မော်ရင်ဟိုကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့ဖူးတယ်လို့ ဖွင့်ဟပြောဆိုလိုက်တဲ့ နာမည်ကျော်ဒိုင်လူကြီးဟောင်း ကလက်တန်ဘတ်

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်နာမည်ကျော်ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်တဲ့ ကလက်တန်ဘတ်က မန်ချက်စတာယူနိုက်တက်အသင်းကို မော်ရင်ဟို နည်းပြအဖြစ်ကိုင်တွယ်ခဲ့ချိန်တုန်းက

ပွဲအပြီးအဝတ်လဲခန်းအတွင်း တစ်ယောက်နဲ့တစ်ယောက်စကားများတာကနေ မော်ရင်ဟိုကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့ဖူးတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ကလက်တန်ဘတ်ဟာ သူ့ရဲ့အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ တစ်ချိန်က မော်ရင်ဟိုနဲ့ပြဿနာတက်ခဲ့တဲ့အဖြစ်အပျက်ကို ထည့်သွင်းရေးသားခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက စတုတ်စီးတီးနဲ့ (၁-၁)ဂိုးစီသရေကျခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းဟာ ရွန်နီရဲ့ပွဲပြီးခါနီး ဖရီးကစ်သွင်းဂိုးကြောင့် သရေတစ်မှတ်ရရှိခဲ့ပြီး

မော်ရင်ဟိုက ပယ်နယ်တီဧရိယာအတွင်း စတုတ်စီးတီးနောက်ခံလူရှောခရော့စ် လက်ထိဘောဖြစ်ခဲ့တာကို ပယ်နယ်တီမပေးခဲ့လို့ ဒိုင်လူကြီးကလက်တန်ဘတ်ကို မကျေမနပ်ဖြစ်၊ ဒေါသပေါက်ကွဲခဲ့ပါတယ်။

ပွဲအပြီးမှာ ကလက်တန်ဘတ်က ရုပ်သံပြန်ကြည့်ပြီးတော့ သူ့ဆုံးဖြတ်ချက်မှန်တယ်လို့ ပြန်ပြောခဲ့ပေမယ့် မော်ရင်ဟိုကတော့ သူ့ရဲ့ထုံးစံအတိုင်း တဖျစ်တောက်တောက်နဲ့ စောဒကတက်ခဲ့ပြီး

ကလက်တန်ဘတ်ရဲ့အဝတ်လဲခန်းအထိ နားပူနားဆာလုပ်ခဲ့ချိန်မှာ ကလက်တန်တစ်ယောက် သည်းမခံနိုင်တော့ဘဲ သူစီးတဲ့ဖိနပ်နဲ့ မော်ရင်ဟိုကိုပစ်ပေါက်ခဲ့တာပါ။

ကံကောင်းလို့ မော်ရင်ဟိုကို မထိဘဲ သူ့နောက်က နံရံကို သွားမှန်ခဲ့ပြီး အဲဒီအဖြစ်အပျက်အတွက် မော်ရင်ဟို အံ့အားသင့်နေတုန်း ကလက်တန်ဘက်က “အဝတ်လဲခန်းထဲက ထွက်သွားစမ်း”လို့ ဒေါသတကြီးအော်ဟစ်ခဲ့ပါတယ်။

မော်ရင်ဟိုနဲ့ပြဿနာတက်ပြီး သိပ်မကြာခင်မှာပဲ ကလက်တန်ဘတ်ဟာ ပရီးမီးယားလိဂ်ဒိုင်လူကြီးရာထူးက နုတ်ထွက်ခဲ့သလို အဲဒီအဖြစ်အပျက်ကြောင့်ပဲ ဒိုင်လူကြီးအဖြစ်ကနေ အနားယူဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ကလက်တန်ဘတ်က သူ့စာအုပ်ထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

ကလက်တန်ဘတ်နဲ့ မော်ရင်ဟိုတို့ဟာ အဲဒီလိုပြဿနာမဖြစ်ခင်ကတည်းက ဆက်ဆံရေးအဆင်မပြေခဲ့ဘဲ မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းနည်းပြရာထူးကနေ ဒုတိယအကြိမ်အထုတ်ခံခဲ့ရတာက ကလက်တန်ဘတ်ကြောင့်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။

၂၀၁၅-၁၆ ရာသီမှာ ချယ်လ်ဆီးနည်းပြအဖြစ် မော်ရင်ဟို နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ကလက်တန်ဘတ်က ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ပြီး ချယ်လ်ဆီးအသင်း (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို ပွဲအပြီးမှာပဲ မော်ရင်ဟိုလည်း နည်းပြရာထူးကအထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအကြောင်းနဲ့ပတ်သက်လို့ ကလက်တန်ဘက်က “ချယ်လ်ဆီးနည်းပြရာထူးကနေ အထုတ်ခံခဲ့ရလို့ မော်ရင်ဟိုက ကျွန်တော့်ကို အပြစ်တင်ခဲ့ပါတယ်။

