မော်ရင်ဟိုရဲ့ နာမည်ကြီး ဒုတိယရာသီကြောင့် စပါးကို ချန်ပီယံလောင်းစာရင်းထဲ ထည့်လို့ရပြီလို့ ဂွါဒီယိုလာရဲ့ အမြင်ကို ရက်နက်ဒ်နဲ့ နဗီးလ် သဘောတူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးကို ၂ ဂိုးပြတ် အနိုင်ယူသွားခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ် ဆုံးနေရာကို ရယူလိုက်တဲ့ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ဒီရာသီအတွက် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပြီး ချန်ပီယံလောင်းစာရင်း ကို ဝင်ရောက်လာခဲ့ပြီလို့ နည်းပြဂွါဒီယိုလာက ပြောဆိုခဲ့တဲ့အပေါ် Sky Sports ရုပ်သံဌာနက အစီအစဉ်တင်ဆက်သုံးသပ်သူတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ဂျေမီ ရက်နက်ဒ်တို့ကလည်း ထောက်ခံသွားကြပါတယ်။

စပါးဟာ နှစ်ပေါင်း ၆၀ အတွင်း အဓိကဆုဖလား တစ်ခုမှမရခဲ့ဘဲ အမြင့်ဆုံးအနေနဲ့ ကားလင်းဖလားတစ်ကြိမ်သာ ရခဲ့ဖူးတဲ့အတွက် အခုလိုမျိုး ဆုဖလားတွေကိုရယူပေးတဲ့နေရာမှာ နာမည်ကြီးတဲ့ မော်ရင်ဟိုလက်ထက်မှာ ပထမဆုံးအနေနဲ့ အဓိကဆုဖလားတစ်ခု ဆွတ်ခူးနိုင် မလားဆိုတာ အားလုံးကစိတ်ဝင်စားနေကြပါတယ်။

ဒါ့အပြင် ဒီရာသီမှာ မော်ရင်ဟို စပါးကိုကိုင်တွယ်တာ ဒုတိယမြောက်ရာသီဖြစ်ပြီး အသင်းကို ရောက် ရှိလာတာ တစ်နှစ်ပြည့်တဲ့အချိန်လည်း ဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့နည်းပြဘဝမှာ ဆုဖလားတွေရယူပြနိုင်ခဲ့တဲ့ နာမည်ကြီးဒုတိယရာသီဖြစ်တဲ့အတွက် အခုလိုမျိုး အချိန်မှာ စပါးနဲ့ပတ်သက်တဲ့မျှော်လင့်ချက်တွေ ပိုပြီးအားကောင်းလာတာပါ။

ဂွါဒီယိုလာက “အခု သူတို့က ဇယားထိပ်ဆုံးမှာပါ။ ရာသီကုန်ဖို့ ပွဲတွေအများကြီး ဆက်ကျန်သေးပေမယ့် သူတို့ကို ချန်ပီယံဆုကိုစိန်ခေါ်နိုင်တဲ့ ချန်ပီယံလောင်း စာရင်းထဲကို ထည့်သွင်းရတော့မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘောလုံးပွဲ သုံးသပ်တင်ဆက်သူ ၂ ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ရက်နက်ဒ်တို့ကလည်း မော်ရင် ဟိုကို ချီးကျူးခဲ့ကြပြီး စပါးကို လျှော့တွက်လို့မရတော့တဲ့အကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် အခုချိန်မှာ မော်ရင်ဟိုဟာ ရီးရဲလ်မှာတုန်းက သူနဲ့လက်တွဲခဲ့ဖူးတဲ့ အသင်းခေါင်းဆောင် ရာမို့စ်ကိုလည်း အရခေါ်ယူဖို့စဉ်းစားနေ ပါတယ်။ မော်ရင်ဟိုရဲ့နည်းပြဘဝမှာ ခံစစ်ကိုအသားပေးတည်ဆောက်သလို ခပ် မာမာ၊ ခပ်ကြမ်းကြမ်းကစားတတ်တဲ့ ကစားသမားတွေကိုလည်း အားပြုပြီး အသင်းရဲ့ပုံစံကို တည်ဆောက်လေ့ရှိတာကြောင့် စပါးနောက်တန်းမှာ ရာမို့စ်လို ကစားသမားကိုခေါ်ယူချင်တာ အဆန်းတော့မဟုတ်ပါဘူး။

ရီးရဲလ်နဲ့ စာချုပ် သက်တမ်းကုန်ဆုံးတော့မယ့် ရာမို့စ်ကို ပီအက်စ်ဂျီအပါအဝင် ဥရောပထိပ်တန်း အသင်းတော်တော်များများက ခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်နေပြီး မော်ရင်ဟို ရှိတဲ့ စပါးကိုသာ ရောက်လာခဲ့ရင် ဒီအပြောင်းအရွှေ့ဟာ အလွန်ထူးဆန်းတဲ့ ရှားပါးအဖြစ်အပျက် ဖြစ်လာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမာ္ရင္ဟိုရဲ႕ နာမည္ႀကီး ဒုတိယရာသီေၾကာင့္ စပါးကို ခ်န္ပီယံေလာင္းစာရင္းထဲ ထည့္လို႔ရၿပီလို႔ ဂြါဒီယိုလာရဲ႕ အျမင္ကို ရက္နက္ဒ္နဲ႔ နဗီးလ္ သေဘာတူ

