မော်ရင်ဟိုနေရာမှာ ဆာရီနဲ့အစားထိုးဖို့ စီစဉ်နေတဲ့ စပါးအသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းတာဝန်ရှိသူတွေဟာ ရလဒ်ဆိုးတွေကြောင့် အသင်းနည်းပြမော်ရင်ဟိုရဲ့နေရာမှာ ချယ်လ်ဆီးနည်းပြဟောင်း ဆာရီနဲ့အစားထိုးဖို့ စီစဉ်နေပြီး လာမယ့်တစ်ပတ်ကျရင် ဆာရီနဲ့လန်ဒန်မှာတွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ အီတလီမီဒီယာတွေကဖော်ပြနေကြပါတယ်။ စပါးအသင်းဟာ ဒီရာသီ ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ပြီးပြိုင်ပွဲကထွက်ခဲ့ရပြီဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း အဆင့်(၄)နေရာက ဝက်စ်ဟမ်းနဲ့(၆)မှတ်ကွာဟနေတာကြောင့် မော်ရင်ဟိုဟာ ဖိအားတွေနဲ့ရင်ဆိုင်နေပြီဖြစ်ပါတယ်။

အဲဒါကြောင့် စပါးအသင်းတာဝန်ရှိသူတွေက ၂၀၂၀ ခုနှစ်မှာ ဂျူဗင်တပ်စ်နဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဆာရီကို နည်းပြသစ်ခန့်အပ်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး အီတလီနာမည်ကျော်အားကစား သတင်းစာ La Gazzetta dello Sport က နည်းပြရာထူးနဲ့ပတ်သက်လို့ စပါးအသင်းတာဝန်ရှိသူတွေက ဆာရီနဲ့တွေ့ဆုံစကားပြောဖို့ဆန္ဒရှိနေကြောင်းဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အဲဒီသတင်းစာက ဆာရီနဲ့ စပါးအသင်းတာဝန်ရှိသူတွေဟာ လာမယ့်တစ်ပတ်အစောပိုင်းကျရင် လန်ဒန်မြို့မှာတွေ့ဆုံဖို့စီစဉ်ထားတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ စပါးအသင်းဟာ ၂၀၁၈ ခုနှစ်မှာ နာပိုလီနဲ့လမ်းခွဲခဲ့ချိန်ကတည်းက ဆာရီကို နည်းပြအဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဆာရီက ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

ဆာရီအနေနဲ့ ချယ်လ်ဆီးအသင်းနည်းပြအဖြစ်ဆောင်ရွက်ခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာ ယူရိုပါလိဂ်ဖလားရယူပေးခဲ့သလို ပရီးမီးယားလိဂ်အဆင့်(၄)နေရာရအောင် စွမ်းဆောင်ခဲ့ပေမယ့် သူ့အပေါ် အသင်းပရိသတ်တွေရော၊ ဘုတ်အဖွဲ့ပါ ထောက်ခံမှုမရှိတဲ့အတွက် တစ်ရာသီအကြာမှာပဲ ချယ်လ်ဆီးနဲ့လမ်းခွဲခဲ့တာပါ။

အဲဒီနောက် ဆာရီဟာ ဂျူဗင်တပ်စ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး စီးရီးအေဖလားရယူပေးခဲ့မယ့်လည်း ချယ်လ်ဆီးအသင်းမှာရင်ဆိုင်ခဲ့ရတဲ့အနေအထားမျိုး ပြန်လည်ကြုံတွေ့ခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းမှာလည်း တစ်ရာသီသာကြာမြင့်ခဲ့တာဖြစ်ပါတယ်။

အသက်(၆၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဆာရီဟာ ဂျူဗင်တပ်စ်နည်းပြရာထူးကနေ အထုတ်ခံခဲ့ရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသလို သူက ဘောလုံးလောကထဲမကြာခင်ပြန်လည်ဝင်ရောက်ဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ ချယ်လ်ဆီးနည်းပြဟောင်းတွေဖြစ်တဲ့ ဘိုအက်ရှ်၊ မော်ရင်ဟိုတို့ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့မှတ်တမ်းတွေရှိနေတာကြောင့် အခု ဆာရီကိုလည်း နည်းပြအဖြစ် ခန့်အပ်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ ဆာရီကို စပါးအသင်းအပြင် ရိုးမားနဲ့ သူ့အသင်းဟောင်း နာပိုလီကလည်း ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရတဲ့ နည်းပြဂတ်တူဆိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ပစ်မှတ်ထားနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမာ္ရင္ဟိုေနရာမွာ ဆာရီနဲ႔အစားထိုးဖို႔ စီစဥ္ေနတဲ့ စပါးအသင္း

