မော်ရင်ဟိုလက်ထက်က ဘောလုံးမကစားတတ်တဲ့ ဘရာဇီးသားလေးတစ်ယောက်အကြောင်း အခုဆိုရင် ဘယ်လိုပြောမလဲ…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းမှာ မော်ရင်ဟိုနည်းပြခဲ့ချိန်က ကစားကွက်နဲ့ အံမဝင်ခဲ့ဘဲ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုခံခဲ့ရတဲ့ ဘရာဇီးသား ဖရက်ဟာ ဆိုလ်ရှားလက်ထက်မှာတော့ ခြေစွမ်းပြန်လည်တောက်ပလာခဲ့ပြီး သူ့ရဲ့ နိုင်ငံအသင်းကစားသမားဘဝ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။

( ၂၀၁၈ ) နောက်ပိုင်း ဘရာဇီးလက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံရတဲ့ ဖရက်ဟာ နည်းပြ တစ်တီရဲ့ ဘရာဇီးအသင်းမှာ အဓိက အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပတ်သက်လျက် ရှိနေပါပြီ။

ဇွန်လအစောပိုင်းက ကမ္ဘာ့ ဖလားခြေစစ်ပွဲစဉ် ( ၂ ) ခု ပွဲထွက်ခွင့်ရခဲ့သလို ကိုပါအမေရိက အဖွင့်ပွဲစဉ်မှာလည်း ဖရက်ဟာ ပွဲထွက်ကစားသမားအနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။

မနေ့က ဗင်နီဇွဲလားကို ( ၃-၀ ) အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ( ၈၆ ) မိနစ်ကြာ ကစားခဲ့ရပြီး သူ့အတွက် ဇွန်လအတွင်း အကြားဆုံး ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်လည်းဖြစ်ပါတယ်။

ကွင်းထဲမှာ အဝါကဒ်ပြား မကြာခဏအပြခံရတဲ့ ဖရက်ရဲ့ ကစားဟန်တွေဟာ ဘရာဇီးအသင်းမှာ အခုဆိုရင် ပိုမိုပါးနပ်လာခဲ့သလို မနေ့ကပွဲစဉ်မှာလည်း ကွင်းလယ်ဒိုင်ရဲ့ အဝါကတ်ပြား ပြသခံရနိုင်တဲ့အခြေအနေတွေကို ရှောင်လွဲနိုင်ခဲ့ပြီး ပြစ်ဒဏ်ဘောတစ်ကြိမ်သာ ကျူးလွန်ခဲ့ပါတယ်။

ဗင်နီဇွဲလားနဲ့ပွဲမှာ သူဟာ ပြိုင်ဘက် ကစားသမားတွေကို ဘောလုံးနဲ့အတူ ကျော်ဖြတ်နိုင်မှုမှာ ( ၆ ) ကြိမ် အောင်မြင်ခဲ့သလို ဘောလုံးထိချက် စုစုပေါင်း ( ၉၄ ) ကြိမ်ထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

သူဟာ ပွဲစဉ်အတွင်းမှာ နေမာအပါအဝင် ဘရာဇီး ကစားသမားတွေအားလုံးထက် ဘောလုံးပေးမှုအများဆုံး ( ၇၄ ) ကြိမ် ပြုလုပ်နိုင်ခဲ့သလို သူ့ရဲ့ ပေးပို့မှု အားလုံးရဲ့ ( ၉၁ ) ရာခိုင်နှုန်းဟာလည်း အောင်မြင်ခဲ့ပြီး ဂိုးဖန်တီးနိုင်ဖို့ အခွင့်အ‌ရေးတစ်ကြိမ်လည်းရရှိခဲ့ပါတယ်။

ပွဲချိန် (၈၆) မိနစ်မှာတော့ နည်းပြ တစ်တီက သူ့ကို ဖာဘင်ဟိုနဲ့ လူစားလဲခဲ့ပါတယ်။

မနေ့ကပွဲမှာ မာကွင်ဟို ၊ နေမာ ၊ ဘာဘိုဆာတို့က သွင်းဂိုးတွေရယူပေးခဲ့ပြီး ပွဲအပြီးမှာ ( ၃ – ၀ )ရလဒ်နဲ့ ဘရာဇီးအသင်းက ဗင်နီဇွဲလားကို အနိုင်ရခဲ့ပါတယ်။

ဘရာဇီးအသင်းသားအဖြစ် ( ၁၂ ) ကြိမ်မြောက်ကစားခွင့်ရခဲ့ပြီးဖြစ်တဲ့ ဖရက်ဟာ သူ့ရဲ့ ခြေစွမ်းပြသနေမှုကြောင့် လာမယ့် သောကြာနေ့ ၊ ပီရူးနဲ့ ကစားမယ့် အုပ်စုပွဲစဉ်မှာလည်း နည်းပြ တစ်တီက အသင်းနဲ့အတူ ထပ်မံပွဲထွက်ခွင့် ပေးနိုင် ဖွယ်ရှိနေပါတယ်။

ပွဲအပြီးမီဒီယာတွေနဲ့ အင်တာဗျူးမှာ နေမာကလည်း “ဖရက်မပါဘဲနဲ့ ဒီပွဲမှာ အနိုင်ရဖို့ မဖြစ်နိုင်ဘူး”ဆိုပြီး ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေမာ္ရင္ဟိုလက္ထက္က ေဘာလုံးမကစားတတ္တဲ့ ဘရာဇီးသားေလးတစ္ေယာက္အေၾကာင္း အခုဆိုရင္ ဘယ္လိုေျပာမလဲ…?