ဒါပေမဲ့ တကယ်တမ်းက ရှေ့ပွဲတွေမှာ ရလဒ်မကောင်းခဲ့တာကိုပဲ မော်ရင်ဟို အပြစ်တင်ရမှာပါ။

ရီးယဲလ်အသင်းဆီကနေ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိချိန်မှာ မော်ရင်ဟိုဟာ အသင်းအောင်မြင်မှုရဖို့ အသည်းအသန်ကြိုးစားခဲ့ပြီး ကျွန်တော့်ကြောင့် သူ နည်းပြရာထူးကနေ အထုတ်ခံခဲ့ရတယ်လို့ ထင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း နည်းပြအဖြစ်ခန့်အပ်ခံခဲ့ရချိန်မှာလည်း ကျွန်တော့်ကြောင့်ပဲ နည်းပြရာထူးကနေ အထုတ်ခံရမယ်လို့ တွေးထားတာဖြစ်ပြီး မော်ရင်ဟိုက ကျွန်တော့်ကို ဘယ်တော့မှအမြင်မကြည်ဘဲဖြစ်နေတာပါ”လို့ပြောခဲ့ဖူးပါတယ်။

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

zawgyi

ေမာ္ရင္ဟိုကို ဖိနပ္နဲ႔ပစ္ေပါက္ခဲ့ဖူးတယ္လို႔ ဖြင့္ဟေျပာဆိုလိုက္တဲ့ နာမည္ေက်ာ္ဒိုင္လူႀကီးေဟာင္း ကလက္တန္ဘတ္

ပရီးမီးယားလိဂ္နဲ႔ အဂၤလန္နာမည္ေက်ာ္ဒိုင္လူႀကီးေဟာင္းတစ္ဦးျဖစ္တဲ့ ကလက္တန္ဘတ္က မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေမာ္ရင္ဟို နည္းျပအျဖစ္ကိုင္တြယ္ခဲ့ခ်ိန္တုန္းက ပြဲအၿပီးအဝတ္လဲခန္းအတြင္း တစ္ေယာက္နဲ႔တစ္ေယာက္စကားမ်ားတာကေန ေမာ္ရင္ဟိုကို ဖိနပ္နဲ႔ပစ္ေပါက္ခဲ့ဖူးတယ္လို႔ ဖြင့္ဟလိုက္ပါတယ္။ ကလက္တန္ဘတ္ဟာ သူ႔ရဲ႕အတၳဳပၸတၱိစာအုပ္ထဲမွာ တစ္ခ်ိန္က ေမာ္ရင္ဟိုနဲ႔ျပႆနာတက္ခဲ့တဲ့အျဖစ္အပ်က္ကို ထည့္သြင္းေရးသားခဲ့တာလည္းျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက စတုတ္စီးတီးနဲ႔ (၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ ယူႏိုက္တက္အသင္းဟာ ႐ြန္နီရဲ႕ပြဲၿပီးခါနီး ဖရီးကစ္သြင္းဂိုးေၾကာင့္ သေရတစ္မွတ္ရရွိခဲ့ၿပီး ေမာ္ရင္ဟိုက ပယ္နယ္တီဧရိယာအတြင္း စတုတ္စီးတီးေနာက္ခံလူေရွာခေရာ့စ္ လက္ထိေဘာျဖစ္ခဲ့တာကို ပယ္နယ္တီမေပးခဲ့လို႔ ဒိုင္လူႀကီးကလက္တန္ဘတ္ကို မေက်မနပ္ျဖစ္၊ ေဒါသေပါက္ကြဲခဲ့ပါတယ္။