စပါးအသင္းတာဝန္ရွိသူေတြဟာ ရလဒ္ဆိုးေတြေၾကာင့္ အသင္းနည္းျပေမာ္ရင္ဟိုရဲ႕ေနရာမွာ ခ်ယ္လ္ဆီးနည္းျပေဟာင္း ဆာရီနဲ႔အစားထိုးဖို႔ စီစဥ္ေနၿပီး လာမယ့္တစ္ပတ္က်ရင္ ဆာရီနဲ႔လန္ဒန္မွာေတြ႕ဆုံေဆြးေႏြးသြားဖို႔ရွိတယ္လို႔ အီတလီမီဒီယာေတြကေဖာ္ျပေနၾကပါတယ္။ စပါးအသင္းဟာ ဒီရာသီ ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ ဒိုင္နမိုဇာဂရက္ကို ရႈံးနိမ့္ၿပီးၿပိဳင္ပြဲကထြက္ခဲ့ရၿပီျဖစ္သလို ပရီးမီးယားလိဂ္မွာလည္း အဆင့္(၄)ေနရာက ဝက္စ္ဟမ္းနဲ႔(၆)မွတ္ကြာဟေနတာေၾကာင့္ ေမာ္ရင္ဟိုဟာ ဖိအားေတြနဲ႔ရင္ဆိုင္ေနၿပီျဖစ္ပါတယ္။ အဲဒါေၾကာင့္ စပါးအသင္းတာဝန္ရွိသူေတြက ၂၀၂၀ ခုႏွစ္မွာ ဂ်ဴဗင္တပ္စ္နဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ အသင္းလက္မဲ့ျဖစ္ေနတဲ့ ဆာရီကို နည္းျပသစ္ခန႔္အပ္ဖို႔ ပစ္မွတ္ထားေနတာျဖစ္ၿပီး အီတလီနာမည္ေက်ာ္အားကစား သတင္းစာ La Gazzetta dello Sport က နည္းျပရာထူးနဲ႔ပတ္သက္လို႔ စပါးအသင္းတာဝန္ရွိသူေတြက ဆာရီနဲ႔ေတြ႕ဆုံစကားေျပာဖို႔ဆႏၵရွိေနေၾကာင္းေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ အဲဒီသတင္းစာက ဆာရီနဲ႔ စပါးအသင္းတာဝန္ရွိသူေတြဟာ လာမယ့္တစ္ပတ္အေစာပိုင္းက်ရင္ လန္ဒန္ၿမိဳ႕မွာေတြ႕ဆုံဖို႔စီစဥ္ထားတယ္လို႔လည္း ေဖာ္ျပခဲ့ပါတယ္။ စပါးအသင္းဟာ ၂၀၁၈ ခုႏွစ္မွာ နာပိုလီနဲ႔လမ္းခြဲခဲ့ခ်ိန္ကတည္းက ဆာရီကို နည္းျပအျဖစ္ခန႔္အပ္ဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ဆာရီက ခ်ယ္လ္ဆီးအသင္းကို ကိုင္တြယ္ဖို႔သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။ ဆာရီအေနနဲ႔ ခ်ယ္လ္ဆီးအသင္းနည္းျပအျဖစ္ေဆာင္႐ြက္ခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမွာ ယူ႐ိုပါလိဂ္ဖလားရယူေပးခဲ့သလို ပရီးမီးယားလိဂ္အဆင့္(၄)ေနရာရေအာင္ စြမ္းေဆာင္ခဲ့ေပမယ့္ သူ႔အေပၚ အသင္းပရိသတ္ေတြေရာ၊ ဘုတ္အဖြဲ႕ပါ ေထာက္ခံမႈမရွိတဲ့အတြက္ တစ္ရာသီအၾကာမွာပဲ ခ်ယ္လ္ဆီးနဲ႔လမ္းခြဲခဲ့တာပါ။ အဲဒီေနာက္ ဆာရီဟာ ဂ်ဴဗင္တပ္စ္အသင္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး စီးရီးေအဖလားရယူေပးခဲ့မယ့္လည္း ခ်ယ္လ္ဆီးအသင္းမွာရင္ဆိုင္ခဲ့ရတဲ့အေနအထားမ်ိဳး ျပန္လည္ႀကဳံေတြ႕ခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းမွာလည္း တစ္ရာသီသာၾကာျမင့္ခဲ့တာျဖစ္ပါတယ္။

အသက္(၆၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဆာရီဟာ ဂ်ဴဗင္တပ္စ္နည္းျပရာထူးကေန အထုတ္ခံခဲ့ရၿပီးေနာက္ပိုင္း အသင္းလက္မဲ့ျဖစ္ေနသလို သူက ေဘာလုံးေလာကထဲမၾကာခင္ျပန္လည္ဝင္ေရာက္ဖို႔ ဆႏၵရွိေနတာလည္းျဖစ္ပါတယ္။ စပါးအသင္းအေနနဲ႔ ခ်ယ္လ္ဆီးနည္းျပေဟာင္းေတြျဖစ္တဲ့ ဘိုအက္ရွ္၊ ေမာ္ရင္ဟိုတို႔ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့တဲ့မွတ္တမ္းေတြရွိေနတာေၾကာင့္ အခု ဆာရီကိုလည္း နည္းျပအျဖစ္ ခန႔္အပ္ႏိုင္မလားဆိုတာေစာင့္ၾကည့္ရမွာပါ။ ဆာရီကို စပါးအသင္းအျပင္ ႐ိုးမားနဲ႔ သူ႔အသင္းေဟာင္း နာပိုလီကလည္း ရလဒ္ဆိုးေတြနဲ႔ရင္ဆိုင္ေနရတဲ့ နည္းျပဂတ္တူဆိုရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ပစ္မွတ္ထားေနၾကပါတယ္။