မေးခွန်းထုတ်တဲ့မက်ဆီကို ကျေနပ်စေခဲ့သူ အယ်မီဘွမ်ဒီယာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနှစ်ဘောလုံးရာသီ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ နောဝစ်ချ်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား အယ်မီဘွမ်ဒီယာကို ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်တဲ့ မက်ဆီက လွယ်မယောင်နဲ့ခက်တဲ့မေးခွန်းမေးခဲ့ပါတယ်။

ဘွမ်ဒီယာဟာ ဒီနှစ်ရာသီမှာ နောဝစ်ချ်အသင်းအတွက် သွင်းဂိုး(၁၄)ဂိုး သွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှုမှာလည်း (၁၇)ကြိမ် လုပ်ဆောင်ထားခဲ့ကာ

နောဝစ်ချ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ လိဂ်ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

အယ်မီဘွမ်ဒီယာအတွက်တော့ မက်ဆီဟာ စံထားရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

မက်ဆီက အယ်မီဘွမ်ဒီယာကို စပိန်နဲ့ အာဂျင်တီးနား ဘယ်နိုင်ငံလက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး ပါဝင်ကစားချင်လဲလို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား ဘွမ်ဒီယာဟာ စပိန်ယူ-၁၉အသင်းမှာ ပါဝင်ကစားခဲ့ဖူးသလို အာဂျင်တီးနားယူ-၂ဝအသင်းမှာလည်း ပါဝင်ကစားခဲ့ဖူးတာဖြစ်ပါတယ်။

ဒါကြောင့် သူ့အနေနဲ့ စီနီယာလက်ရွေးစင်အသင်း ရွေးချယ်တဲ့နေရာမှာ စပိန်အတွက်ရော အာဂျင်တီးနားအတွက်ကိုပါ ရွေးချယ်နိုင်တဲ့ အခွင့်အရေးမျိုးကို ရရှိနေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း အာဂျင်တီးနားကြယ်ပွင့် မက်ဆီက ဘွမ်ဒီယာအနေနဲ့ ဘယ်လက်ရွေးစင်အသင်းကို ရွေးချယ်သွားမလဲလို့ မေးခွန်းထုတ်ခဲ့တာပါ။

ဘွမ်ဒီယာကလည်း မေးသူကျေနပ်စေမယ့် အဖြေမျိုးပြန်ပေးနိုင်ခဲ့ပါတယ်။

မက်ဆီနဲ့ တွဲဆော့ချင်တာကြောင့် အာဂျင်တီးနားအသင်းကိုသာ ရွေးချယ်မယ်လို့ဘွမ်ဒီယာက ပြန်လည်ဖြေဆိုခဲ့ပါတယ်။ဘွမ်ဒီယာက “ကျွန်တော်က မက်ဆီနဲ့ တွဲဖက်ကစားချင်နေတာပါ။

ဒါက ကျွန်တော်အမြဲတမ်း မက်ခွင့်ရချင်တဲ့ အိပ်မက်တစ်ခုပါပဲ။

ဒီနှစ်အတွက် အဓိကရည်ရွယ်ချက်က ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တက်လှမ်းနိုင်ဖို့ပါ။”

“ဘောလုံးသမားတိုင်းကတော့ သူ့ရဲ့နိုင်ငံလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးချင်ကြတာပဲ။

အဲဒီကိစ္စကတော့ ကျွန်တော့်အတွက် ထူးခြားတဲ့အရာတစ်ခုပါ။”လို့ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေမးခြန္းထုတ္တဲ့မက္ဆီကို ေက်နပ္ေစခဲ့သူ အယ္မီဘြမ္ဒီယာ

ဒီႏွစ္ေဘာလုံးရာသီ လိဂ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ေနာဝစ္ခ်္အသင္းအတြက္ အေတာ္ေလးကို ေျခစြမ္းျပနိုင္ခဲ့တဲ့ ကြင္းလယ္ကစားသမား အယ္မီဘြမ္ဒီယာကို ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္တဲ့ မက္ဆီက လြယ္မေယာင္နဲ႔ခက္တဲ့ေမးခြန္းေမးခဲ့ပါတယ္။

