မော်ရင်ဟို ခန့်မှန်းလိုက်တဲ့ ယူရိုပွဲ ကွာတားဖိုင်နယ်လေးပွဲမှာ အနိုင်ရမယ့် အသင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို ၂၀၂၀ ရဲ့ ကွာတားဖိုင်နယ် ပွဲစဉ် တွေကတော့ ဒီကနေ့ညမှာ ပြန်လည် စတင်တော့မှာ ဖြစ်ပြီး ပထမဦးဆုံး ပွဲစဉ် အဖြစ် ဆွစ်ဇာလန် အသင်း နဲ့ စပိန် အသင်း တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အဲဒီ နောက်မှာတော့ ကွာတားဖိုင်နယ် ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ဘယ်လ်ဂျီယံ နဲ့ အီတလီ တို့ ကစားရမှာ ဖြစ်ပြီး နှစ်သင်းစလုံးဟာ ဗိုလ်စွဲဖို့ ရေပန်းစားနေကြတဲ့ အသင်းတွေ ဖြစ်တာကြောင့် ကြည့်ကောင်းမယ့် ပွဲတစ်ပွဲပါ။

တတိယမြောက် ပွဲစဉ် ကတော့ ချက် နဲ့ ဒိန်းမတ် ကစားရမှာ ဖြစ်ပါတယ်။

နောက်တစ်ပွဲကတော့ နာမည်ကြီး အင်္ဂလန် နဲ့ ၁၆ သင်း ရှုံးထွက် အဆင့်ကို ပထမဆုံး ကျော်ဖြတ် နိုင်ခဲ့တဲ့ ယူကရိန်း တို့ ကစားသွားကြမှာပါ။

လေကန်ဝေဖန်တတ်တဲ့ မော်ရင်ဟိုက ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် လေးပွဲကနေ ဘယ်အသင်းတွေ အနိုင်ရပြီး ဆီမီးတက်မလဲ ဆိုတာ ခန့်မှန်းမှု ပြုလုပ်ထားပါတယ်။ အင်္ဂလန်အသင်းကတော့ ယူကရိန်းကို အနိုင်ယူပြီး ဆီမီး ရောက်မယ်လို့ မော်ရင်ဟိုကပြောထားပါတယ်။

မော်ရင်ဟိုက ” အင်္ဂလန်ကတော့ သေချာပေါက် တက်မှာပဲ။

ချက်နဲ့ ဒိန်းမတ်ပွဲက နည်းနည်းခက်မယ်။ ဒါပေမယ့် ဒိန်းမတ် လို့ ပဲရွေးပါမယ်။

ဘယ်လ်ဂျီယံနဲ့ အီတလီကလည်း တကယ့် ပွဲကြီးပဲ ကျွန်တော်ကတော့ အီတလီဘက်ကပါ”

“ဆွစ်ဇာလန် နဲ့ စပိန် ပွဲကလည်း ပွဲကြီးပွဲကောင်း ဖြစ်မှာပါ။

ဒါပေမယ့် ဂရန်းနစ် ရှာကာ မကစားနိုင်ပါဘူး။

ဆွစ်ဇာလန် က သူ့ကို လိုအပ်ပါတယ်။ ဒါကြောင့် စပိန် ပဲ နောက်တစ်ဆင့် တက်သွားပါလိမ့်မယ်” လို့ ပြောပါတယ်။

-ဆွစ်ဇာလန် အသင်း နဲ့ စပိန် အသင်း ( သောကြာနေ့ မြန်မာ စံတော်ချိန် ၁၀:၃၀)

☆အနိုင်ရမယ့် အသင်း စပိန်

-ဘယ်လ်ဂျီယံအသင်း နဲ့ အီတလီအသင်း

( စနေ့နေ့ မြန်မာစံတော်ချိန် ၁:၃၀ )

☆အနိုင်ရမယ့် အသင်း အီတလီ

-ချက် အသင်းနဲ့ ဒိန်းမတ်အသင်း

( စနေ့နေ့ မြန်မာစံတော်ချိန် ၁၀:၃၀ )

☆အနိုင်ရမယ့် အသင်း ဒိန်းမတ်

-အင်္ဂလန်အသင်း နဲ့ ယူကရိန်း အသင်း

( တနင်္ဂနွေနေ့မြန်မာစံတော်ချိန် ၁:၃၀ )

☆အနိုင်ရမယ့် အသင်း အင်္ဂလန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေမာ္ရင္ဟို ခန႔္မွန္းလိုက္တဲ့ ယူ႐ိုပြဲ ကြာတားဖိုင္နယ္ေလးပြဲမွာ အႏိုင္ရမယ့္ အသင္းမ်ား

