင်း ၃၀၅ မှတ်ဖြစ်ပြီး အနီးဆုံးပြိုင်ဘက်မက်ဆီတောင် ၂၀၇ မှတ်ပဲရခဲ့ကာ ထိပ်ဆုံး ၁၀ ယောက်ထဲမှာ ကျန်တဲ့သူတွေဟာ ၇၀ နဲ့အောက်ဖြစ်လို့ ဗန်ဒစ်ဂ်ျအနေနဲ့ ဒီဆုအတွက် မဲရရှိမှာ သောင်ပြိုကမ်းပြိုဖြစ်ခဲ့ပါတယ်။
photo-reuters
photo-UEFA
၁။ ဗန်ဒစ်ဂ်ျ(လီဗာပူး)- ၃၀၅ မှတ်
၅။ မာနီ(လီဗာပူး)- ၅၁ မှတ်
၆။ ဆာလာ(လီဗာပူး)- ၄၉ မှတ်
[Unicode]
မနေ့ညက ချန်ပီယံလိဂ်မဲခွဲပွဲနဲ့အတူ ကျင်းပခဲ့တဲ့ ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲမှာ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ဟာ ဘာစီလိုနာတိုက်စစ်မှုးမက်ဆီထက်တောင် ရမှတ် ၁၀၀ နီးပါးအသာရပြီး ဆုရသွားခဲ့တာပါ။ စီရော်နယ်ဒိုနဲ့ဆိုရင် ယူအီးအက်ဖ်အေအကောင်းဆုံးကစားသမားဆုအတွက် ဗန်ဒစ်ဂျ်ရခဲ့တဲ့အမှတ်က ၄ ဆတောင် ဖြစ်နေပါတယ်။ သူရခဲ့တာက စုစုပေါင်း ၃၀၅ မှတ်ဖြစ်ပြီး အနီးဆုံးပြိုင်ဘက်မက်ဆီတောင် ၂၀၇ မှတ်ပဲရခဲ့ကာ ထိပ်ဆုံး ၁၀ ယောက်ထဲမှာ ကျန်တဲ့သူတွေဟာ ၇၀ နဲ့အောက်ဖြစ်လို့ ဗန်ဒစ်ဂျ်အနေနဲ့ ဒီဆုအတွက် မဲရရှိမှာ သောင်ပြိုကမ်းပြိုဖြစ်ခဲ့ပါတယ်။
ဒီအတွက်လည်း ဗန်ဒစ်ဂျ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုတစ်ခုဖြစ်တဲ့ Ballond’Or ဆုအတွက် အတော်လေးအားကောင်းနေတဲ့သဘောဖြစ်သွားပါတယ်။ Ballond’Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ပေးအပ်ချီးမြှင့်တာဖြစ်ပြီး ဂုဏ်သိက္ခာကြီးမြင့်တဲ့ကမ္ဘာ့အကောင်းဆုံးကစားသမားဆုတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီဆုကို ဒီဇင်ဘာပထမအပတ်မှာ ရွေးချယ်ချီးမြင့်လေ့ရှိပါတယ်။
ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်အုပ်စုအဆင့်ရောက် ၃၂ သင်းက နည်းပြတွေ၊ ယူရိုပါလိဂ်အုပ်စုအဆင့်ရောက် ၄၈ သင်းက နည်းပြတွေနဲ့ ယူအီးအက်ဖ်အေအဖွဲ့ဝင်တစ်နိုင်ငံချင်းစီက ဂျာနယ်လစ်ပေါင်း ၅၅ ဦးတို့ပါတဲ့ ဂျူရီအဖွဲ့က မဲပေးရွေးချယ်တာပါ။ ယူအီးအက်ဖ်အေအကောင်းဆုံးကစားသမားဆုအတွက် မဲရရှိမှုထိပ်ဆုံး ၁၀ ယောက်ကိုဖော်ပြပေးရမယ်ဆိုရင်…
၁။ ဗန်ဒစ်ဂျ်(လီဗာပူး)- ၃၀၅ မှတ်
၂။ မက်ဆီ(ဘာစီလိုနာ)- ၂၀၇ မှတ်
၃။ စီရော်နယ်ဒို(ဂျူဗင်တပ်)- ၇၄ မှတ်
၄။ အယ်လစ်ဆန်(လီဗာပူး)- ၅၇ မှတ်
၅။ မာနီ(လီဗာပူး)- ၅၁ မှတ်
၆။ ဆာလာ(လီဗာပူး)- ၄၉ မှတ်
၇။ ဟာဇတ်(ချဲလ်ဆီး/ရီးရဲလ်)- ၃၈ မှတ်
၈။ ဒီလစ်(အေဂျက်/ဂျူဗင်တပ်)- ၂၇ မှတ်
၉။ ဒီဂျောင်(အေဂျက်/ဘာစီလိုနာ)- ၂၇ မှတ်
၁၀။ စတာလင်း(မန်စီးတီး)- ၁၂ မှတ်