မဲခွဲပွဲမတိုင်ကတည်းက အုပ်စုအနေအထားကို သိနေရလို့ ဒီဘရိုင်း ပေါက်ကွဲ

Photo Credit

Photo Credit

ဘယ်လ်ဂျီယံအသင်းကွင်းလယ်လူ ဒီဘရိုင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ကို ပြင်းထန်စွာဝေဖန်လိုက်ပြီး လက်ရှိယူရိုပြိုင်ပွဲကျင်းပတဲ့ပုံစံက ရှက်စရာကောင်းကြောင်း တိုက်ခိုက်လိုက်ပါတယ်။

Photo Credit

ယူရို ၂၀၂၀ ခြေစစ်ပွဲအစောပိုင်းပွဲတွေ ပြီးဆုံးသွားပြီးနောက် ဘယ်လ်ဂျီယံအသင်းဟာ မဲခွဲပွဲမတိုင်ခင်မှာပဲ ဘယ်အုပ်စုထဲကျမလဲဆိုတာ သိနေခဲ့ပြီး အိမ်ရှင်နဲ့ နိုင်ခြေအဆင့်သတ်မှတ်ချက်တို့ကြောင့် ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ အုပ်စု B မှာ ဒိန်းမတ်၊ ရုရှား၊ ဖင်လန်(သို့)ဝေးလ်တစ်သင်းသင်းနဲ့ ကျရောက်နေပါတယ်။

Photo Credit

ခြေစစ်ပွဲမှာ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့ မာတီနက်ဇ်ရဲ့အသင်းဟာ အင်္ဂလန်၊ အီတလီ၊ ဂျာမနီ၊ စပိန်၊ ယူကရိန်းတို့နဲ့အတူ နိုင်ခြေအဆင့် ၁ သတ်မှတ်ခံခဲ့ရပေမယ့် အဲဒီအသင်းတွေထဲက ၄သင်းက အိမ်ရှင်တွေဖြစ်သလို အိမ်ရှင်တွေအားလုံးကို ခွဲထားလို့ ဘယ်လ်ဂျီယံလည်း ကျန်အိမ်ရှင် ၂သင်းနဲ့ တစ်အုပ်စုတည်းကျရောက်သွားပါတယ်။

Photo Credit

ဒါပေမဲ့ ရုရှားနဲ့ ယူကရိန်းတို့က နိုင်ငံရေးအရတင်းမာနေလို့ သူတို့နှစ်သင်းကို တစ်အုပ်စုတည်းထားလို့မရတာကြောင့် ဘယ်လ်ဂျီယံလည်း နောက်ထပ်နိုင်ခြေအဆင့် ၁အသင်းနဲ့ တစ်အုပ်စုတည်းကျရောက်မှာမဟုတ်ပါဘူး။

Photo Credit

ယူရို ၂၀၂၀ ပြိုင်ပွဲကို လာမယ့်နွေရာသီအတွင်း ဥရောပအနှံ့ မြို့ကြီး ၁၂မြို့မှာ ကျင်းပမှာဖြစ်ပြီး အိမ်ရှင်တွေထဲက ခြေစစ်ပွဲအောင်အသင်းတွေကို တွဲထားရာ ဘယ်လ်ဂျီယံလည်း ကိုပင်ဟေဂင်မှာ အိမ်ရှင်ဒိန်းမတ်၊ ပြီးခဲ့တဲ့အပတ်က ဂိုးပြတ်အနိုင်ရခဲ့တဲ့ စိန့်ပီတာစဘတ်မှာ အိမ်ရှင်ရုရှားတို့နဲ့ အသီးသီးကစားရမှာဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ စီးတီးကြယ်ပွင့် ဒီဘရိုင်းကတော့ နိုဝင်ဘာလ ၃၀ရက်နေ့မှာ ပြုလုပ်မယ့် အုပ်စုမဲခွဲပွဲမတိုင်ခင် ဘယ်အသင်းနဲ့ကျမလဲဆိုတာ အစောကြီးကတည်းက ကြိုသိနေခြင်းအပေါ် မပျော်မရွှင်ဖြစ်နေပါတယ်။

