

မော်ရင်ညိုရဲ့စပါးနည်းပြဘ၀ ပထမဆုံးခေါ်ယူမယ့်ကစားသမားက ဘယ်သူများဖြစ်လာမလဲ။နည်းပြလောကကိုတစ်ကျော့ပြန်ဝင်ရောက်လာတဲ့ စပါယ်ရှယ်ဝမ်းဟာ စပါးအသင်းကိုအင်အားဖြည့်ဖို့အစီအစဉ်တွေလုပ်နေပြီဖြစ်သလို အပြောင်းအရွှေ့ဈေးကွက်မှာလည်း လှုပ်ရှားဖို့အဆင်သင့်ဖြစ်နေပါပြီ။Dailymail ကတော့ မော်ရင်ညိုပထမဆုံးခေါ်ယူမယ့်ကစားသမားဟာ ဘရူနိုဖာနန်ဒက်စ်နဲ့ ရူဘန်ဒီယက်စ်တို့နှစ်ယောက်ထဲက တစ်ယောက်ဖြစ်လိမ့်မယ်လို့ ရေးသားလိုက်ပါတယ်။

ဒီကစားသမားနှစ်ယောက်လုံးဟာ ပြီးခဲ့တဲ့နွေဈေးကွက်မှာ ဥရောပထိပ်တန်းကလပ်အချို့နဲ့ သတင်းထွက်ခဲ့သူတွေပါ။လက်ရှိအချိန်မှာတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ ရူဘန်ဒီယက်စ်တို့ရဲ့ အပြောင်းအရွှေ့ကိစ္စတွေကိုထိန်းသိမ်းဆွေးနွေးထားဖို့ အေးဂျင့်ဂျော့မန်ဒက်စ်ကို မော်ရင်ညိုက ပြောဆိုထားတယ်လို့သတင်းထွက်လာပါတယ်။ လာမည့်နွေရာသီမှာ စပါးနဲ့သက်တမ်းကုန်ဆုံးမယ့် အယ်ဒါဝီရယ်နဲ့ ဗာတွန်ဂမ်တို့ရဲ့ဗဟိုခံစစ်နေရာအတွက် အသက် ၂၂အရွယ်နောက်ခံလူ ဒီယက်စ်ကိုမော်ရင်ညိုကပစ်မှတ်ထားနေတာပါ။

