မော်ရင်ဟိုကို လွမ်းနေမယ့် ကိန်းနဲ့ဆွန် အတွဲရဲ့ ကျေးဇူးတင်နှုတ်ဆက်လွှာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မော်ရင်ဟိုရဲ့ အဓိကအားကိုးရာ တိုက်စစ်အတွဲဖြစ်တဲ့ ကိန်းနဲ့ဆွန်ဟာ ပထမဆုံးမော်ရင်ဟိုကို ကျေးဇူးတင်စကားဆိုခဲ့ကြသူတွေဖြစ်ခဲ့ကြပြီး တောင်ကိုရီးယား ကစားသမား ဆွန်က “လက်ရှိမှာ ခံစားနေရတာကို ပြောစရာစကားလုံးတောင်မရှိပါဘူး။”

“ဟိုဆေးနဲ့အတူအလုပ်လုပ်ခဲ့ရတာ ပျော်စရာဖြစ်ခဲ့ရပါတယ်။ ထင်တိုင်းမပေါက်မြောက် မအောင်မြင်ခဲ့ကြပေမယ့် အတူရှိခဲ့တဲ့အချိန်တွေအတွက် တကယ့်ကို ကျေးဇူးအများကြီးတင်ပါတယ်။ဟိုဆေးတစ်ယောက် ရှေ့ဆက်ပြီးလည်း အကောင်းဆုံးတွေဖြစ်ပါစေ” ဆိုပြီးပြောခဲ့ပါတယ်။

ကိန်းနှင့် ဆွန်ဟောင်မင်တို့အတွဲဟာ မော်ရင်ဟိုလက်အောက်မှာ ခြေစွမ်းပြနိုင်ခဲ့ကြပြီး ပေါ်တူဂီသားလက်အောက်မှာ ၇၄ဂိုးသွင်း၊ ၄၁ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းကတော့ ဆရာဟောင်း အတွက်”အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် နည်းပြကြီးရေ။ အတူတူ အလုပ်တွဲလုပ်ခွင့်ရခဲ့တာ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ ဘဝရဲ့ နောက်ထပ် စာမျက်နှာတစ်ခုမှာ အားလုံးအကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာနည်းပြ မော်ရင်ဟိုလက်အောက်မှာ (၆၂) ပွဲပါဝင်ကစားခဲ့ပြီး (၄၅) ဂိုးသွင်းကာ၊ (၁၇) ဂိုးဖန်တီးထားတာကြောင့် (၆၂) ဂိုးအထိ ပါဝင်ပတ်သက်ခဲ့ပါတယ်။

မော်ရင်ဟို အထုတ်ခံရပြီးနောက် လစ်လပ်သွားတဲ့ စပါးအသင်းရဲ့ နည်းပြရာထူးနေရာမှာ စပါးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရိုင်ယန်မေဆန်က ယာယီနည်းပြအဖြစ် အစားထိုး ဝင်ရောက်တာဝန်ယူသွားမယ်လို့ ကြားသိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမာ္ရင္ဟိုကို လြမ္းေနမယ့္ ကိန္းနဲ႔ဆြန္ အတြဲရဲ႕ ေက်းဇူးတင္ႏႈတ္ဆက္လႊာ

ေမာ္ရင္ဟိုရဲ႕ အဓိကအားကိုးရာ တိုက္စစ္အတြဲျဖစ္တဲ့ ကိန္းနဲ႔ဆြန္ဟာ ပထမဆုံးေမာ္ရင္ဟိုကို ေက်းဇူးတင္စကားဆိုခဲ့ၾကသူေတြျဖစ္ခဲ့ၾကၿပီး ေတာင္ကိုရီးယား ကစားသမား ဆြန္က “လက္ရွိမွာ ခံစားေနရတာကို ေျပာစရာစကားလုံးေတာင္မရွိပါဘူး။”

“ဟိုေဆးနဲ႔အတူအလုပ္လုပ္ခဲ့ရတာ ေပ်ာ္စရာျဖစ္ခဲ့ရပါတယ္။ ထင္တိုင္းမေပါက္ေျမာက္ မေအာင္ျမင္ခဲ့ၾကေပမယ့္ အတူရွိခဲ့တဲ့အခ်ိန္ေတြအတြက္ တကယ့္ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ဟိုေဆးတစ္ေယာက္ ေရွ႕ဆက္ၿပီးလည္း အေကာင္းဆုံးေတြျဖစ္ပါေစ” ဆိုၿပီးေျပာခဲ့ပါတယ္။

ကိန္းႏွင့္ ဆြန္ေဟာင္မင္တို႔အတြဲဟာ ေမာ္ရင္ဟိုလက္ေအာက္မွာ ေျခစြမ္းျပႏိုင္ခဲ့ၾကၿပီး ေပၚတူဂီသားလက္ေအာက္မွာ ၇၄ဂိုးသြင္း၊ ၄၁ဂိုး ဖန္တီးထားႏိုင္ခဲ့ပါတယ္။

ဟယ္ရီကိန္းကေတာ့ ဆရာေဟာင္း အတြက္”အရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္ နည္းျပႀကီးေရ။ အတူတူ အလုပ္တြဲလုပ္ခြင့္ရခဲ့တာ တကယ့္ကို ေကာင္းမြန္ခဲ့ပါတယ္။ ဘဝရဲ႕ ေနာက္ထပ္ စာမ်က္ႏွာတစ္ခုမွာ အားလုံးအေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္”လို႔ သူ႔ရဲ႕ လူမႈကြန္ရက္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာနည္းျပ ေမာ္ရင္ဟိုလက္ေအာက္မွာ (၆၂) ပြဲပါဝင္ကစားခဲ့ၿပီး (၄၅) ဂိုးသြင္းကာ၊ (၁၇) ဂိုးဖန္တီးထားတာေၾကာင့္ (၆၂) ဂိုးအထိ ပါဝင္ပတ္သက္ခဲ့ပါတယ္။

ေမာ္ရင္ဟို အထုတ္ခံရၿပီးေနာက္ လစ္လပ္သြားတဲ့ စပါးအသင္းရဲ႕ နည္းျပရာထူးေနရာမွာ စပါးလူငယ္အသင္းကေန ေပၚထြက္လာခဲ့တဲ့ အဂၤလန္ကြင္းလယ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ႐ိုင္ယန္ေမဆန္က ယာယီနည္းျပအျဖစ္ အစားထိုး ဝင္ေရာက္တာဝန္ယူသြားမယ္လို႔ ၾကားသိရပါတယ္။