ယူ႐ို ၂၀၂၀ ရဲ႕ ကြာတားဖိုင္နယ္ ပြဲစဥ္ ေတြကေတာ့ ဒီကေန႔ညမွာ ျပန္လည္ စတင္ေတာ့မွာ ျဖစ္ၿပီး ပထမဦးဆုံး ပြဲစဥ္ အျဖစ္ ဆြစ္ဇာလန္ အသင္း နဲ႔ စပိန္ အသင္း တို႔ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။

အဲဒီ ေနာက္မွာေတာ့ ကြာတားဖိုင္နယ္ ရဲ႕ အေကာင္းဆုံး ပြဲစဥ္ တစ္ပြဲ ျဖစ္တဲ့ ဘယ္လ္ဂ်ီယံ နဲ႔ အီတလီ တို႔ ကစားရမွာ ျဖစ္ၿပီး ႏွစ္သင္းစလုံးဟာ ဗိုလ္စြဲဖို႔ ေရပန္းစားေနၾကတဲ့ အသင္းေတြ ျဖစ္တာေၾကာင့္ ၾကည့္ေကာင္းမယ့္ ပြဲတစ္ပြဲပါ။

တတိယေျမာက္ ပြဲစဥ္ ကေတာ့ ခ်က္ နဲ႔ ဒိန္းမတ္ ကစားရမွာ ျဖစ္ပါတယ္။ ေနာက္တစ္ပြဲကေတာ့ နာမည္ႀကီး အဂၤလန္ နဲ႔ ၁၆ သင္း ရႈံးထြက္ အဆင့္ကို ပထမဆုံး ေက်ာ္ျဖတ္ ႏိုင္ခဲ့တဲ့ ယူကရိန္း တို႔ ကစားသြားၾကမွာပါ။

ေလကန္ေဝဖန္တတ္တဲ့ ေမာ္ရင္ဟိုက ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္ ေလးပြဲကေန ဘယ္အသင္းေတြ အႏိုင္ရၿပီး ဆီမီးတက္မလဲ ဆိုတာ ခန႔္မွန္းမႈ ျပဳလုပ္ထားပါတယ္။ အဂၤလန္အသင္းကေတာ့ ယူကရိန္းကို အႏိုင္ယူၿပီး ဆီမီး ေရာက္မယ္လို႔ ေမာ္ရင္ဟိုကေျပာထားပါတယ္။

ေမာ္ရင္ဟိုက ” အဂၤလန္ကေတာ့ ေသခ်ာေပါက္ တက္မွာပဲ။ ခ်က္နဲ႔ ဒိန္းမတ္ပြဲက နည္းနည္းခက္မယ္။ ဒါေပမယ့္ ဒိန္းမတ္ လို႔ ပဲေ႐ြးပါမယ္။ ဘယ္လ္ဂ်ီယံနဲ႔ အီတလီကလည္း တကယ့္ ပြဲႀကီးပဲ ကြၽန္ေတာ္ကေတာ့ အီတလီဘက္ကပါ”

“ဆြစ္ဇာလန္ နဲ႔ စပိန္ ပြဲကလည္း ပြဲႀကီးပြဲေကာင္း ျဖစ္မွာပါ။ ဒါေပမယ့္ ဂရန္းနစ္ ရွာကာ မကစားႏိုင္ပါဘူး။ ဆြစ္ဇာလန္ က သူ႔ကို လိုအပ္ပါတယ္။ ဒါေၾကာင့္ စပိန္ ပဲ ေနာက္တစ္ဆင့္ တက္သြားပါလိမ့္မယ္” လို႔ ေျပာပါတယ္။

-ဆြစ္ဇာလန္ အသင္း နဲ႔ စပိန္ အသင္း ( ေသာၾကာေန႔ ျမန္မာ စံေတာ္ခ်ိန္ ၁၀:၃၀)

☆အႏိုင္ရမယ့္ အသင္း စပိန္

-ဘယ္လ္ဂ်ီယံအသင္း နဲ႔ အီတလီအသင္း

( စေန႔ေန႔ ျမန္မာစံေတာ္ခ်ိန္ ၁:၃၀ )

☆အႏိုင္ရမယ့္ အသင္း အီတလီ

-ခ်က္ အသင္းနဲ႔ ဒိန္းမတ္အသင္း

( စေန႔ေန႔ ျမန္မာစံေတာ္ခ်ိန္ ၁၀:၃၀ )

☆အႏိုင္ရမယ့္ အသင္း ဒိန္းမတ္

-အဂၤလန္အသင္း နဲ႔ ယူကရိန္း အသင္း

( တနဂၤေႏြေန႔ျမန္မာစံေတာ္ခ်ိန္ ၁:၃၀ )

☆အႏိုင္ရမယ့္ အသင္း အဂၤလန္