မော်ရင်ဟိုကို အလုပ်ထုတ်ပစ်ဖို့ တောင်းဆိုနေကြတဲ့ စပါးပရိသတ်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပါလိဂ်ပြိုင်ပွဲကထွက်ခဲ့ရပြီးနောက် စပါးအသင်းပရိသတ်တွေဟာ နည်းပြမော်ရင်ဟိုကို ရာထူးကနေထုတ်ပယ်ဖို့ တောင်းဆိုလျက်ရှိနေပါတယ်။ စပါးအသင်းဟာ ဒိုင်နမိုဇာဂရက်နဲ့ ကစားတဲ့ယူရိုပါလိဂ်၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်ပထမအကျော့က ၂ဂိုးပြတ်နဲ့အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ပွဲစဉ်မှာ ၃ဂိုးပြတ်နဲ့ရှုံးနိမ့်ကာ နှစ်ကျော့ပေါင် း၃ဂိုး၂ဂိုးနဲ့ ရှုံးနိမ့်တဲ့အတွက် ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။

ပေါက်ကွဲနေတဲ့ စပါးပရိသတ် တစ်ယောက်ကတော့ ခွင့်လွှတ်နိုင်စရာ မရှိကြောင်း တစ်သင်းလုံးဟာ ပလန်မရှိဘဲ မိနစ်၉၀လုံး ကစားသွားခဲ့ကြောင်း ဝေဖန် ပြောဆိုထားပါတယ်။ စပါးအသင်းဟာ ယူရိုပါလိဂ်ကနေ ထွက်လိုက်ရတဲ့အပြင် လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့် ရမယ့် မျှော်လင့်ချက်လည်း နည်းပါးလာနေပါတယ်။ အမှတ်ပေးဇယားမှာနည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ အဆင့်၈နေရာတွင် ရပ်တည်နေပါတယ်။

“ကျွန်တော် အရိုးသားဆုံး ပြောတာပါ ၁၈လအတွင်း စပါးအသင်းက ကျွန်တော် ၁၅နှစ်တာ အားပေးလာသမျှမှာ အဆိုးရွားဆုံးပါပဲ။ အခုလောက်ဆို လုံလောက်ပါပြီ ဟိုဆေးကို နှုတ်ဆက်ပါရစေ”လို့ ပရိသတ်တစ်ယောက်ကရေးသားထားပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကလည်း“စပါးအသင်းအတွက်အဆိုးရွားဆုံးရှုံးနိမ့်မှုဖြစ်စေခဲ့ပါတယ်။ဒီလိုအဖြစ်အပျက်မျိုးအရင်ကတစ်ခါမှမတွေ့ခဲ့ဘူး။ နည်းပြမော်ရင်ဟိုကိုရာထူးကထုတ်ပယ်ပါ။“ လို့တောင်းဆိုခဲ့ပါတယ်။

၂၀၁၉ခုနှစ် ဒီဇင်ဘာလက ပိုချက်တီနို နေရာ အစားဝင်လာတဲ့ မော်ရင်ဟိုဟာ ၂၀၀၈ခုနှစ် နောက်ပိုင်း ဆုဖလား မရသေးတဲ့ စပါးအသင်းကို အောင်မြင်မှု ရအောင် ကြိုးပမ်းနေရာမှာ အခုတော့ သူကိုယ်တိုင်ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေမာ္ရင္ဟိုကို အလုပ္ထုတ္ပစ္ဖို႔ ေတာင္းဆိုေနၾကတဲ့ စပါးပရိသတ္မ်ား

ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကထြက္ခဲ့ရၿပီးေနာက္ စပါးအသင္းပရိသတ္ေတြဟာ နည္းျပေမာ္ရင္ဟိုကို ရာထူးကေနထုတ္ပယ္ဖို႔ ေတာင္းဆိုလ်က္ရွိေနပါတယ္။ စပါးအသင္းဟာ ဒိုင္နမိုဇာဂရက္နဲ႔ ကစားတဲ့ယူ႐ိုပါလိဂ္၁၆သင္းအဆင့္ ရႈံးထြက္ပြဲစဥ္ပထမအေက်ာ့က ၂ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ေပမယ့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ၃ဂိုးျပတ္နဲ႔ရႈံးနိမ့္ကာ ႏွစ္ေက်ာ့ေပါင္ း၃ဂိုး၂ဂိုးနဲ႔ ရႈံးနိမ့္တဲ့အတြက္ ၿပိဳင္ပြဲကထြက္ခဲ့ရပါတယ္။

ေပါက္ကြဲေနတဲ့ စပါးပရိသတ္ တစ္ေယာက္ကေတာ့ ခြင့္လႊတ္ႏိုင္စရာ မရွိေၾကာင္း တစ္သင္းလုံးဟာ ပလန္မရွိဘဲ မိနစ္၉၀လုံး ကစားသြားခဲ့ေၾကာင္း ေဝဖန္ ေျပာဆိုထားပါတယ္။ စပါးအသင္းဟာ ယူ႐ိုပါလိဂ္ကေန ထြက္လိုက္ရတဲ့အျပင္ လာမယ့္ႏွစ္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရမယ့္ ေမွ်ာ္လင့္ခ်က္လည္း နည္းပါးလာေနပါတယ္။ အမွတ္ေပးဇယားမွာနည္းျပ ေမာ္ရင္ဟိုရဲ႕ စပါးအသင္းဟာ အဆင့္၈ေနရာတြင္ ရပ္တည္ေနပါတယ္။

“ကြၽန္ေတာ္ အ႐ိုးသားဆုံး ေျပာတာပါ ၁၈လအတြင္း စပါးအသင္းက ကြၽန္ေတာ္ ၁၅ႏွစ္တာ အားေပးလာသမွ်မွာ အဆိုး႐ြားဆုံးပါပဲ။ အခုေလာက္ဆို လုံေလာက္ပါၿပီ ဟိုေဆးကို ႏႈတ္ဆက္ပါရေစ”လို႔ ပရိသတ္တစ္ေယာက္ကေရးသားထားပါတယ္။ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း“စပါးအသင္းအတြက္အဆိုး႐ြားဆုံးရႈံးနိမ့္မႈျဖစ္ေစခဲ့ပါတယ္။ဒီလိုအျဖစ္အပ်က္မ်ိဳးအရင္ကတစ္ခါမွမေတြ႕ခဲ့ဘူး။ နည္းျပေမာ္ရင္ဟိုကိုရာထူးကထုတ္ပယ္ပါ။“ လို႔ေတာင္းဆိုခဲ့ပါတယ္။

၂၀၁၉ခုႏွစ္ ဒီဇင္ဘာလက ပိုခ်က္တီႏို ေနရာ အစားဝင္လာတဲ့ ေမာ္ရင္ဟိုဟာ ၂၀၀၈ခုႏွစ္ ေနာက္ပိုင္း ဆုဖလား မရေသးတဲ့ စပါးအသင္းကို ေအာင္ျမင္မႈ ရေအာင္ ႀကိဳးပမ္းေနရာမွာ အခုေတာ့ သူကိုယ္တိုင္ခက္ခဲမႈေတြနဲ႔ ရင္ဆိုင္ေနရတာပါ။