မော်ရင်ဟို ပါဝင်ကပြနိုင်တဲ့ နောက်ထပ်ဘောလုံးဇာတ်ထုပ် တစ်ထုပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ရက်ပိုင်းကမှ စပါးအသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ မော်ရင်ဟိုဟာ လက်ရှိမှာ အသင်းလက်မဲ့ အခြေအနေကို ရောက်သွားခဲ့ရပေမယ့် သူ့အနေနဲ့ကတော့ အနားယူစရာ မလိုအပ်ဘဲ ဘောလုံးနယ်ပယ်ထဲကို အနှေးနဲ့အမြန် ပြန်လည်ဝင်ရောက်လာမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

အခုအခါမှာလည်း မော်ရင်ဟို နည်းပြအဖြစ်တာဝန်ယူနိုင်တဲ့ အသင်းတွေအကြောင်း သတင်းတွေထွက်ထားပါတယ်။ မော်ရင်ဟိုတစ်ယောက် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းနဲ့ သတင်းထွက်လာခဲ့ပါတယ်။

နေးလ်လန်နွန်နဲ့ လမ်းခွဲထားခဲ့တဲ့ ဆဲလ်တစ်အသင်းဟာ လက်ရှိမှာတော့ အသင်းရဲ့ကစားသမားဟောင်းဖြစ်သူ ဂျွန်ကနေဒီကို အသင်းရဲ့ ယာယီနည်းပြအဖြစ် ဒီနှစ်ဘောလုံးရာသီကုန်ဆုံးချိန်အထိ တာဝန်ပေးထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်မော်ရင်ဟိုဟာအသင်းဟောင်းပေါ်တိုအသင်းကိုပြန်သွားဖို့သတင်းတွေထွက်ပေါ်နေသလို ဆဲလ်တစ်အသင်းနည်းပြရာထူးကိုမရယူဖြစ်ခဲ့ရင်အင်္ဂလန်အသင်းနည်းပြဂါရတ်ဆောက်ဂိတ်ရဲ့နေရာကိုရယူနိုင်မယ်လို့သတင်းကြီးနေတာလည်း ဖြစ်ပါတယ်။

ဆဲလ်တစ်အသင်းဟာ လတ်တလောမှာ မော်ရင်ဟိုနဲ့ သတင်းထွက်နေပေမယ့် မော်ရင်ဟိုရဲ့ လုပ်ခလစာ မြင့်မားလွန်းမှုကြောင့် အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့က သိပ်တော့ မလွယ်ကူတဲ့ အနေအထားပါ။ ပေါ်တို ၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်နဲ့ စပါးတို့လိုအသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုကိုတာဝန်ပေးချင်တဲ့ အသင်းတွေကရှိပါတယ်။ အရေးကြီးတာ ငွေကြေးကိစ္စပါပဲ။

တစ်ဖက်မှာ စပါးအသင်းကတော့ လက်ရှိမှာ သူတို့အသင်းကို ဦးဆောင်နိုင်မယ့် နည်းပြကောင်း တစ်ဦးကို ရှာဖွေနေပြီး လိုက်ပ်ဇက်အသင်းရဲ့ နည်းပြ နစ်ဂယ်စမန်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်း ဆာရီတို့ဟာ စပါးအသင်းနဲ့ နာမည်ထွက်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမာ္ရင္ဟို ပါ၀င္ကျပႏိုင္တဲ့ ေနာက္ထပ္ေဘာလုံးဇာတ္ထုပ္ တစ္ထုပ္

ၿပီးခဲ့တဲ့ရက္ပိုင္းကမွ စပါးအသင္းကေန ထုတ္ပယ္ခံလိုက္ရတဲ့ နည္းျပ ေမာ္ရင္ဟိုဟာ လက္ရွိမွာ အသင္းလက္မဲ့ အေျခအေနကို ေရာက္သြားခဲ့ရေပမယ့္ သူ႔အေနနဲ႔ကေတာ့ အနားယူစရာ မလိုအပ္ဘဲ ေဘာလုံးနယ္ပယ္ထဲကို အေႏွးနဲ႔အျမန္ ျပန္လည္ဝင္ေရာက္လာမွာျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။

အခုအခါမွာလည္း ေမာ္ရင္ဟို နည္းျပအျဖစ္တာ၀န္ယူႏိုင္တဲ့ အသင္းေတြအေၾကာင္း သတင္းေတြထြက္ထားပါတယ္။ ေမာ္ရင္ဟိုတစ္ေယာက္ စေကာ့တလန္ကလပ္ ဆဲလ္တစ္အသင္းနဲ႔ သတင္းထြက္လာခဲ့ပါတယ္။

ေနးလ္လန္ႏြန္နဲ႔ လမ္းခြဲထားခဲ့တဲ့ ဆဲလ္တစ္အသင္းဟာ လက္ရွိမွာေတာ့ အသင္းရဲ့ကစားသမားေဟာင္းျဖစ္သူ ဂၽြန္ကေနဒီကို အသင္းရဲ့ ယာယီနည္းျပအျဖစ္ ဒီႏွစ္ေဘာလုံးရာသီကုန္ဆုံးခ်ိန္အထိ တာဝန္ေပးထားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ေမာ္ရင္ဟိုဟာအသင္းေဟာင္းေပၚတိုအသင္းကိုျပန္သြားဖို့သတင္းေတြထြက္ေပၚေနသလို ဆဲလ္တစ္အသင္းနည္းျပရာထူးကိုမရယူျဖစ္ခဲ့ရင္အဂၤလန္အသင္းနည္းျပဂါရတ္ေဆာက္ဂိတ္ရဲ့ေနရာကိုရယူနိုင္မယ္လို့သတင္းႀကီးေနတာလည္း ျဖစ္ပါတယ္။

ဆဲလ္တစ္အသင္းဟာ လတ္တေလာမွာ ေမာ္ရင္ဟိုနဲ႔ သတင္းထြက္ေနေပမယ့္ ေမာ္ရင္ဟိုရဲ့ လုပ္ခလစာ ျမင့္မားလြန္းမွုေၾကာင့္ အသင္းနည္းျပအျဖစ္ ခန႔္အပ္ဖို့က သိပ္ေတာ့ မလြယ္ကူတဲ့ အေနအထားပါ။ ေပၚတို ၊ ခ်ယ္လ္ဆီး၊ အင္တာမီလန္၊ ရီးရဲလ္မက္ဒရစ္၊ ယူနိုက္တက္နဲ႔ စပါးတို့လိုအသင္းေတြကို ကိုင္တြယ္ခဲ့တဲ့ ေမာ္ရင္ဟိုကိုတာ၀န္ေပးခ်င္တဲ့ အသင္းေတြကရိွပါတယ္။ အေရးႀကီးတာ ေငြေၾကးကိစၥပါပဲ။

တစ္ဖက္မွာ စပါးအသင္းကေတာ့ လက္ရွိမွာ သူတို့အသင္းကို ဦးေဆာင္နိုင္မယ့္ နည္းျပေကာင္း တစ္ဦးကို ရွာေဖြေနၿပီး လိုက္ပ္ဇက္အသင္းရဲ့ နည္းျပ နစ္ဂယ္စမန္းနဲ႔ ခ်ယ္လ္ဆီးအသင္းရဲ့ နည္းျပေဟာင္း ဆာရီတို့ဟာ စပါးအသင္းနဲ႔ နာမည္ထြက္ေနၾကပါတယ္။