မော်ရင်ဟိုထက် ပေးဂိုးမရှိပွဲစဉ် စံချိန်တင်ခဲ့တဲ့ တူချယ်က နွေဈေးကွက်မှာ ကစားသမား ၇ ဦးအထိ ရောင်းချဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီး နည်းပြသောမတ်စ်တူချယ်လ်ဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်အထိ အမှတ်ပေးပွဲ ၁၅ ပွဲ ကိုင်တွယ်ထားပြီးတဲ့အချိန်မှာ ရလဒ်တွေ ကောင်းမွန်လာခဲ့သလို ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်၊ အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို ရောက်ရှိနေပြီး အခြေအနေကောင်းနေပါတယ်။

ဒါ့အပြင် မနေ့ညက ဖူလ်ဟမ်းကို ဝ-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ခံစစ်ကစားတာကောင်းပြီး ပေးဂိုးမရှိမှတ်တမ်း ကောင်းလှပါတဲ့ဆိုတဲ့ နည်းပြဟောင်း မော်ရင်ဟိုနဲ့ ဘရာဇီးနည်းပြ စကိုလာရီတို့ထက် သာလွန်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် အမှတ်ပေးပံဲ ၁၅ ပွဲမှာ တူချယ်လ်ရဲ့ ချဲလ်ဆီးအသင်းက ၁၁ ပွဲအထိ ပေးဂိုးမရှိအောင်ကစားနိုင်ခဲ့ပြီး မော်ရင်ဟို၊ စကိုလာရီတို့ လက်ထက်က ချယ်လ်ဆီးအသင်းရရှိခဲ့တဲ့ ပေးဂိုးမရှိစံချိန်ထက် သာလွန်ကောင်းမွန်နေခဲ့ပြီဖြစ်ပါတယ်။

မော်ရင်ဟို နဲ့ စကိုလာရီတို့ဟာ သူတို့ရဲ့ ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံး ၁၅ ပွဲမှာ ပေးဂိုးမရှိပွဲ ၁၀ ပွဲတည်းသာ ရယူထားနိုင်ခဲ့ကြပြီး တူချယ်က တစ်ပွဲအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်နဲ့ ပီအက်စ်ဂျီအသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ တူချယ်ဟာ ခံစစ်ကစားပုံကောင်းမွန်သူလို့ နာမည်ကျော်ခဲ့တဲ့ နည်းပြဟောင်းမော်ရင်ဟိုကိုတောင် အသာစီးရယူခဲ့တာဖြစ်လို့ သူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး မဖြစ်မနေ အသိအမှတ်ပြုရဖို့ ဖြစ်လာခဲ့ပါပြီ်။

ဒါ့အပြင် တူချဲလ်ဟာ လာမယ့်နွေရာသီဈေးကွက်မှာ အသင်းကနေ ထုတ်ရှင်းမယ့် ကစားသမား ၇ဦးအထိ ရှိနေတယ်လို့ The Sun ကဖော်ပြခဲ့ပြီး တိုက်စစ်မှုး အေဗရာဟမ်၊ အလွန်ဆို၊ ဂိုးသမားကီပါ၊ ဇီယက်ချ်၊ ဇူးမား၊ ဂျော်ဂျင်ဟိုနဲ့ လက်ရှိခြေစွမ်းပြနေတဲ့ ပူလီဆစ်လည်း အံ့အားသင့်ဖွယ် ပါဝင်နေပါတယ်။

အေဗရာဟမ်ကို ဗီလာ၊ နယူးကာဆယ်တို့က ပေါင်သန်း ၄၀နဲ့ ခေါ်ယူမယ့် သတင်းတွေထွက်ပေါ်နေပြီး ဂျော်ဂျင်ဟိုကတော့ အီတလီမြေကို တစ်ကျော့ပြန်မယ့် အခြေအနေရှိနေပါတယ်။

တူချယ်အနေနဲ့ ဒီရာသီမှာ လမ်းပတ်နေရာမှာ ဆက်ခံခဲ့တာဖြစ်ပြီး ချဲလ်ဆီးကို ဖလား၂လုံးအောင်မြင်မှုလမ်းကြောင်းပေါ် ရှိနေတဲ့အတွက် အင်္ဂလန်မြေပေါ် ပထမဆုံးရာသီအနေအထားက အခြေအနေကောင်းတယ်လို့ သုံးသပ်နိုင်ပါတယ်။

ဒီရာသီအတွက် ငွေကြေးပေါင်သန်း ၂၀၀ကျေ် အသုံးပြုခေါ်ယူခဲ့တဲ့ ကစားသမားေွက အရင်နည်းပြ လမ်းပတ်လက်ထက်မှာ ခေါ်ယူခဲ့တာဖြစ်တဲ့အတွက်

လာမယ့် ဇွန်လဈေးကွက်မှာ သူမကြိုက်တဲ့ ကစားသမားေွကို ရောင်းထုတ်သွားဖို့ရှိနေပြီး သူ့စိတ်ကြိုက် ကစားသမားတွေနဲ့ အသင်းကို ပြန်လည်တည်ဆောက်လိုနေပုံရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေမာ္ရင္ဟိုထက္ ေပးဂိုးမရွိပြဲစဥ္ စံခ်ိန္တင္ခဲ့တဲ့ တူခ်ယ္က ေႏြေဈးကြက္မွာ ကစားသမား ၇ဦးအထိ ေရာင္းခ်ဖို႔ရွိေန

