မော်ရင်ဟိုနဲ့ဆိုးလ်ရှား ဘယ်သူသာမလဲဆိုတာကို ပြသမယ့် မန်ယူနဲ့စပါးပွဲ

photo internet

ဘောလုံးပရိသတ်တွေစောင့်ကြည့်သင့်တဲ့ ပွဲကောင်းတစ်ပွဲဒီနေ့ညမှာရှိပါတယ်။ ကြာသပတေးနေ့ မနက် 2နာရီမှာ ကျင်းပမယ့် မန်ယူနဲ့စပါးအသင်းတို့ရဲ့ပြိုင်ပွဲဟာ ကစားသမားတွေ၊ပရိသတ်တွေအတွက်သာမက နည်းပြနှစ်ယောက်အတွက်လည်း အရေးကြီးတဲ့ပွဲပါ။ မော်ရင်ဟိုနဲ့ဆိုးလ်ရှားတို့အတွက် မှတ်တမ်း တစ်ခုဖြစ်စေမယ့် ဒီပွဲမှာတော့ မန်ယူကစားသမား အန်သိုနီမာရှယ်တစ်ယောက်ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အက်စ်တွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့်ဖြစ်ပါတယ်။

photo internet

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ပွဲမှာတော့ မန်ယူအသင်းဟာ သရေရလဒ်သာရရှိခဲ့ပါတယ်။ အခုရင်ဆိုင်ရမယ့်အသင်း ကတော့ မန်ယူနည်းပြဟောင်းဖြစ်ခဲ့ဖူးတဲ့မော်ရင်ဟိုကိုင်တွယ်နေတဲ့စပါးအသင်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နည်းပြဆိုးလ်ရှားတစ်ယောက်အထုတ်ခံရနိုင်ဖွယ်ရှိတဲ့သတင်းတွေထွက်နေပါတယ်။ ဆိုးလ်ရှားနေရာကို ပိုချက်တီနို၊ အလ်လီဂရီ၊ ဘရန်ဒန်ရော်ဂျာစ်းတို့ရောက်လာနိုင်တယ်ဆိုပြီးသတင်းတွေထွက်နေပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ မန်ယူအနေနဲ့ အနိုင်ရရှိမှုနှုန်းဟာ 30 ရာခိုင်နှုန်းဝန်းကျင်သာရှိနေပါ တယ်။ ပိုချက်တီနို၊ အူနိုင်းအမ်မရီတို့ရဲ့နောက်ကို ဆိုးလ်ရှားလိုက်မလားဆိုတာ စိတ်ဝင်စားစရာပါ။

photo internet

နည်းပြမော်ရင်ဟိုကတော့ သူ့အနေနဲ့ မန်ယူအသင်းကနေထွက်ခဲ့ရပေမယ့် မန်ယူဟာသူ့အတွက်ရန်သူမဟုတ် ကြောင်းပြောဆိုထားပါတယ်။ မော်ရင်ဟိုဟာ မန်ယူအသင်းကို နှစ်ရာသီခွဲလောက်တာဝန်ယူဖူးပါတယ်။ ဒါကြောင့်သူ့မှာမန်ယူနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေများစွာရှိပြီး၊ ဒါကပဲစပါးအတွက် အားသာချက်တွေဖြစ်စေနိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်။

photo internet

“လက်ရှိမှာကျွန်တော်က မန်ယူကိုအနိုင်ရအောင်လုပ်ရမယ့် နည်းပြဖြစ်ပြီးတော့ ဆိုးလ်ရှားကတော့ မန်ယူဘက်ကနေ အနိုင်ရဖို့ကြိုးစားရမယ့်နည်းပြပါ။ မန်ယူပရိသတ်တွေကတော့ ကျွန်တော့်ကိုအားပေးကြမှာမဟုတ်ပါ ဘူး။ ဒါဟာဘဝပါပဲ။ ကျွန်တော်အနေနဲ့ကတော့ မန်ယူကိုအနိုင်ရအောင်ပြင်ဆင်နေပါတယ်”လို့ နည်းပြမော်ရင်ဟိုကပြောပါ တယ်။ မန်ယူဘက်ကတော့ အခုစပါးပွဲအတွက် လူစာရင်းကို ရှက်ဖီးယူနိုက်တက်မှာ သုံးခဲ့တဲ့ လူစာရင်းအတိုင်း သုံးမယ်လို့သတင်းထွက်နေသလို၊ ဗဟိုခံစစ်ကစားသမား 3ယောက်အထိလည်းသုံးမယ်လို့ သတင်းထွက်နေပါတယ်။ ဘယ်နည်းပြကပိုသာမလဲဆိုတာ မကြာခင်တွေ့ရတော့မှာပါ။ ပရိသတ်တွေအနေနဲ့ရော ဘယ်အသင်းနိုင်မယ်ထင်ပါသလဲ။

photo internet

(Zawgyi Version)