Photo Credit

”ဒါက သိပ်ကိုရှက်စရာကောင်းပါတယ်။ ကျွန်တော့်အတွက်တော့ ဒီပြိုင်ပွဲက လိုရာဆွဲလုပ်နေတဲ့ပြိုင်ပွဲလို့မြင်ပါတယ်။ ဘောလုံးအားကစားနည်းက တစ်ဖြည်းဖြည်းစီးပွားရေးပိုဆန်လာပါပြီ”လို့ ဒီဘရိုင်းက ဝေဖန်ပါတယ်။

Photo Credit

ယူရို ၂၀၂၀ အုပ်စုမဲခွဲမှုများ
အုပ်စု (A) ရောမ/ဘာကူ(အဇာဘိုင်ဂျန်)
အီတလီ (Pot 1)
ပြင်သစ်/ပိုလန်/ဆွစ်ဇာလန်/ခရိုအေးရှား (Pot 2)
ပေါ်တူဂီ/တူရကီ/သြစတြီးယား/ဆွီဒင်/ချက် (Pot 3)
ဝေးလ်(သို့)ဖင်လန် (Pot 4)

Photo Credit

အုပ်စု (B) စိန့်ပီတာစဘတ်/ကိုပင်ဟေဂင်
ဘယ်လ်ဂျီယံ (Pot 1)
ရုရှား (Pot 2)
ဒိန်းမတ် (Pot 3)
ဝေးလ် သို့ ဖင်လန် (Pot 4)

Photo Credit

အုပ်စု (C) အမ်စတာဒမ်/ဘူချာရက်စ်(ဘူလ်ဂေးရီးယား)
ယူကရိန်း (Pot 1)
နယ်သာလန် (Pot 2)
ပေါ်တူဂီ/တူရကီ/သြစတြီးယား/ဆွီဒင်/ချက် (Pot 3)
Play-off မှအနိုင်ရအသင်း(A, C or D)

Photo Credit

အုပ်စု(D) လန်ဒန်/ဂလပ်စဂို(စကော့တလန်)
အင်္ဂလန် (Pot 1)
ပြင်သစ်/ပိုလန်/ဆွစ်ဇာလန်/ခရိုအေးရှား (Pot 2)
ပေါ်တူဂီ/တူရကီ/သြစတြီးယား/ဆွီဒင်/ချက် (Pot 3)
Play-off မှအနိုင်ရအသင်း(C or D)

Photo Credit

အုပ်စု (E) ဘီလ်ဘာအို/ဒဗ္ဗလင်(အိုင်ယာလန်)
စပိန် (Pot 1)
ပြင်သစ်/ပိုလန်/ဆွစ်ဇာလန်/ခရိုအေးရှား (Pot 2)
ပေါ်တူဂီ/တူရကီ/သြစတြီးယား/ဆွီဒင်/ချက် (Pot 3)
Play-off မှအနိုင်ရအသင်း(B)

Photo Credit

အုပ်စု (F) မြူးနစ်/ ဘူဒါပက်စ်(ဟန်ဂေရီ)
ဂျာမနီ (Pot 1)
ပြင်သစ်/ပိုလန်/ဆွစ်ဇာလန်/ခရိုအေးရှား (Pot 2)
ပေါ်တူဂီ/တူရကီ/သြစတြီးယား/ဆွီဒင်/ချက် (Pot 3)
Play-off မှအနိုင်ရအသင်း(A, C or D)

