မော်ရင်ဟိုရဲ့ပင်နယ်တီလှောင်ပြောင်မှုကို တုံံ့ပြန်လိုက်တဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မန်ယူအသင်းအမြဲလိုပင်နယ်တီရနေမှုနဲ့ပတ်သက်လို့ မော်ရင်ဟိုက လှောင်ပြောင်မှုပြုလုပ်ခဲ့ပေမယ့် အဲဒီအတွက် ပြသနာမရှိကြောင်း ဆိုးလ်ရှားက ဆိုလိုက်ကာ အဲဒီမန်ယူနည်းပြဟောင်းအပေါ်မှာလည်း လေးစားမှုအပြည့်အဝရှိကြောင်း အခိုင်အမာဆိုလိုက်ပါတယ်။ အရင်မန်ယူနည်းပြနဲ့လက်ရှိမန်ယူနည်းပြတို့ဟာ ပြီးခဲ့တဲ့အပတ်မှာ တစ်ယောက်နဲ့တစ်ယောက် နောက်သလိုပုံစံနဲ့ အပြန်အလှန်ထိုးနှက်ပြောဆိုမှုလေးတွေ ရှိခဲ့ပါတယ်။

ဂိုးတိုင်ကိစ္စမှာ ဆိုးလ်ရှားက မော်ရင်ဟိုကိုသွားစခဲ့သလို မော်ရင်ဟိုကလည်း ၁၈ ပင်နယ်တီစည်းထက် ၂၂ ကိုက်ပင်နယ်တီစည်းကို ဆိုးလ်ရှားပိုကြိုက်မှာလို့ ပြန်ပက်ခဲ့ပါတယ်။ ဒါပေမဲ့ လာမယ့်တနင်္ဂနွေ စပါးကိုဧည့်ခံရမယ့်ပွဲမတိုင်ခင်မှာ ဆိုးလ်ရှားက မော်ရင်ဟိုနဲ့ အပြန်အလှန်ပြောဆိုနေမှုတွေဟာ စကားစစ်ထိုးတာမဟုတ်ဘဲ အပျော်သဘော စနောက်နေတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

စပါးနဲ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ ပင်နယ်တီနဲ့ပတ်သက်လို့ မော်ရင်ဟိုပြောခဲ့တာကိုမေးတော့ ဆိုးလ်ရှားက”ဟားဟားဟား။ နိုး..ဘောလုံးမှာ စည်းမျဉ်းတွေရှိတယ်လေ။ အဲဒီထက်ပိုပြီး ကျွန်တော်  တကယ်မစဉ်းစားခဲ့ပါဘူး။ ခင်ဗျားတို့မီဒီယာတွေကသာ တစ်ဆိတ်ကို တစ်အိပ်လုပ်နေကြတာပါ။ ကျွန်တော်တို့ အပျော်သဘောပြောခဲ့တာပဲ ရှိပါတယ်”လို့ ဆိုးလ်ရှားက ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက”ကျွန်တော့်အတွက်ကတော့ မော်ရင်ဟိုဟာ အရမ်းကိုသြဇာတိက္ကမနဲ့ပြည့်စုံတဲ့နည်းပြတစ်ယောက်ပါ။ မီဒီယာမှာ သူ့ကို စကားပြောရတာနဲ့သူ့ကိုကြည့်ရတာ ကျွန်တော်နှစ်သက်ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ရော ဘောလုံးမှာ သူပေးခဲ့တဲ့အရာအားလုံးနဲ့ပတ်သက်လို့ မော်ရင်ဟိုအပေါ်မှာ ကျွန်တော်အပြည့်အဝလေးစားမှုရှိပါတယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ေမာ္ရင္ဟိုရဲ႕ပင္နယ္တီေလွာင္ေျပာင္မႈကို တုံံ႔ျပန္လိုက္တဲ့ ဆုိးလ္ရွား