ဘင်ဖီကာအသင်း အမာခံကစားသမားအဖြစ် ၂ရာသီကြာဖြတ်သန်းခဲ့ပြီးတဲ့နောက် ဒီယက်စ်ဟာယူရို ၂၀၂၀ပြိုင်ပွဲဝင် ပေါ်တူဂီလက်ရွေးစင်အသင်းမှာပါဝင်ဖို့ သေချာနေသူလည်းဖြစ်ပါတယ်။ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကလည်း စပို့တင်းလစ္စဘွန်းအသင်းကိုကျောခိုင်းဖို့ သေချာနေသူဖြစ်ပြီး box-to-box ကစားနိုင်တဲ့ ကွင်းလယ်လူဖြစ်နေတာကြောင့် မော်ရင်ညိုကစိတ်ဝင်စားနေတာပါ။ဒီကစားသမားဟာ ၂၀၁၈-၁၉ဘောလုံးရာသီမှာ စပို့တင်းအသင်းအတွက် သွင်းဂိုး ၃၂ဂိုးနဲ့ဖန်တီးမှု ၁၈ကြိမ်လုပ်နိုင်ခဲ့သူဖြစ်ပြီး ကွင်းလယ်လူအဲရစ်ဆင်နေရာမှာ တိုက်ရိုက်အစားထိုးနိုင်မယ့်သူလို့ မော်ရင်ညိုကယုံကြည်နေပါတယ်။
(zawgyi)
ေမာ္ရင္ညိဳရဲ႕စပါးနည္းျပဘ၀ ပထမဆံုးေခၚယူမယ့္ကစားသမားက ဘယ္သူမ်ားျဖစ္လာမလဲ။နည္းျပေလာကကိုတစ္ေက်ာ့ျပန္၀င္ေရာက္လာတဲ့ စပါယ္ရွယ္၀မ္းဟာ စပါးအသင္းကိုအင္အားျဖည့္ဖို႔အစီအစဥ္ေတြလုပ္ေနၿပီျဖစ္သလို အေျပာင္းအေရႊ႔ေစ်းကြက္မွာလည္း လႈပ္ရွားဖို႔အဆင္သင့္ျဖစ္ေနပါၿပီ။Dailymail ကေတာ့ ေမာ္ရင္ညိဳပထမဆံုးေခၚယူမယ့္ကစားသမားဟာ ဘရူႏိုဖာနန္ဒက္စ္နဲ႔ ရူဘန္ဒီယက္စ္တို႔ႏွစ္ေယာက္ထဲက တစ္ေယာက္ျဖစ္လိမ့္မယ္လို႔ ေရးသားလိုက္ပါတယ္။ဒီကစားသမားႏွစ္ေယာက္လံုးဟာ ၿပီးခဲ့တဲ့ေႏြေစ်းကြက္မွာ ဥေရာပထိပ္တန္းကလပ္အခ်ိဳ႔နဲ႔ သတင္းထြက္ခဲ့သူေတြပါ။လက္ရွိအခ်ိန္မွာေတာ့ ဘရူႏိုဖာနန္ဒက္စ္နဲ႔ ရူဘန္ဒီယက္စ္တို႔ရဲ႕ အေျပာင္းအေရႊ႔ကိစၥေတြကိုထိန္းသိမ္းေဆြးေႏြးထားဖို႔ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကို ေမာ္ရင္ညိဳက ေျပာဆိုထားတယ္လို႔သတင္းထြက္လာပါတယ္။ လာမည့္ေႏြရာသီမွာ စပါးနဲ႔သက္တမ္းကုန္ဆံုးမယ့္ အယ္ဒါ၀ီရယ္နဲ႔ ဗာတြန္ဂမ္တို႔ရဲ႕ဗဟိုခံစစ္ေနရာအတြက္ အသက္ ၂၂အရြယ္ေနာက္ခံလူ ဒီယက္စ္ကိုေမာ္ရင္ညိဳကပစ္မွတ္ထားေနတာပါ။ ဘင္ဖီကာအသင္း အမာခံကစားသမားအျဖစ္ ၂ရာသီၾကာျဖတ္သန္းခဲ့ျပီးတဲ့ေနာက္ ဒီယက္စ္ဟာယူရို ၂၀၂၀ျပိဳင္ပြဲ၀င္ ေပၚတူဂီလက္ေရြးစင္အသင္းမွာပါ၀င္ဖို႔ ေသခ်ာေနသူလည္းျဖစ္ပါတယ္။ ကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္ကလည္း စပို႔တင္းလစၥဘြန္းအသင္းကိုေက်ာခိုင္းဖို႔ ေသခ်ာေနသူျဖစ္ျပီး box-to-box ကစားႏိုင္တဲ့ ကြင္းလယ္လူျဖစ္ေနတာေၾကာင့္ ေမာ္ရင္ညိဳကစိတ္၀င္စားေနတာပါ။ဒီကစားသမားဟာ ၂၀၁၈-၁၉ေဘာလံုးရာသီမွာ စပို႔တင္းအသင္းအတြက္ သြင္းဂိုး ၃၂ဂိုးနဲ႔ဖန္တီးမႈ ၁၈ၾကိမ္လုပ္ႏိုင္ခဲ့သူျဖစ္ၿပီး ကြင္းလယ္လူအဲရစ္ဆင္ေနရာမွာ တိုက္ရိုက္အစားထိုးႏိုင္မယ့္သူလို႔ ေမာ္ရင္ညိဳကယံုၾကည္ေနပါတယ္။