Photo Credit

Zawgyi

မဲခြဲပြဲမတုိင္ကတည္းက အုပ္စုအေနအထားကို သိေနရလုိ႔ ဒီဘ႐ိုင္း ေပါက္ကြဲ

ဘယ္လ္ဂ်ီယံအသင္းကြင္းလယ္လူ ဒီဘ႐ိုင္းဟာ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(ယူအီးအက္ဖ္ေအ)ကို ျပင္းထန္စြာေ၀ဖန္ လုိက္ၿပီး လက္ရွိယူ႐ိုၿပိဳင္ပြဲက်င္းပတဲ့ပုံစံက ရွက္စရာေကာင္းေၾကာင္း တုိက္ခုိက္လုိက္ပါတယ္။ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲအေစာပိုင္းပြဲေတြ ၿပီးဆုံးသြားၿပီးေနာက္ ဘယ္လ္ဂ်ီယံအသင္းဟာ မဲခြဲပြဲမတုိင္ခင္မွာပဲ ဘယ္အုပ္စုထဲက်မလဲ ဆုိတာ သိေနခဲ့ၿပီး အိမ္ရွင္နဲ႔ ႏိုင္ေျခအဆင့္သတ္မွတ္ခ်က္တုိ႔ေၾကာင့္ ယူ႐ို ၂၀၂၀ၿပိဳင္ပြဲရဲ႕ အုပ္စု B မွာ ဒိန္းမတ္၊ ႐ုရွား၊ ဖင္လန္(သို႔)ေ၀းလ္တစ္သင္းသင္းနဲ႔ က်ေရာက္ေနပါတယ္။ ေျခစစ္ပဲြမွာ ရာႏႈန္းျပည့္အႏိုင္ရခဲ့တဲ့ မာတီနက္ဇ္ရဲ႕ အသင္း ဟာ အဂၤလန္၊ အီတလီ၊ ဂ်ာမနီ၊ စပိန္၊ ယူကရိန္းတို႔နဲ႔အတူ ႏိုင္ေျခအဆင့္ ၁ သတ္မွတ္ခံခဲ့ရေပမယ့္ အဲဒီအသင္းေတြ ထဲက ၄သင္းက အိမ္ရွင္ေတြျဖစ္သလို အိမ္ရွင္ေတြအားလုံးကို ခြဲထားလုိ႔ ဘယ္လ္ဂ်ီယံလည္း က်န္အိမ္ရွင္ ၂သင္းနဲ႔ တစ္အုပ္စုတည္းက်ေရာက္သြားပါတယ္။

ဒါေပမဲ့ ႐ုရွားနဲ႔ ယူကရိန္းတုိ႔က ႏိုင္ငံေရးအရတင္းမာေနလုိ႔ သူတုိ႔ႏွစ္သင္းကို တစ္အုပ္စုတည္းထားလုိ႔မရတာေၾကာင့္ ဘယ္လ္ဂ်ီယံလည္း ေနာက္ထပ္ႏိုင္ေျခအဆင့္ ၁အသင္းနဲ႔ တစ္အုပ္စုတည္းက်ေရာက္မွာမဟုတ္ပါဘူး။ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကို လာမယ့္ေႏြရာသီအတြင္း ဥေရာပအႏွံ႔ ၿမိဳ႕ႀကီး ၁၂ၿမိဳ႕မွာ က်င္းပမွာျဖစ္ၿပီး အိမ္ရွင္ေတြထဲက ေျခစစ္ပဲြေအာင္ အသင္းေတြကို တြဲထားရာ ဘယ္လ္ဂ်ီယံလည္း ကုိပင္ေဟဂင္မွာ အိမ္ရွင္ဒိန္းမတ္၊ ၿပီးခဲ့တဲ့အပတ္က ဂိုးျပတ္အႏိုင္ရခဲ့တဲ့ စိန္႔ပီတာစဘတ္မွာ အိမ္ရွင္႐ုရွားတို႔နဲ႔ အသီးသီးကစားရမွာျဖစ္ပါတယ္။ ဒါေပမဲ့ စီးတီးၾကယ္ပြင့္ ဒီဘ႐ိုင္းကေတာ့ ႏို၀င္ဘာလ ၃၀ရက္ေန႔မွာ ျပဳလုပ္မယ့္ အုပ္စုမဲခြဲပဲြမတုိင္ခင္ ဘယ္အသင္းနဲ႔က်မလဲဆုိတာ အေစာႀကီးကတည္းက ႀကိဳသိ ေနျခင္းအေပၚ မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။