ခ်ဲလ္ဆီး နည္းျပေသာမတ္စ္တူခ်ယ္လ္ဟာ ပရီးမီးယားလိဂ္ကို ေရာက္ရွိလာခဲ့ၿပီး လက္ရွိအခ်ိန္အထိ အမွတ္ေပးပြဲ ၁၅ ပြဲ ကိုင္တြယ္ထားၿပီးတဲ့အခ်ိန္မွာ ရလဒ္ေတြ ေကာင္းမြန္လာခဲ့သလို ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္၊ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာလည္း ဗိုလ္လုပြဲကို ေရာက္ရွိေနၿပီး အေျခအေနေကာင္းေနပါတယ္။

ဒါ့အျပင္ မေန႔ညက ဖူလ္ဟမ္းကို ဝ-၂ နဲ႔အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ခံစစ္ကစားတာေကာင္းၿပီး ေပးဂိုးမရွိမွတ္တမ္း ေကာင္းလွပါတဲ့ဆိုတဲ့ နည္းျပေဟာင္း ေမာ္ရင္ဟိုနဲ႔ ဘရာဇီးနည္းျပ စကိုလာရီတို႔ထက္ သာလြန္တဲ့ မွတ္တမ္းေကာင္းတစ္ခုကို ရရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ အမွတ္ေပးပံဲ ၁၅ ပြဲမွာ တူခ်ယ္လ္ရဲ႕ ခ်ဲလ္ဆီးအသင္းက ၁၁ ပြဲအထိ ေပးဂိုးမရွိေအာင္ကစားႏိုင္ခဲ့ၿပီး ေမာ္ရင္ဟို၊ စကိုလာရီတို႔ လက္ထက္က ခ်ယ္လ္ဆီးအသင္းရရွိခဲ့တဲ့ ေပးဂိုးမရွိစံခ်ိန္ထက္ သာလြန္ေကာင္းမြန္ေနခဲ့ၿပီျဖစ္ပါတယ္။

ေမာ္ရင္ဟို နဲ႔ စကိုလာရီတို႔ဟာ သူတို႔ရဲ႕ ခ်ယ္လ္ဆီးနည္းျပဘဝ ပထမဆုံး ၁၅ ပြဲမွာ ေပးဂိုးမရွိပြဲ ၁၀ ပြဲတည္းသာ ရယူထားႏိုင္ခဲ့ၾကၿပီး တူခ်ယ္က တစ္ပြဲအသာနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ကို ကိုင္တြယ္ခဲ့တဲ့ တူခ်ယ္ဟာ ခံစစ္ကစားပုံေကာင္းမြန္သူလို႔ နာမည္ေက်ာ္ခဲ့တဲ့ နည္းျပေဟာင္းေမာ္ရင္ဟိုကိုေတာင္ အသာစီးရယူခဲ့တာျဖစ္လို႔ သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြနဲ႔ပတ္သက္ၿပီး မျဖစ္မေန အသိအမွတ္ျပဳရဖို႔ ျဖစ္လာခဲ့ပါၿပီ္။

ဒါ့အျပင္ တူခ်ဲလ္ဟာ လာမယ့္ေႏြရာသီေဈးကြက္မွာ အသင္းကေန ထုတ္ရွင္းမယ့္ ကစားသမား ၇ဦးအထိ ရွိေနတယ္လို႔ The Sun ကေဖာ္ျပခဲ့ၿပီး တိုက္စစ္မႈး ေအဗရာဟမ္၊ အလြန္ဆို၊ ဂိုးသမားကီပါ၊ ဇီယက္ခ်္၊ ဇူးမား၊ ေဂ်ာ္ဂ်င္ဟိုနဲ႔ လက္ရွိေျခစြမ္းျပေနတဲ့ ပူလီဆစ္လည္း အံ့အားသင့္ဖြယ္ ပါဝင္ေနပါတယ္။

ေအဗရာဟမ္ကို ဗီလာ၊ နယူးကာဆယ္တို႔က ေပါင္သန္း ၄၀နဲ႔ ေခၚယူမယ့္ သတင္းေတြထြက္ေပၚေနၿပီး ေဂ်ာ္ဂ်င္ဟိုကေတာ့ အီတလီေျမကို တစ္ေက်ာ့ျပန္မယ့္ အေျခအေနရွိေနပါတယ္။

တူခ်ယ္အေနနဲ႔ ဒီရာသီမွာ လမ္းပတ္ေနရာမွာ ဆက္ခံခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးကို ဖလား၂လုံးေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ရွိေနတဲ့အတြက္ အဂၤလန္ေျမေပၚ ပထမဆုံးရာသီအေနအထားက အေျခအေနေကာင္းတယ္လို႔ သုံးသပ္ႏိုင္ပါတယ္။

ဒီရာသီအတြက္ ေငြေၾကးေပါင္သန္း ၂၀၀ေက်္ အသုံးျပဳေခၚယူခဲ့တဲ့ ကစားသမားေြက အရင္နည္းျပ လမ္းပတ္လက္ထက္မွာ ေခၚယူခဲ့တာျဖစ္တဲ့အတြက္ လာမယ့္ ဇြန္လေဈးကြက္မွာ သူမႀကိဳက္တဲ့ ကစားသမားေြကို ေရာင္းထုတ္သြားဖို႔ရွိေနၿပီး သူ႔စိတ္ႀကိဳက္ ကစားသမားေတြနဲ႔ အသင္းကို ျပန္လည္တည္ေဆာက္လိုေနပုံရပါတယ္။