
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နည်းပြ မော်ရင်ဟိုရဲ့ ရိုးမားအသင်းကတော့ စီးရီးအေအဖွင့်ပွဲစဉ်မှာ ဖီအိုရင်တီးနားကို (၃-၁) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အဖွင့်လှခဲ့ပါတယ်။
ရိုးမား အတွက် ဂိုးတွေကို မစ်ခီတာရီယန်(၂၆ မိနစ်)၊ ဗယ်ရီတူ(၆၄၊ ၇၉ မိနစ်)တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး၊ ဖီအိုရင်တီးနား အတွက် ဂိုးကိုတော့ မီလန်ကိုဗစ်(၆၀ မိနစ်)က သွင်းပေးခဲ့တာပါ။
မော်ရင်ဟိုဟာ အသင်းဟောင်း ချဲလ်ဆီးကနေ ခေါ်ယူထားခဲ့တဲ့ အေဘရာဟမ်ကို ထည့်သွင်းကစားခဲ့ပြီး တိုက်စစ်ကို ဦးဆောင်ကစားစေခဲ့ပါတယ်။
မစ်ခီတာရီယန်နဲ့ ဗယ်ရီတူတို့ရဲ့ဂိုးတွေ မှာလည်း အေဘရာဟမ်ဟာ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
အေဘရာဟမ်တစ်ယောက် ခြေစွမ်းပြ ပြီး ၂ ဂိုး ဖန်တီးပေးခဲ့တာကြောင့် ပရိသတ်တွေ ရဲ့ မတ်တပ်ရပ် လက်ခုပ်တီး ဂုဏ်ပြုမှု ကို ရရှိ ခဲ့တယ်လို့ သိရ ပါတယ်။
ဒါပေမယ့် ပွဲကစားချိန် (၆၉) မိနစ်မှာတော့ အေဘရာဟမ်ဟာ ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်။
တစ်ဖက်မှာတော့ ဖီအိုရင်တီးနားဂိုးသမား ဒရာဂိုစကီးက ၁၇ မိနစ်တွင် တိုက်ရိုက်အနီနှင့် ရိုးမားကွင်းလယ်တိုက်စစ်ကစားသမား ဇာနီယိုလိုက ၅၂ မိနစ်တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရပါတယ်။
ရိုးမားအသင်းဟာ ချဲလ်ဆီးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို ပေါင် (၃၄)သန်း(ယူရို သန်း ၄၀)ဖြင့် ခေါ်ယူကာ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။
ရိုးမားနည်းပြ မော်ရင်ဟိုက အင်တာမီလန်အသင်းသို့ ထွက်ခွာသွားတဲ့ ဂျက်ကို၏နေရာတွင် အေဘရာဟမ်ကို အစားထိုးကာ၊ အေဘရာဟမ်ကလည်း ရိုးမားအသင်းကို ဆုဖလားရရှိအောင် ကူညီပေးသွားမယ်လို့ ပြောဆိုထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ေမာ္ရင္ဟို လက္ေအာက္က ေအဘရာဟမ္ အစြမ္းျပတဲ့ပြဲ
နည္းျပ ေမာ္ရင္ဟိုရဲ႕ ႐ိုးမားအသင္းကေတာ့ စီးရီးေအအဖြင့္ပြဲစဥ္မွာ ဖီအိုရင္တီးနားကို (၃-၁) ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး အဖြင့္လွခဲ့ပါတယ္။႐ိုးမား အတြက္ ဂိုးေတြကို မစ္ခီတာရီယန္(၂၆ မိနစ္)၊ ဗယ္ရီတူ(၆၄၊ ၇၉ မိနစ္)တို႔က သြင္းယူေပးခဲ့တာျဖစ္ၿပီး၊ ဖီအိုရင္တီးနား အတြက္ ဂိုးကိုေတာ့ မီလန္ကိုဗစ္(၆၀ မိနစ္)က သြင္းေပးခဲ့တာပါ။
ေမာ္ရင္ဟိုဟာ အသင္းေဟာင္း ခ်ဲလ္ဆီးကေန ေခၚယူထားခဲ့တဲ့ ေအဘရာဟမ္ကို ထည့္သြင္းကစားခဲ့ၿပီး တိုက္စစ္ကို ဦးေဆာင္ကစားေစခဲ့ပါတယ္။ မစ္ခီတာရီယန္နဲ႔ ဗယ္ရီတူတို႔ရဲ႕ဂိုးေတြ မွာလည္း ေအဘရာဟမ္ဟာ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ႏိုင္ခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ေအဘရာဟမ္တစ္ေယာက္ ေျခစြမ္းျပ ၿပီး ၂ ဂိုး ဖန္တီးေပးခဲ့တာေၾကာင့္ ပရိသတ္ေတြ ရဲ႕ မတ္တပ္ရပ္ လက္ခုပ္တီး ဂုဏ္ျပဳမႈ ကို ရရွိ ခဲ့တယ္လို႔ သိရ ပါတယ္ ။
ဒါေပမယ့္ ပြဲကစားခ်ိန္ (၆၉) မိနစ္မွာေတာ့ ေအဘရာဟမ္ဟာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ လူစားလဲခဲ့ရပါတယ္။တစ္ဖက္မွာေတာ့ ဖီအိုရင္တီးနားဂိုးသမား ဒရာဂိုစကီးက ၁၇ မိနစ္တြင္ တိုက္႐ိုက္အနီႏွင့္ ႐ိုးမားကြင္းလယ္တိုက္စစ္ကစားသမား ဇာနီယိုလိုက ၅၂ မိနစ္တြင္ ႏွစ္ဝါတစ္နီျဖင့္ ထုတ္ပယ္ခံရပါတယ္။
႐ိုးမားအသင္းဟာ ခ်ဲလ္ဆီးအသင္းမွ အဂၤလန္တိုက္စစ္မႉး ေအဘရာဟမ္ကို ေပါင္ (၃၄)သန္း(ယူ႐ို သန္း ၄၀)ျဖင့္ ေခၚယူကာ (၅)ႏွစ္သက္တမ္းရွိ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့တာပါ။
႐ိုးမားနည္းျပ ေမာ္ရင္ဟိုက အင္တာမီလန္အသင္းသို႔ ထြက္ခြာသြားတဲ့ ဂ်က္ကို၏ေနရာတြင္ ေအဘရာဟမ္ကို အစားထိုးကာ၊ ေအဘရာဟမ္ကလည္း ႐ိုးမားအသင္းကို ဆုဖလားရရွိေအာင္ ကူညီေပးသြားမယ္လို႔ ေျပာဆိုထားပါတယ္။