”ဒါက သိပ္ကုိရွက္စရာေကာင္းပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ ဒီၿပိဳင္ပဲြက လုိရာဆဲြလုပ္ေနတဲ့ၿပိဳင္ပဲြလုိ႔ျမင္ပါတယ္။ ေဘာလုံးအားကစားနည္းက တစ္ျဖည္းျဖည္းစီးပြားေရးပိုဆန္လာပါၿပီ”လုိ႔ ဒီဘ႐ိုင္းက ေ၀ဖန္ပါတယ္။
ယူ႐ို ၂၀၂၀ အုပ္စုမဲခြဲမႈမ်ား
အုပ္စု (A) ေရာမ/ဘာကူ(အဇာဘုိင္ဂ်န္)

အီတလီ (Pot 1)

ျပင္သစ္/ပိုလန္/ဆြစ္ဇာလန္/ခ႐ိုေအးရွား (Pot 2)

ေပၚတူဂီ/တူရကီ/ၾသစႀတီးယား/ဆြီဒင္/ခ်က္ (Pot 3)

ေ၀းလ္(သုိ႔)ဖင္လန္ (Pot 4)

အုပ္စု (B) စိန္႔ပီတာစဘတ္/ကုိပင္ေဟဂင္

ဘယ္လ္ဂ်ီယံ (Pot 1)

႐ုရွား (Pot 2)

ဒိန္းမတ္ (Pot 3)

ေ၀းလ္ သုိ႔ ဖင္လန္ (Pot 4)

 

အုပ္စု (C) အမ္စတာဒမ္/ဘူခ်ာရက္စ္(ဘူလ္ေဂးရီးယား)

ယူကရိန္း (Pot 1)

နယ္သာလန္ (Pot 2)

ေပၚတူဂီ/တူရကီ/ၾသစႀတီးယား/ဆြီဒင္/ခ်က္ (Pot 3)

Play-off မွအႏိုင္ရအသင္း(A, C or D)

အုပ္စု(D) လန္ဒန္/ဂလပ္စဂို(စေကာ့တလန္)

အဂၤလန္ (Pot 1)

ျပင္သစ္/ပိုလန္/ဆြစ္ဇာလန္/ခ႐ိုေအးရွား (Pot 2)

ေပၚတူဂီ/တူရကီ/ၾသစႀတီးယား/ဆြီဒင္/ခ်က္ (Pot 3)

Play-off မွအႏိုင္ရအသင္း(C or D)

အုပ္စု (E) ဘီလ္ဘာအုိ/ဒဗၺလင္(အုိင္ယာလန္)

စပိန္ (Pot 1)

ျပင္သစ္/ပိုလန္/ဆြစ္ဇာလန္/ခ႐ိုေအးရွား (Pot 2)

ေပၚတူဂီ/တူရကီ/ၾသစႀတီးယား/ဆြီဒင္/ခ်က္ (Pot 3)

Play-off မွအႏိုင္ရအသင္း(B)

အုပ္စု (F) ျမဴးနစ္/ ဘူဒါပက္စ္(ဟန္ေဂရီ)

ဂ်ာမနီ (Pot 1)

ျပင္သစ္/ပိုလန္/ဆြစ္ဇာလန္/ခ႐ိုေအးရွား (Pot 2)

ေပၚတူဂီ/တူရကီ/ၾသစႀတီးယား/ဆြီဒင္/ခ်က္ (Pot 3)

Play-off မွအႏိုင္ရအသင္း(A, C or D)