ပြဲအၿပီးမွာ ကလက္တန္ဘတ္က ႐ုပ္သံျပန္ၾကည့္ၿပီးေတာ့ သူ႔ဆုံးျဖတ္ခ်က္မွန္တယ္လို႔ ျပန္ေျပာခဲ့ေပမယ့္ ေမာ္ရင္ဟိုကေတာ့ သူ႔ရဲ႕ထုံးစံအတိုင္း တဖ်စ္ေတာက္ေတာက္နဲ႔ ေစာဒကတက္ခဲ့ၿပီး ကလက္တန္ဘတ္ရဲ႕အဝတ္လဲခန္းအထိ နားပူနားဆာလုပ္ခဲ့ခ်ိန္မွာ ကလက္တန္တစ္ေယာက္ သည္းမခံႏိုင္ေတာ့ဘဲ သူစီးတဲ့ဖိနပ္နဲ႔ ေမာ္ရင္ဟိုကိုပစ္ေပါက္ခဲ့တာပါ။ ကံေကာင္းလို႔ ေမာ္ရင္ဟိုကို မထိဘဲ သူ႔ေနာက္က နံရံကို သြားမွန္ခဲ့ၿပီး အဲဒီအျဖစ္အပ်က္အတြက္ ေမာ္ရင္ဟို အံ့အားသင့္ေနတုန္း ကလက္တန္ဘက္က “အဝတ္လဲခန္းထဲက ထြက္သြားစမ္း”လို႔ ေဒါသတႀကီးေအာ္ဟစ္ခဲ့ပါတယ္။

ေမာ္ရင္ဟိုနဲ႔ျပႆနာတက္ၿပီး သိပ္မၾကာခင္မွာပဲ ကလက္တန္ဘတ္ဟာ ပရီးမီးယားလိဂ္ဒိုင္လူႀကီးရာထူးက ႏုတ္ထြက္ခဲ့သလို အဲဒီအျဖစ္အပ်က္ေၾကာင့္ပဲ ဒိုင္လူႀကီးအျဖစ္ကေန အနားယူဖို႔ဆုံးျဖတ္လိုက္တာျဖစ္တယ္လို႔ ကလက္တန္ဘတ္က သူ႔စာအုပ္ထဲမွာ ထည့္သြင္းေရးသားခဲ့ပါတယ္။ ကလက္တန္ဘတ္နဲ႔ ေမာ္ရင္ဟိုတို႔ဟာ အဲဒီလိုျပႆနာမျဖစ္ခင္ကတည္းက ဆက္ဆံေရးအဆင္မေျပခဲ့ဘဲ ေမာ္ရင္ဟိုဟာ ခ်ယ္လ္ဆီးအသင္းနည္းျပရာထူးကေန ဒုတိယအႀကိမ္အထုတ္ခံခဲ့ရတာက ကလက္တန္ဘတ္ေၾကာင့္ျဖစ္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ဖူးပါတယ္။

၂၀၁၅-၁၆ ရာသီမွာ ခ်ယ္လ္ဆီးနည္းျပအျဖစ္ ေမာ္ရင္ဟို ေနာက္ဆုံးကိုင္တြယ္ခဲ့တဲ့ လက္စတာနဲ႔ပြဲမွာ ကလက္တန္ဘတ္က ကြင္းလယ္ဒိုင္အျဖစ္ေဆာင္႐ြက္ခဲ့ၿပီး ခ်ယ္လ္ဆီးအသင္း (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့သလို ပြဲအၿပီးမွာပဲ ေမာ္ရင္ဟိုလည္း နည္းျပရာထူးကအထုတ္ခံခဲ့ရတာျဖစ္ပါတယ္။ အဲဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ကလက္တန္ဘက္က “ခ်ယ္လ္ဆီးနည္းျပရာထူးကေန အထုတ္ခံခဲ့ရလို႔ ေမာ္ရင္ဟိုက ကြၽန္ေတာ့္ကို အျပစ္တင္ခဲ့ပါတယ္။

ဒါေပမဲ့ တကယ္တမ္းက ေရွ႕ပြဲေတြမွာ ရလဒ္မေကာင္းခဲ့တာကိုပဲ ေမာ္ရင္ဟို အျပစ္တင္ရမွာပါ။ ရီးယဲလ္အသင္းဆီကေန ခ်ယ္လ္ဆီးအသင္းကို ျပန္လည္ေရာက္ရွိခ်ိန္မွာ ေမာ္ရင္ဟိုဟာ အသင္းေအာင္ျမင္မႈရဖို႔ အသည္းအသန္ႀကိဳးစားခဲ့ၿပီး ကြၽန္ေတာ့္ေၾကာင့္ သူ နည္းျပရာထူးကေန အထုတ္ခံခဲ့ရတယ္လို႔ ထင္ေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္း နည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရခ်ိန္မွာလည္း ကြၽန္ေတာ့္ေၾကာင့္ပဲ နည္းျပရာထူးကေန အထုတ္ခံရမယ္လို႔ ေတြးထားတာျဖစ္ၿပီး ေမာ္ရင္ဟိုက ကြၽန္ေတာ့္ကို ဘယ္ေတာ့မွအျမင္မၾကည္ဘဲျဖစ္ေနတာပါ”လို႔ေျပာခဲ့ဖူးပါတယ္။