

တစ္ႏွစ္တာအေကာင္းဆံုးအမ်ိဳးသားကစားသမားဆု(The Best Awards)နဲ႔ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ေ၀ဖန္သံေတြ၊စြပ္စြဲမႈေတြကို ဖီဖာက ကာကြယ္တံု႔ျပန္လိုက္ပါတယ္။အီတလီႏိုင္ငံ မီလန္ၿမိဳ႔မွာက်င္းပခဲ့တဲ့ ဖီဖာတစ္ႏွစ္တာအေကာင္းဆံုးဆုေပးပြဲမွာ မက္ဆီက စီေရာ္နယ္ဒိုနဲ႔ဗန္ဒိုက္ကို ေက်ာ္ျဖတ္ၿပီး ေအာင္ပြဲခံႏိုင္ခဲ့တာနဲ႔ပတ္သက္ၿပီး အသံေတြအေတာ္ေလးဆူညံေနတာေတာ့ အားလံုးသိၾကၿပီးသားပါ။အထူးသျဖင့္ မဲစာရင္းမသြင္းခဲ့တာေတြ၊ပယ္မဲျဖစ္ခဲ့တာေတြ၊ေပးတာတစ္ေယာက္ ဖီဖာစာရင္းမွာတစ္ေယာက္ျဖစ္ေနတာေတြရွိတယ္ဆိုတဲ့ သတင္းေတြထြက္ခဲ့တာေၾကာင့္ ဖီဖာဟာ မက္ဆီဆုရဖို႔ မဲလိမ္ခဲ့တယ္လို႔ေတာင္ စြပ္စြဲခံေနရပါတယ္။ဒါေပမဲ့ ကမာၻ႔ေဘာလံုးအဖြဲ႔ခ်ဳပ္ကေတာ့ ဆုတစ္ခုတိုင္းအတြက္ ေပးထားတဲ့မဲေတြကို လြပ္လပ္တဲ့ေစာင့္ၾကည့္ေလ့လာသူ(ၾကားေန)အဖြဲ႔က ႀကီးၾကပ္ေစာင့္ၾကည့္စစ္ေဆးခဲ့တာျဖစ္ေၾကာင္း၊မဲေပးမႈျဖစ္စဥ္တစ္ခုလံုးဟာ အဲဒီဘုတ္အဖြဲ႔ေပၚမွာလံုးလံုးလ်ားလ်ား တာ၀န္ရွိေၾကာင္း ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

“ ဆုမ်ားအတြက္ မဲေပးမႈျဖစ္စဥ္၏ ရိုးသားေျဖာင့္မတ္ျခင္အေပၚ မီဒီယာမ်ားမွ ေမးခြန္းထုတ္ေနသည့္သတင္းမ်ားစြာ ေတြ႔ျမင္ေနရေသာေၾကာင့္ စိတ္ပ်က္မိပါသည္။ထိုသတင္းမ်ားမွာ တရားမမွ်တသလို အထင္အျမင္လြဲမွားေစပါသည္။ဆုတစ္ခုခ်င္းစီတိုင္းအတြက္ မဲေပးမႈလုပ္ထံုးလုပ္နည္းမ်ားကို လြတ္လပ္ေသာေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔ျဖစ္ေသာ ဆြစ္ဇာလန္မွ စာရင္းစစ္ႏွင့္အႀကံေပးကုမဏီ PricewaterhouseCoopers (PwC)က ႀကီးၾကပ္ေစာင့္ၾကည့္စစ္ေဆးခဲ့ျခင္းျဖစ္ပါသည္”လို႔ ဖီဖာက ေၾကညာခ်က္ထုတ္ ကာကြယ္လိုက္ပါတယ္။ဒါ့အျပင္ ဖီဖာအမႈေဆာင္အဖြဲ႔ဟာ မဲေရတြက္မႈ၊စိစစ္ေရြးခ်ယ္မႈနဲပတ္သက္တဲ့ သက္ေသအေထာက္အထားအားလံုးကိုတင္သြင္းဖို႔ ေတာင္းခံထားတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ စည္းမ်ဥ္းဥပေဒအရေတာ့ မဲစာရြက္ေပၚမွာ သက္ဆိုင္ရာပုဂၢိဳလ္ရဲ႕လက္မွတ္အျပင္ အဲဒီႏိုင္ငံကေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕တံဆိပ္တံုးပါရွိရမယ္လို႔ ေရးသားထားပါတယ္။ဖီဖာနဲ႔ေစာင့္ၾကည့္ေလ့လာသူအဖြဲ႔ကေတာ့ ရလဒ္ေတြမွန္ကန္တယ္ဆိုတာ သက္ေသျပႏိုင္ေၾကာင္း၊တကယ္လို႔အမွားအယြင္း တစ္စံုတရာရွိခဲ့ရင္လည္း စံုစမ္းစစ္ေဆးၿပီး လိုအပ္တဲ့အေရးယူမႈေတြလုပ္သြားမွာျဖစ္ေၾကာင္း ေၾကညာထားပါတယ္။
(unicode)
တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆု(The Best Awards)နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ဝေဖန်သံတွေ၊စွပ်စွဲမှုတွေကို ဖီဖာက ကာကွယ်တုံ့ပြန်လိုက်ပါတယ်။အီတလီနိုင်ငံ မီလန်မြို့မှာကျင်းပခဲ့တဲ့ ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲမှာ မက်ဆီက စီရော်နယ်ဒိုနဲ့ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး အောင်ပွဲခံနိုင်ခဲ့တာနဲ့ပတ်သက်ပြီး အသံတွေအတော်လေးဆူညံနေတာတော့ အားလုံးသိကြပြီးသားပါ။အထူးသဖြင့် မဲစာရင်းမသွင်းခဲ့တာတွေ၊ပယ်မဲဖြစ်ခဲ့တာတွေ၊ပေးတာတစ်ယောက် ဖီဖာစာရင်းမှာတစ်ယောက်ဖြစ်နေတာတွေရှိတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့တာကြောင့် ဖီဖာဟာ မက်ဆီဆုရဖို့ မဲလိမ်ခဲ့တယ်လို့တောင် စွပ်စွဲခံနေရပါတယ်။ဒါပေမဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကတော့ ဆုတစ်ခုတိုင်းအတွက် ပေးထားတဲ့မဲတွေကို လွပ်လပ်တဲ့စောင့်ကြည့်လေ့လာသူ(ကြားနေ)အဖွဲ့က ကြီးကြပ်စောင့်ကြည့်စစ်ဆေးခဲ့တာဖြစ်ကြောင်း၊မဲပေးမှုဖြစ်စဉ်တစ်ခုလုံးဟာ အဲဒီဘုတ်အဖွဲ့ပေါ်မှာလုံးလုံးလျားလျား တာဝန်ရှိကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။“ ဆုများအတွက် မဲပေးမှုဖြစ်စဉ်၏ ရိုးသားဖြောင့်မတ်ခြင်အပေါ် မီဒီယာများမှ မေးခွန်းထုတ်နေသည့်သတင်းများစွာ တွေ့မြင်နေရသောကြောင့် စိတ်ပျက်မိပါသည်။ထိုသတင်းများမှာ တရားမမျှတသလို အထင်အမြင်လွဲမှားစေပါသည်။ဆုတစ်ခုချင်းစီတိုင်းအတွက် မဲပေးမှုလုပ်ထုံးလုပ်နည်းများကို လွတ်လပ်သောစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သော ဆွစ်ဇာလန်မှ စာရင်းစစ်နှင့်အကြံပေးကုမဏီ PricewaterhouseCoopers (PwC)က ကြီးကြပ်စောင့်ကြည့်စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်”လို့ ဖီဖာက ကြေညာချက်ထုတ် ကာကွယ်လိုက်ပါတယ်။ဒါ့အပြင် ဖီဖာအမှုဆောင်အဖွဲ့ဟာ မဲရေတွက်မှု၊စိစစ်ရွေးချယ်မှုနဲပတ်သက်တဲ့ သက်သေအထောက်အထားအားလုံးကိုတင်သွင်းဖို့ တောင်းခံထားတယ်လို့လည်း ဖော်ပြထားပါတယ်။ဒါပေမဲ့ စည်းမျဉ်းဥပဒေအရတော့ မဲစာရွက်ပေါ်မှာ သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့လက်မှတ်အပြင် အဲဒီနိုင်ငံကဘောလုံးအဖွဲ့ချုပ်ရဲ့တံဆိပ်တုံးပါရှိရမယ်လို့ ရေးသားထားပါတယ်။ဖီဖာနဲ့စောင့်ကြည့်လေ့လာသူအဖွဲ့ကတော့ ရလဒ်တွေမှန်ကန်တယ်ဆိုတာ သက်သေပြနိုင်ကြောင်း၊တကယ်လို့အမှားအယွင်း တစ်စုံတရာရှိခဲ့ရင်လည်း စုံစမ်းစစ်ဆေးပြီး လိုအပ်တဲ့အရေးယူမှုတွေလုပ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။