မန္ယူအသင္းအၿမဲလုိပင္နယ္တီရေနမႈနဲ႔ပတ္သက္လုိ႔ ေမာ္ရင္ဟိုက ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ေပမယ့္ အဲဒီအတြက္ ျပသနာမရွိေၾကာင္း ဆိုးလ္ရွားက ဆုိလိုက္ကာ အဲဒီမန္ယူနည္းျပေဟာင္းအေပၚမွာလည္း ေလးစားမႈအျပည့္အ၀ရွိေၾကာင္း အခိုင္အမာဆုိလုိက္ပါတယ္။ အရင္မန္ယူနည္းျပနဲ႔လက္ရွိမန္ယူနည္းျပတို႔ဟာ ၿပီးခဲ့တဲ့အပတ္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေနာက္သလုိပုံစံနဲ႔ အျပန္အလွန္ထုိးႏွက္ေျပာဆုိမႈေလးေတြ ရွိခဲ့ပါတယ္။

ဂိုးတုိင္ကိစၥမွာ ဆုိးလ္ရွားက ေမာ္ရင္ဟိုကိုသြားစခဲ့သလုိ ေမာ္ရင္ဟိုကလည္း ၁၈ ပင္နယ္တီစည္းထက္ ၂၂ ကိုက္ပင္နယ္တီစည္းကို ဆုိးလ္ရွားပိုႀကိဳက္မွာလုိ႔ ျပန္ပက္ခ့ဲပါတယ္။ ဒါေပမဲ့ လာမယ့္တနဂၤေႏြ စပါးကိုဧည့္ခံရမယ့္ပြဲမတိုင္ခင္မွာ ဆုိးလ္ရွားက ေမာ္ရင္ဟိုနဲ႔ အျပန္အလွန္ေျပာဆုိေနမႈေတြဟာ စကားစစ္ထုိးတာမဟုတ္ဘဲ အေပ်ာ္သေဘာ စေနာက္ေနတာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

စပါးနဲ႔ပြဲအတြက္ သတင္းစာရွင္းလင္းပြဲမွာ ပင္နယ္တီနဲ႔ပတ္သက္လို႔ ေမာ္ရင္ဟိုေျပာခဲ့တာကိုေမးေတာ့ ဆုိးလ္ရွားက”ဟားဟားဟား။ ႏုိး..ေဘာလုံးမွာ စည္းမ်ဥ္းေတြရွိတယ္ေလ။ အဲဒီထက္ပိုၿပီး ကၽြန္ေတာ္  တကယ္မစဥ္းစားခဲ့ပါဘူး။ ခင္ဗ်ားတို႔မီဒီယာေတြကသာ တစ္ဆိတ္ကို တစ္အိပ္လုပ္ေနၾကတာပါ။ ကၽြန္ေတာ္တုိ႔ အေပ်ာ္သေဘာေျပာခဲ့တာပဲ ရွိပါတယ္”လို႔ ဆုိးလ္ရွားက ဆိုခဲ့ပါတယ္။

ဒါ့အျပင္ ဆုိးလ္ရွားက”ကၽြန္ေတာ့္အတြက္ကေတာ့ ေမာ္ရင္ဟိုဟာ အရမ္းကိုၾသဇာတိကၠမနဲ႔ျပည့္စံုတ့ဲနည္းျပတစ္ေယာက္ပါ။ မီဒီယာမွာ သူ႔ကုိ စကားေျပာရတာနဲ႔သူ႔ကိုၾကည့္ရတာ ကၽြန္ေတာ္ႏွစ္သက္ပါတယ္။ နည္းျပတစ္ေယာက္အေနနဲ႔ေရာ ေဘာလုံးမွာ သူေပးခဲ့တ့ဲအရာအားလုံးနဲ႔ပတ္သက္လုိ႔ ေမာ္ရင္ဟုိအေပၚမွာ ကၽြန္ေတာ္အျပည့္အ၀ေလးစားမႈရွိပါတယ္”လုိ႔ ဆက္လက္ေျပာၾကားခ့ဲပါတယ္။