ဘြမ္ဒီယာဟာ ဒီႏွစ္ရာသီမွာ ေနာဝစ္ခ်္အသင္းအတြက္ သြင္းဂိုး(၁၄)ဂိုး သြင္းယူထားခဲ့ၿပီး ဂိုးဖန္တီးမွုမွာလည္း (၁၇)ႀကိမ္ လုပ္ေဆာင္ထားခဲ့ကာ ေနာဝစ္ခ်္အသင္းရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုနဲ႔ လိဂ္ခ်န္ပီယံရွစ္ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုတို့ကို ပိုင္ဆိုင္ထားနိုင္ခဲ့ပါတယ္။

အယ္မီဘြမ္ဒီယာအတြက္ေတာ့ မက္ဆီဟာ စံထားရတဲ့ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။

မက္ဆီက အယ္မီဘြမ္ဒီယာကို စပိန္နဲ႔ အာဂ်င္တီးနား ဘယ္နိုင္ငံလက္ေရြးစင္အသင္းကို ကိုယ္စားျပဳၿပီး ပါဝင္ကစားခ်င္လဲလို့ ေမးျမန္းခဲ့တာျဖစ္ပါတယ္။

အသက္(၂၄)ႏွစ္အရြယ္ရွိ ကြင္းလယ္တိုက္စစ္ကစားသမား ဘြမ္ဒီယာဟာ စပိန္ယူ-၁၉အသင္းမွာ ပါဝင္ကစားခဲ့ဖူးသလို အာဂ်င္တီးနားယူ-၂ဝအသင္းမွာလည္း ပါဝင္ကစားခဲ့ဖူးတာျဖစ္ပါတယ္။

ဒါေၾကာင့္ သူ႔အေနနဲ႔ စီနီယာလက္ေရြးစင္အသင္း ေရြးခ်ယ္တဲ့ေနရာမွာ စပိန္အတြက္ေရာ အာဂ်င္တီးနားအတြက္ကိုပါ ေရြးခ်ယ္နိုင္တဲ့ အခြင့္အေရးမ်ိဳးကို ရရွိေနတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အာဂ်င္တီးနားၾကယ္ပြင့္ မက္ဆီက ဘြမ္ဒီယာအေနနဲ႔ ဘယ္လက္ေရြးစင္အသင္းကို ေရြးခ်ယ္သြားမလဲလို့ ေမးခြန္းထုတ္ခဲ့တာပါ။ ဘြမ္ဒီယာကလည္း ေမးသူေက်နပ္ေစမယ့္ အေျဖမ်ဳိးျပန္ေပးႏိုင္ခဲ့ပါတယ္။

မက္ဆီနဲ႔ တြဲေဆာ့ခ်င္တာေၾကာင့္ အာဂ်င္တီးနားအသင္းကိုသာ ေရြးခ်ယ္မယ္လို့ဘြမ္ဒီယာက ျပန္လည္ေျဖဆိုခဲ့ပါတယ္။

ဘြမ္ဒီယာက “ကၽြန္ေတာ္က မက္ဆီနဲ႔ တြဲဖက္ကစားခ်င္ေနတာပါ။ ဒါက ကၽြန္ေတာ္အျမဲတမ္း မက္ခြင့္ရခ်င္တဲ့ အိပ္မက္တစ္ခုပါပဲ။ ဒီႏွစ္အတြက္ အဓိကရည္ရြယ္ခ်က္က ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီကို ျပန္လည္တက္လွမ္းနိုင္ဖို့ပါ။”

“ေဘာလုံးသမားတိုင္းကေတာ့ သူ႔ရဲ့နိုင္ငံလက္ေရြးစင္အသင္းအတြက္ ပါဝင္ကစားေပးခ်င္ၾကတာပဲ။ အဲဒီကိစၥကေတာ့ ကၽြန္ေတာ့္အတြက္ ထူးျခားတဲ့အရာတစ္ခုပါ။”လို႔ေျပာဆုိပါတယ္။