မော်ရင်ဟိုရဲ့စပါးရုံးခန်းထဲက မန်ယူဓာတ်ပုံနှစ်ပုံ

photo-gettyimages

photo-gettyimages

စပါးလေ့ကျင့်ရေးကွင်းက သူ့ရဲ့ရုံးခန်းထဲမှာ မန်ယူနည်းပြအဖြစ် ရှိခဲ့စဉ်က ဓာတ်ပုံနှစ်ပုံကို ချိတ်ဆွဲထားကြောင်း မော်ရင်ဟိုက ဖွင့်ဟလိုက်ပါတယ်။ အသက် ၅၆ နှစ်အရွယ် အဲဒီပေါ်တူဂီသားဟာ ပြီးခဲ့တဲ့လကမှ ပိုချက်တီနိုနေရာအစားဝင်ပြီး စပါးနည်းပြသစ်ဖြစ်လာခဲ့တာပါ။

photo-gettyimages

အခုတော့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ မန်ယူက အထုတ်ခံရပြီးနောက်ပိုင်း ပြိုင်ဘက်နည်းပြအဖြစ် အိုးလ်ထရက်ဖို့ဒ်ကို ပထမဆုံးအကြိမ်အဖြစ် ပြန်သွားရပါတော့မယ်။ အိုးလ်ထရက်ဖို့ဒ်က သူ့ရဲ့နောက်ဆုံးရက်တွေဟာ ခါးသီးခဲ့ပေမယ့်လည်း မော်ရင်ဟိုက အသင်းဟောင်းနဲ့အတူ ယူရိုပါလိဂ်နဲ့အင်္ဂလန်လိဂ်ဖလားတို့မှာ ဗိုလ်စွဲခဲ့တဲ့အပေါ် ရင်ဝယ်ပိုက်ထားနေဆဲဖြစ်ပြီး အဲဒါတွေနဲ့ပတ်သက်တဲ့ ဓာတ်ပုံနှစ်ပုံကို သူ့ရဲ့စပါးရုံးခန်းထဲမှာ ချိတ်ဆွဲထားတယ်လို့ ဝန်ခံခဲ့တာပါ။

photo-gettyimages

”အဲဒီက ကျွန်တော့်သမိုင်းအကြောင်းဆိုရင်တော့ ကျွန်တော့်ရဲ့စပါးရုံးခန်းထဲကို သွားလိုက်ပါ။ ကျွန်တော့်မှာ မန်ယူအချိန်တွေက ဓာတ်ပုံနှစ်ပုံရှိထားဆဲပါပဲ။ တစ်ပုံက ယူရိုပါလိဂ်မှာဗိုလ်စွဲတော့ စတော့ဟုမ်းမှာ ကျွန်တော့်သားနဲ့ ရိုက်ခဲ့တာဖြစ်ပြီး နောက်တစ်ပုံကတော့ အင်္ဂလန်လိဂ်ဖလားနဲ့အတူ ဝင်ဘလေကွင်းမှာပါ။ မန်ယူနဲ့ပတ်သက်ရင် အဲဒါတွေက ကျွန်တော့်အတွက် ကြည်နူးစရာအကောင်းဆုံးအမှတ်ရစရာတွေပဲဆိုတာ ဟုတ်ပါတယ်။ နောင်တရစရာ မရှိပါဘူး။ အဲဒီမှာ ကျွန်တော်အနိုင်ရခဲ့တယ်၊ သင်ယူခဲ့ရတယ်။ အခုတော့ ကျွန်တော်ဟာ အဲဒီမှာထက် ပိုကောင်းတဲ့နည်ပြဖြစ်လာတယ်လို့ ထင်ပါတယ်။

[Zawgyi]

ေမာ္ရင္ဟိုရဲ႕စပါးရုံးခန္းထဲက မန္ယူဓာတ္ပုံႏွစ္ပုံ

စပါးေလ့က်င့္ေရးကြင္းက သူ႔ရဲ႕ရုံးခန္းထဲမွာ မန္ယူနည္းျပအျဖစ္ ရွိခဲ့စဥ္က ဓာတ္ပုံႏွစ္ပုံကို ခ်ိတ္ဆြဲထားေၾကာင္း ေမာ္ရင္ဟိုက ဖြင့္ဟလိုက္ပါတယ္။ အသက္ ၅၆ ႏွစ္အရြယ္ အဲဒီေပၚတူဂီသားဟာ ၿပီးခဲ့တဲ့လကမွ ပိုခ်က္တီႏိုေနရာအစား၀င္ၿပီး စပါးနည္းျပသစ္ျဖစ္လာခဲ့တာပါ။

အခုေတာ့ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလမွာ မန္ယူက အထုတ္ခံရၿပီးေနာက္ပိုင္း ၿပိဳင္ဘက္နည္းျပအျဖစ္ အုိးလ္ထရက္ဖုိ႔ဒ္ကို ပထမဆုံးအႀကိမ္အျဖစ္ ျပန္သြားရပါေတာ့မယ္။ အိုးလ္ထရက္ဖုိ႔ဒ္က သူ႔ရဲ႕ေနာက္ဆုံးရက္ေတြဟာ ခါးသီးခဲ့ေပမယ့္လည္း ေမာ္ရင္ဟုိက အသင္းေဟာင္းနဲ႔အတူ ယူရိုပါလိဂ္နဲ႔အဂၤလန္လိဂ္ဖလားတုိ႔မွာ ဗုိလ္စြဲခဲ့တဲ့အေပၚ ရင္၀ယ္ပိုက္ထားေနဆဲျဖစ္ၿပီး အဲဒါေတြနဲ႔ပတ္သက္တ့ဲ ဓာတ္ပုံႏွစ္ပုံကို သူ႔ရဲ႕စပါးရုံးခန္းထဲမွာ ခ်ိတ္ဆြဲထားတယ္လုိ႔ ၀န္ခံခဲ့တာပါ။

”အဲဒီက ကၽြန္ေတာ့္သမိုင္းအေၾကာင္းဆုိရင္ေတာ့ ကၽြန္ေတာ့္ရဲ႕စပါးရုံးခန္းထဲကို သြားလုိက္ပါ။ ကၽြန္ေတာ့္မွာ မန္ယူအခ်ိန္ေတြက ဓာတ္ပုံႏွစ္ပုံရွိထားဆဲပါပဲ။ တစ္ပုံက ယူရိုပါလိဂ္မွာဗိုလ္စြဲေတာ့ စေတာ့ဟုမ္းမွာ ကၽြန္ေတာ့္သားနဲ႔ ရိုက္ခဲ့တာျဖစ္ၿပီး ေနာက္တစ္ပုံကေတာ့ အဂၤလန္လိဂ္ဖလားနဲ႔အတူ ၀င္ဘေလကြင္းမွာပါ။ မန္ယူနဲ႔ပတ္သက္ရင္ အဲဒါေတြက ကၽြန္ေတာ့္အတြက္ ၾကည္ႏူးစရာအေကာင္းဆုံးအမွတ္ရစရာေတြပဲဆုိတာ ဟုတ္ပါတယ္။ ေနာင္တရစရာ မရွိပါဘူး။ အဲဒီမွာ ကၽြန္ေတာ္အႏိုင္ရခဲ့တယ္၊ သင္ယူခဲ့ရတယ္။ အခုေတာ့ ကၽြန္ေတာ္ဟာ အဲဒီမွာထက္ ပိုေကာင္းတဲ့နည္ျပျဖစ္လာတယ္လို႔ ထင္ပါတယ္။