မော်ရင်ဟိုပြောတဲ့ ဒဏ်ရာရ ဟယ်ရီကိန်းအကြောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းဟာ ယမန်နေ့ညက ဟန်ဂေရီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဝုလ်ဖ်ဘာဂါအသင်းနဲ့ စပါးအသင်းတို့ရဲ့ ယူရိုပါလိဂ် (၃၂)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ စပါးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာရော အရန်စာရင်းမှာပါ ပါဝင်လာခြင်းမရှိပါဘူး။

အသင်းနည်းပြ မော်ရင်ဟိုကတော့ ကိန်းအနေနဲ့ သူ့ရဲ့ခြေချင်းဝတ်ဒဏ်ရာအခြေအနေအပေါ် စိတ်ပူပန်နေသေးတာကြောင့် ပွဲစဉ်နဲ့ ပတ်သက်ပြီး မပါဝင်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ မော်ရင်ဟိုဟာ ယမန်နေ့ကပွဲစဉ်မှာ ဆွန်ဟောင်မင်ကို အထောင်တိုက်စစ်နေရာက အသုံးပြုပြီး အသင်းမှာ ပွဲထွက်ခွင့်တွေ နည်းပါးလွန်းနေတဲ့ ဒယ်လီအလီကိုပြန်လည်ပွဲထွက်လာစေခဲ့ကာ ဘေးလ်နဲ့ လူးကပ်စ်မော်ရာတို့ကို တောင်ပံတစ်ဖက်ဆီမှာ အသုံးပြုလာခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ်အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ ခြေချင်းဝတ်ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်ခါစပဲ ရှိပါသေးတယ်။ ကိန်းဟာလာမယ့်တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ သေချာပေါက် ပါဝင်ကစားနိုင်မှာဖြစ်တယ်လို့ မော်ရင်ဟိုက ပြောဆိုထားပါတယ်။

တစ်ဖက်မှာတော့ စပါး အသင်း ဟာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၁၅၀)သတ်မှတ်ထားတယ်လို့ ကြားသိရပါတယ်။အဲဒါကြောင့် စပါးအသင်းအနေနဲ့ ဟယ်ရီကိန်း အတွက်သတ်မှတ်ထားတဲ့ ဈေးနှုန်းအောက်လျော့နည်းတဲ့ဘယ်လိုကမ်းလှမ်းမှုကိုမဆို စဉ်းစားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ အတွက် ယူနိုက်တက်၊ မန်စီးတီး အသင်းအပါအဝင် အသင်းအများအပြားက စိတ်ဝင်စားနေတာဖြစ်ပါတယ်။ဟယ်ရီကိန်းကလည်း စပါး အသင်းအနေနဲ့ အောင်မြင်မှုတွေ မရဘူးဆိုရင်တော့ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုထားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေမာ္ရင္ဟိုေျပာတဲ့ ဒဏ္ရာရ ဟယ္ရီကိန္းအေၾကာင္း

စပါးအသင္းရဲ႕ အဓိက ကစားသမားတစ္ေယာက္ျဖစ္တဲ့ တိုက္စစ္မႉးဟယ္ရီကိန္းဟာ ယမန္ေန႔ညက ဟန္ေဂရီႏိုင္ငံမွာ က်င္းပခဲ့တဲ့ ဝုလ္ဖ္ဘာဂါအသင္းနဲ႔ စပါးအသင္းတို႔ရဲ႕ ယူ႐ိုပါလိဂ္ (၃၂)သင္းအဆင့္ ရႈံးထြက္ပထမအေက်ာ့ပြဲစဥ္မွာ စပါးအသင္းရဲ႕ ပြဲထြက္လူစာရင္းမွာေရာ အရန္စာရင္းမွာပါ ပါဝင္လာျခင္းမရွိပါဘူး။

အသင္းနည္းျပ ေမာ္ရင္ဟိုကေတာ့ ကိန္းအေနနဲ႔ သူ႔ရဲ႕ေျခခ်င္းဝတ္ဒဏ္ရာအေျခအေနအေပၚ စိတ္ပူပန္ေနေသးတာေၾကာင့္ ပြဲစဥ္နဲ႔ ပတ္သက္ၿပီး မပါဝင္ခဲ့တာျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

ေမာ္ရင္ဟိုဟာ ယမန္​​ေန႔ကပြဲစဥ္မွာ ဆြန္ေဟာင္မင္ကို အေထာင္တိုက္စစ္ေနရာက အသုံးျပဳၿပီး အသင္းမွာ ပြဲထြက္ခြင့္ေတြ နည္းပါးလြန္းေနတဲ့ ဒယ္လီအလီကိုျပန္လည္ပြဲထြက္လာ​ေစခဲ့ကာ ေဘးလ္နဲ႔ လူးကပ္စ္ေမာ္ရာတို႔ကို ေတာင္ပံတစ္ဖက္ဆီမွာ အသုံးျပဳလာခဲ့ပါတယ္။

အသက္(၂၇)ႏွစ္အ႐ြယ္အဂၤလန္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား ဟယ္ရီကိန္းဟာ ေျခခ်င္းဝတ္ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္ခါစပဲ ရွိပါေသးတယ္။ ကိန္းဟာလာမယ့္တနဂၤေႏြေန႔မွာ ဝက္စ္ဟမ္းယူႏိုက္တက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ လန္ဒန္ဒါဘီ ပရီးမီးယားလိဂ္ပြဲစဥ္ကိုေတာ့ ေသခ်ာေပါက္ ပါဝင္ကစားႏိုင္မွာျဖစ္တယ္လို႔ ေမာ္ရင္ဟိုက ေျပာဆိုထားပါတယ္။

တစ္ဖက္မွာေတာ့ စပါး အသင္း ဟာ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္း ရဲ႕ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း (၁၅၀)သတ္မွတ္ထားတယ္လို႔ ၾကားသိရပါတယ္။အဲဒါေၾကာင့္ စပါး အသင္းအေနနဲ႔ ဟယ္ရီကိန္း အတြက္သတ္မွတ္ထားတဲ့ ေဈးႏႈန္းေအာက္ေလ်ာ့နည္းတဲ့ဘယ္လိုကမ္းလွမ္းမႈကိုမဆို စဥ္းစားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ အဂၤလန္လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ကို ေခၚယူဖို႔ အတြက္ ယူႏိုက္တက္၊ မန္စီးတီး အသင္းအပါအဝင္ အသင္းအမ်ားအျပားက စိတ္ဝင္စားေနတာျဖစ္ပါတယ္။ဟယ္ရီကိန္းကလည္း စပါး အသင္းအေနနဲ႔ ေအာင္ျမင္မႈေတြ မရဘူးဆိုရင္ေတာ့ အသင္းကေန ထြက္ခြာဖြယ္ရွိတယ္လို႔ အရိပ္အႁမြက္ေျပာဆိုထားခဲ့ပါတယ္။