
photo-gettyimages
photo-gettyimages
မနေ့ည ရီးရဲလ်အိမ်ကွင်း ဘာနေဗျူးက နိုင်ပွဲနဲ့အတူ မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်နိုင်ပွဲအများဆုံးရနည်းပြအဖြစ် အဲလက်စ်ဖာဂူဆန်၊ မော်ရင်ဟိုနဲ့ အန်စလော့တီတို့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ အဲဒီချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ရီးရဲလ်ကိုနောက်ကလိုက်ကစားပြီး ၂-၁ နဲ့ အနိုင်ရခဲ့တာပါ။
photo-gettyimages
အဲဒါဟာ သူ့အတွက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ၂၈ ပွဲမြောက်နိုင်ပွဲဖြစ်လာခဲ့ပါတယ်။ ဖာဂူဆန်၊မော်ရင်ဟိုနဲ့ အခုအဲဗာတန်ကိုကိုင်တွယ်နေတဲ့အန်စလော့တီတို့က ၂၇ ပွဲစီနိုင်ထားကြတာပါ။ ဒါဟာ ဘိုင်ယန်မှာကတည်းက ချန်ပီယံလိဂ်ရှုံ့းထွက်အဆင့်ရောက်ရင် သူ့ရဲ့ချဉ်းကပ်ပုံနဲ့ပတ်သက်လို့ မေးခွန်းထုတ်ခံရလေ့ရှိတဲ့ ဂွါဒီယိုလာအတွက် ကျေပန်စရာတုံ့ပြန်နိုင်မှုကိန်းဂဏန်းအချက်အလက်ပါ။ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ စပါးကိုအရေးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရတော့လည်း ဂွါဒီယိုလာဟာ အကြီးအကျယ်ဝေဖန်ခံခဲ့ရဖူးပါတယ်။
photo-gettyimages
ဒါ့အပြင် ဂွါဒီယိုလာဟာ ၂၁ ရာစုအတွင်း ပြိုင်ပွဲအရပ်ရပ်မှာ ရီးရဲလ်ကိုအနိုင်ရဆုံးနည်းပြလည်း ဖြစ်လာခဲ့ပါတယ်။ စုစုပေါင်း ၁၀ ပွဲအနိုင်နဲ့ ဘာစီလိုနာနည်းပြဟောင်းဗယ်ဗာဒီနဲ့ အက်သလက်တီကိုနည်းပြဆီမြွန်နီတို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ နောက်ပြီး ဂွါဒီယိုလာဟာ နည်းပြအနေနဲ့ ဘာနေဗျူးကွင်းမှာ ၆ ပွဲမြောက်အနိုင်ရခဲ့တာဖြစ်ပြီး ရီးရဲလ်ကိုအဝေးကွင်းအနိုင်ဆုံးနည်းပြလည်း ဖြစ်လာခဲ့ပါတယ်။
[Zawgyi]
ေမာ္ရင္ဟိုနဲ႔ ဖာဂူဆန္တို႔ကိုေက်ာ္ျဖတ္ၿပီး ခ်န္ပီယံလိဂ္ရႈံးထြက္ႏိုင္ပြဲစံခ်ိန္တင္ခဲ့တဲ့ ဂြါဒီယိုလာ
မေန႔ည ရီးရဲလ္အိမ္ကြင္း ဘာေနဗ်ဴးက ႏိုင္ပြဲနဲ႔အတူ မန္စီးတီးနည္းျပဂြါဒီယိုလာဟာ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ႏိုင္ပြဲအမ်ားဆုံးရနည္းျပအျဖစ္ အဲလက္စ္ဖာဂူဆန္၊ ေမာ္ရင္ဟုိနဲ႔ အန္စေလာ့တီတို႔ကို ေက်ာ္ျဖတ္ႏုိင္ခဲ့ပါတယ္။ ဂြါဒီယုိလာရဲ႕အသင္းဟာ အဲဒီခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့မွာ ရီးရဲလ္ကိုေနာက္ကလုိက္ကစားၿပီး ၂-၁ နဲ႔ အႏုိင္ရခဲ့တာပါ။
အဲဒါဟာ သူ႔အတြက္ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ ၂၈ ပြဲေျမာက္ႏိုင္ပြဲျဖစ္လာခဲ့ပါတယ္။ ဖာဂူဆန္၊ေမာ္ရင္ဟိုနဲ႔ အခုအဲဗာတန္ကိုကိုင္တြယ္ေနတဲ့အန္စေလာ့တီတုိ႔က ၂၇ ပြဲစီႏိုင္ထားၾကတာပါ။ ဒါဟာ ဘုိင္ယန္မွာကတည္းက ခ်န္ပီယံလိိဂ္ရႈ့ံးထြက္အဆင့္ေရာက္ရင္ သူ႔ရဲ႕ခ်ဥ္းကပ္ပုံနဲ႔ပတ္သက္လုိ႔ ေမးခြန္းထုတ္ခံရေလ့ရွိတဲ့ ဂြါဒီယိုလာအတြက္ ေက်ပန္စရာတုံ႔ျပန္ႏိုင္မႈကိန္းဂဏန္းအခ်က္အလက္ပါ။ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မွာ စပါးကိုအေရးနိမ့္ၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရေတာ့လည္း ဂြါဒီယိုလာဟာ အႀကီးအက်ယ္ေ၀ဖန္ခံခဲ့ရဖူးပါတယ္။
ဒါ့အျပင္ ဂြါဒီယိုလာဟာ ၂၁ ရာစုအတြင္း ၿပိဳင္ပြဲအရပ္ရပ္မွာ ရီးရဲလ္ကိုအႏိုင္ရဆုံးနည္းျပလည္း ျဖစ္လာခဲ့ပါတယ္။ စုစုေပါင္း ၁၀ ပြဲအႏိုင္နဲ႔ ဘာစီလုိနာနည္းျပေဟာင္းဗယ္ဗာဒီနဲ႔ အက္သလက္တီကိုနည္းျပဆီျမြန္နီတို႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။ ေနာက္ၿပီး ဂြါဒီယိုလာဟာ နည္းျပအေနနဲ႔ ဘာေနဗ်ဴးကြင္းမွာ ၆ ပြဲေျမာက္အႏိုင္ရခဲ့တာျဖစ္ၿပီး ရီးရဲလ္ကိုအေ၀းကြင္းအႏိုင္ဆုံးနည္းျပလည္း ျဖစ္လာခဲ့ပါတယ္။