ေမာ္ရင္ဟုိနဲ႔ဆိုးလ္ရွား ဘယ္သူသာမလဲဆိုတာကို ျပသမယ့္ မန္ယူနဲ႔စပါးပြဲ

ေဘာလုံးပရိသတ္ေတြေစာင့္ၾကည့္သင့္တဲ့ ပြဲေကာင္းတစ္ပြဲဒီေန႔ညမွာရိွပါတယ္။ ၾကာသပေတးေန႔ မနက္ 2နာရီမွာ က်င္းပမယ့္ မန္ယူနဲ႔စပါးအသင္းတို႔ရဲ႕ၿပိဳင္ပြဲဟာ ကစားသမားေတြ၊ပရိသတ္ေတြအတြက္သာမက နည္းျပႏွစ္ေယာက္အတြက္လည္း အေရးႀကီးတဲ့ပြဲပါ။ ေမာ္ရင္ဟိုနဲ႔ဆိုးလ္ရွားတို႔အတြက္ မွတ္တမ္း တစ္ခုျဖစ္ေစမယ့္ ဒီပြဲမွာေတာ့ မန္ယူကစားသမား အန္သိုနီမာရွယ္တစ္ေယာက္ပါ၀င္ႏိုင္မွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆုိရင္ အက္စ္တြန္ဗီလာနဲ႔ပြဲမွာ ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ပြဲမွာေတာ့ မန္ယူအသင္းဟာ သေရရလဒ္သာရရိွခဲ့ပါတယ္။ အခုရင္ဆိုင္ရမယ့္အသင္း ကေတာ့ မန္ယူနည္းျပေဟာင္းျဖစ္ခဲ့ဖူးတဲ့ေမာ္ရင္ဟုိကုိင္တြယ္ေနတဲ့စပါးအသင္းျဖစ္ပါတယ္။ တစ္ဖက္မွာလည္း နည္းျပဆိုးလ္ရွားတစ္ေယာက္အထုတ္ခံရႏိုင္ဖြယ္ရိွတဲ့သတင္းေတြထြက္ေနပါတယ္။ ဆိုးလ္ရွားေနရာကို ပိုခ်က္တီႏို၊ အလ္လီဂရီ၊ ဘရန္ဒန္ေရာ္ဂ်ာစ္းတို႔ေရာက္လာႏိုင္တယ္ဆုိၿပီးသတင္းေတြထြက္ေနပါတယ္။ ဆိုးလ္ရွားလက္ထက္မွာ မန္ယူအေနနဲ႔ အႏိုင္ရရိွမႈႏႈန္းဟာ 30 ရာခိုင္ႏႈန္း၀န္းက်င္သာရိွေနပါတယ္။ ပိုခ်က္တီႏို၊ အူႏိုင္းအမ္မရီတို႔ရဲ႕ေနာက္ကို ဆုိးလ္ရွားလိုက္မလားဆိုတာ စိတ္၀င္စားစရာပါ။

နည္းျပေမာ္ရင္ဟုိကေတာ့ သူ႔အေနနဲ႔ မန္ယူအသင္းကေနထြက္ခဲ့ရေပမယ့္ မန္ယူဟာသူ႔အတြက္ရန္သူမဟုတ္ ေၾကာင္းေျပာဆိုထားပါတယ္။ ေမာ္ရင္ဟုိဟာ မန္ယူအသင္းကို ႏွစ္ရာသီခြဲေလာက္တာ၀န္ယူဖူးပါတယ္။ ဒါေၾကာင့္သူ႔မွာမန္ယူနဲ႔ပတ္သက္တဲ့ အေတြ႕အႀကံဳေတြမ်ားစြာရိွၿပီး၊ ဒါကပဲစပါးအတြက္ အားသာခ်က္ေတြျဖစ္ေစႏိုင္မလားဆိုတာေစာင့္ၾကည့္ရပါမယ္။

“လက္ရိွမွာကၽြန္ေတာ္က မန္ယူကိုအႏိုင္ရေအာင္လုပ္ရမယ့္ နည္းျပျဖစ္ၿပီးေတာ့ ဆိုးလ္ရွားကေတာ့ မန္ယူဘက္ကေန အႏိုင္ရဖုိ႔ႀကိဳးစားရမယ့္နည္းျပပါ။ မန္ယူပရိသတ္ေတြကေတာ့ ကၽြန္ေတာ့္ကိုအားေပးၾကမွာမဟုတ္ပါဘူး။ ဒါဟာဘ၀ပါပဲ။ ကၽြန္ေတာ္အေနနဲ႔ကေတာ့ မန္ယူကိုအႏိုင္ရေအာင္ျပင္ဆင္ေနပါတယ္”လို႔ နည္းျပေမာ္ရင္ဟုိကေျပာပါတယ္။ မန္ယူဘက္ကေတာ့ အခုစပါးပြဲအတြက္ လူစာရင္းကို ရွက္ဖီးယူႏိုက္တက္မွာသုံးခဲ့တဲ့ လူစာရင္းအတိုင္း သုံးမယ္လုိ႔သတင္းထြက္ေနသလို၊ ဗဟုိခံစစ္ကစားသမား 3ေယာက္အထိလည္းသုံးမယ္လို႔ သတင္းထြက္ေနပါတယ္။ ဘယ္နည္းျပကပုိသာမလဲဆိုတာ မၾကာခင္ေတြ႕ရေတာ့မွာပါ။ ပရိသတ္ေတြအေနနဲ႔ေရာ ဘယ္အသင္းႏိုင္မယ္ထင္ပါသလဲ။