မန္စီးတီးကို ၂ ဂိုးျပတ္ အႏိုင္ယူသြားခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ ဆံုးေနရာကို ရယူလိုက္တ့ဲ ေမာ္ရင္ဟိုရဲ႕ စပါးအသင္းဟာ ဒီရာသီအတြက္ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့အသင္းတစ္သင္းျဖစ္လာခဲ့ၿပီး ခ်န္ပီယံေလာင္းစာရင္း ကို ၀င္ေရာက္လာခဲ့ၿပီလို႔ နည္းျပဂြါဒီယိုလာက ေျပာဆိုခဲ့တဲ့အေပၚ Sky Sports ရုပ္သံဌာနက အစီအစဥ္တင္ဆက္သံုးသပ္သူေတြျဖစ္တဲ့ ဂယ္ရီနဗီးလ္နဲ႔ ေဂ်မီ ရက္နက္ဒ္တို႔ကလည္း ေထာက္ခံသြားၾကပါတယ္။

စပါးဟာ ႏွစ္ေပါင္း ၆၀ အတြင္း အဓိကဆုဖလား တစ္ခုမွမရခဲ့ဘဲ အျမင့္ဆံုးအေနနဲ႔ ကားလင္းဖလားတစ္ႀကိမ္သာ ရခဲ့ဖူးတဲ့အတြက္ အခုလိုမ်ဳိး ဆုဖလားေတြကုိရယူေပးတဲ့ေနရာမွာ နာမည္ႀကီးတဲ့ ေမာ္ရင္ဟိုလက္ထက္မွာ ပထမဆံုးအေနနဲ႔ အဓိကဆုဖလားတစ္ခု ဆြတ္ခူးႏိုင္ မလားဆိုတာ အားလံုးကစိတ္၀င္စားေနၾကပါတယ္။

ဒါ့အျပင္ ဒီရာသီမွာ ေမာ္ရင္ဟို စပါးကိုကိုင္တြယ္တာ ဒုတိယေျမာက္ရာသီျဖစ္ၿပီး အသင္းကို ေရာက္ ရွိလာတာ တစ္ႏွစ္ျပည့္တဲ့အခ်ိန္လည္း ျဖစ္ပါတယ္။

ေမာ္ရင္ဟိုရဲ႕နည္းျပဘ၀မွာ ဆုဖလားေတြရယူျပႏိုင္ခဲ့တဲ့ နာမည္ႀကီးဒုတိယရာသီျဖစ္တဲ့အတြက္ အခုလိုမ်ဳိး အခ်ိန္မွာ စပါးနဲ႔ပတ္သက္တဲ့ေမွ်ာ္လင့္ခ်က္ေတြ ပိုၿပီးအားေကာင္းလာတာပါ။

ဂြါဒီယိုလာက “အခု သူတို႔က ဇယားထိပ္ဆံုးမွာပါ။ ရာသီကုန္ဖို႔ ပြဲေတြအမ်ားႀကီး ဆက္က်န္ေသးေပမယ့္ သူတို႔ကို ခ်န္ပီယံဆုကိုစိန္ေခၚႏိုင္တဲ့ ခ်န္ပီယံေလာင္း စာရင္းထဲကို ထည့္သြင္းရေတာ့မွာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ေဘာလံုးပြဲ သံုးသပ္တင္ဆက္သူ ၂ ဦးျဖစ္တဲ့ ဂယ္ရီနဗီးလ္နဲ႔ ရက္နက္ဒ္တုိ႔ကလည္း ေမာ္ရင္ ဟိုကို ခ်ီးက်ဴးခဲ့ၾကၿပီး စပါးကို ေလွ်ာ့တြက္လို႔မရေတာ့တဲ့အေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

ဒါ့အျပင္ အခုခ်ိန္မွာ ေမာ္ရင္ဟိုဟာ ရီးရဲလ္မွာတုန္းက သူနဲ႔လက္တြဲခဲ့ဖူးတဲ့ အသင္းေခါင္းေဆာင္ ရာမို႔စ္ကိုလည္း အရေခၚယူဖို႔စဥ္းစားေန ပါတယ္။ ေမာ္ရင္ဟိုရဲ႕နည္းျပဘ၀မွာ ခံစစ္ကိုအသားေပးတည္ေဆာက္သလို ခပ္ မာမာ၊ ခပ္ၾကမ္းၾကမ္းကစားတတ္တဲ့ ကစားသမားေတြကိုလည္း အားျပဳၿပီး အသင္းရဲ႕ပံုစံကို တည္ေဆာက္ေလ့ရွိတာေၾကာင့္ စပါးေနာက္တန္းမွာ ရာမို႔စ္လို ကစားသမားကိုေခၚယူခ်င္တာ အဆန္းေတာ့မဟုတ္ပါဘူး။

ရီးရဲလ္နဲ႔ စာခ်ဳပ္ သက္တမ္းကုန္ဆံုးေတာ့မယ့္ ရာမို႔စ္ကို ပီအက္စ္ဂ်ီအပါအ၀င္ ဥေရာပထိပ္တန္း အသင္းေတာ္ေတာ္မ်ားမ်ားက ေခၚယူဖို႔ ခ်ဥ္းကပ္မႈေတြျပဳလုပ္ေနၿပီး ေမာ္ရင္ဟို ရွိတဲ့ စပါးကိုသာ ေရာက္လာခဲ့ရင္ ဒီအေျပာင္းအေရႊ႕ဟာ အလြန္ထူးဆန္းတဲ့ ရွားပါးအျဖစ္အပ်က္ ျဖစ္လာႏိုင္ပါတယ္။