ယူႏိုက္တက္အသင္းမွာ ေမာ္ရင္ဟိုနည္းျပခဲ့ခ်ိန္က ကစားကြက္နဲ႔ အံမဝင္ခဲ့ဘဲ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကိုခံခဲ့ရတဲ့ ဘရာဇီးသား ဖရက္ဟာ ဆိုလ္ရွားလက္ထက္မွာေတာ့ ေျခစြမ္းျပန္လည္ေတာက္ပလာခဲ့ၿပီး သူ႔ရဲ႕ ႏိုင္ငံအသင္းကစားသမားဘဝ ျပန္လည္ရွင္သန္လာခဲ့ပါတယ္။ ( ၂၀၁၈ ) ေနာက္ပိုင္း ဘရာဇီးလက္ေ႐ြးစင္အသင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ေ႐ြးခ်ယ္ခံရတဲ့ ဖရက္ဟာ နည္းျပ တစ္တီရဲ႕ ဘရာဇီးအသင္းမွာ အဓိက အစိတ္အပိုင္းတစ္ရပ္အေနနဲ႔ ပါဝင္ပတ္သက္လ်က္ ရွိေနပါၿပီ။

ဇြန္လအေစာပိုင္းက ကမာၻ႔ ဖလားေျခစစ္ပြဲစဥ္ ( ၂ ) ခု ပြဲထြက္ခြင့္ရခဲ့သလို ကိုပါအေမရိက အဖြင့္ပြဲစဥ္မွာလည္း ဖရက္ဟာ ပြဲထြက္ကစားသမားအေနနဲ႔ ပါဝင္ခြင့္ရခဲ့ပါတယ္။ မေန႔က ဗင္နီဇြဲလားကို ( ၃-၀ ) အႏိုင္ရရွိခဲ့တဲ့ပြဲမွာလည္း ( ၈၆ ) မိနစ္ၾကာ ကစားခဲ့ရၿပီး သူ႔အတြက္ ဇြန္လအတြင္း အၾကားဆုံး ကစားခြင့္ရခဲ့တဲ့ ပြဲစဥ္လည္းျဖစ္ပါတယ္။

ကြင္းထဲမွာ အဝါကဒ္ျပား မၾကာခဏအျပခံရတဲ့ ဖရက္ရဲ႕ ကစားဟန္ေတြဟာ ဘရာဇီးအသင္းမွာ အခုဆိုရင္ ပိုမိုပါးနပ္လာခဲ့သလို မေန႔ကပြဲစဥ္မွာလည္း ကြင္းလယ္ဒိုင္ရဲ႕ အဝါကတ္ျပား ျပသခံရႏိုင္တဲ့အေျခအေနေတြကို ေရွာင္လြဲႏိုင္ခဲ့ၿပီး ျပစ္ဒဏ္ေဘာတစ္ႀကိမ္သာ က်ဴးလြန္ခဲ့ပါတယ္။ ဗင္နီဇြဲလားနဲ႔ပြဲမွာ သူဟာ ၿပိဳင္ဘက္ ကစားသမားေတြကို ေဘာလုံးနဲ႔အတူ ေက်ာ္ျဖတ္ႏိုင္မႈမွာ ( ၆ ) ႀကိမ္ ေအာင္ျမင္ခဲ့သလို ေဘာလုံးထိခ်က္ စုစုေပါင္း ( ၉၄ ) ႀကိမ္ထိ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

သူဟာ ပြဲစဥ္အတြင္းမွာ ေနမာအပါအဝင္ ဘရာဇီး ကစားသမားေတြအားလုံးထက္ ေဘာလုံးေပးမႈအမ်ားဆုံး ( ၇၄ ) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့သလို သူ႔ရဲ႕ ေပးပို႔မႈ အားလုံးရဲ႕ ( ၉၁ ) ရာခိုင္ႏႈန္းဟာလည္း ေအာင္ျမင္ခဲ့ၿပီး ဂိုးဖန္တီးႏိုင္ဖို႔ အခြင့္အ‌ေရးတစ္ႀကိမ္လည္းရရွိခဲ့ပါတယ္။ ပြဲခ်ိန္ (၈၆) မိနစ္မွာေတာ့ နည္းျပ တစ္တီက သူ႔ကို ဖာဘင္ဟိုနဲ႔ လူစားလဲခဲ့ပါတယ္။

မေန႔ကပြဲမွာ မာကြင္ဟို ၊ ေနမာ ၊ ဘာဘိုဆာတို႔က သြင္းဂိုးေတြရယူေပးခဲ့ၿပီး ပြဲအၿပီးမွာ ( ၃ – ၀ )ရလဒ္နဲ႔ ဘရာဇီးအသင္းက ဗင္နီဇြဲလားကို အႏိုင္ရခဲ့ပါတယ္။ ဘရာဇီးအသင္းသားအျဖစ္ ( ၁၂ ) ႀကိမ္ေျမာက္ကစားခြင့္ရခဲ့ၿပီးျဖစ္တဲ့ ဖရက္ဟာ သူ႔ရဲ႕ ေျခစြမ္းျပသေနမႈေၾကာင့္ လာမယ့္ ေသာၾကာေန႔ ၊ ပီ႐ူးနဲ႔ ကစားမယ့္ အုပ္စုပြဲစဥ္မွာလည္း နည္းျပ တစ္တီက အသင္းနဲ႔အတူ ထပ္မံပြဲထြက္ခြင့္ ေပးႏိုင္ ဖြယ္ရွိေနပါတယ္။

ပြဲအၿပီးမီဒီယာေတြနဲ႕ အင္တာဗ်ဴးမွာ ေနမာကလည္း “ဖရက္မပါဘဲနဲ႕ ဒီပြဲမွာ အႏိုင္ရဖို႕ မျဖစ္ႏိုင္ဘူး”ဆိုၿပီး ေျပာခဲ့ပါတယ္။