မော်ရင်ညိုဟာ စပါးအတွက် မှားယွင်းတဲ့ခန့်အပ်မှုလား…

PC ; Internet

စပါးအသင်းနဲ့ပရိသတ်တွေအတွက်တော့ ရူးသွပ်စရာ ၁၂နာရီနဲ့ရင်ဆိုင်ခဲ့ရတယ်လို့သာ ဆိုရတော့မှာပါ။မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခွင့်ရခဲ့တဲ့စပါးဟာ သူတို့ရဲ့အသင်းကိုကာလရှည်တာဝန်ယူခဲ့တဲ့နည်းပြပိုချက်တီနိုကို မနေ့ညက ထုတ်ပယ်လိုက်တယ်။စပါးရဲ့ထိုင်ခုံပူပေါ်ရောက်လာတာက သတင်းတွေထွက်ခဲ့သလို မန်ယူနည်းပြဟောင်းမော်ရင်ညိုပါပဲ။စပါယ်ရှယ်ဝမ်းဟာ ဆုဖလားတစ်လုံးရဖို့ ၁၁နှစ်ကြာစောင့်ဆိုင်းနေရတဲ့ စပါးရဲ့မျှော်လင့်ချက်ကိုအဆုံးသတ်ပေးမယ့် အသင့်တော်ဆုံးနည်းပြလား။မတူညီတဲ့ အယူအဆတွေကြားမှာ မော်ရင်ညိုဟာ စပါးအတွက် မှားယွင်းတဲ့ခန့်အပ်မှုဆိုတဲ့ အကြောင်းပြချက် ၃ခုကို လေ့လာကြည့်ရအောင်…

PC ; Internet

အပြောင်းအရွှေ့ဈေးကွက်မှာသုံးဖို့တောင်းဆိုမှု
ပေါ်တိုကထွက်ခွာပြီးတဲ့နောက် ၁၅နှစ်တာကာလမှာ အသင်းကြီးတွေနဲ့နေသားကျခဲ့တဲ့ မော်ရင်ညိုအတွက် ငွေကြေးဆိုတာ အဓိကအကြောင်းအရာတစ်ခုမဟုတ်တော့ပါဘူး။သူဟာ ချဲလ်ဆီးမှာ သန်းနဲ့ချီသုံးပြီး ပရီးမီးယားလိဂ်ဖလားရအောင်ယူပေးခဲ့တယ်။ပြီးတော့ အင်တာမီလန်နဲ့ရီးရဲလ်မက်ဒရစ်မှာလည်း ကြီးမားတဲ့ဓနအင်အားအထောက်အပံ့တွေရခဲ့တယ်။မန်ယူနည်းပြဘ၀ ၂ရာသီခွဲကာလမှာဆိုရင် ကစားသမားသစ်ခေါ်ယူဖို့ ပေါင် ၃၉၁.၅ သန်းသုံးစွဲခဲ့တာပါ။

PC ; Internet

ဒါကြောင့် စပါးမှာ မော်ရင်ညိုဘယ်လိုစီမံခန့်ခွဲမလဲ။စပါးဆိုတာက ငွေသုံးကြမ်းတဲ့အသင်းမျိုးမဟုတ်သလို ကစားသမားသစ်တစ်ယောက်မှမခေါ်ဘဲ ပြီးခဲ့တဲ့ဈေးကွက်နှစ်ခုကို ဖြတ်သန်းခဲ့တဲ့အသင်းမျိုးဖြစ်နေပါတယ်။တကယ်လို့ ဒန်နီရယ်လီဗိုင်းသာ စိတ်ပြောင်းပြီး မော်ရင်ညိုအတွက် ဘဏ်တိုက်ဖွင့်ပေးရင်တော့ ပိုချက်တီနိုတုန်းက ဘာလို့ခွင့်မပြုခဲ့တာလဲလို့ မေးခွန်းထုတ်ဖို့သာရှိပါတော့တယ်။

PC ; Internet

မော်ဒန်ကစားသမားတွေနဲ့ဆက်ဆံရေး
ချဲလ်ဆီးမှာတုန်းက ကစားသမားတွေနဲ့သူ့ကြားက အနေအထားဟာ ကိုင်းကျွန်းမီကျွန်းကိုင်းမီဖြစ်ခဲ့တာတော့ မငြင်းနိုင်ပါဘူး။လမ်းပတ်၊တယ်ရီနဲ့ဒရော့ဘာလို ကစားသမားတွေဟာ သူ့ကြောင့် ဘောလုံးဇာတ်ခုံမှာအရောင်ပိုတောက်လာခဲ့ကြသလို အသင်းအတွက်လည်း အထောက်အပံ့ကောင်းတွေဖြစ်ခဲ့တယ်။ဒါပေမဲ့ ၁၅နှစ်ဆိုတဲ့ကာလတစ်ခုမှာ အဲဒီလိုအရည်အချင်းမျိုး ပေါ်တူဂီသားမှာရှိနေဆဲပဲလားဆိုတာတော့ မေးခွန်းထုတ်ရမလိုဖြစ်နေတယ်။

PC ; Internet

နည်းပညာပေါက်ကွဲမှုနှုန်းပြင်းထန်နေတဲ့ ဒီခေတ်ကြီးမှာ Twitter နဲ့ Instagram လို လူမှုကွန်ယက်တွေဟာ ကစားသမားတွေအတွက် ပရိသတ်နဲ့တိုက်ရိုက်ထိတွေ့ခွင့်ရမှုဟာ မကြုံဖူးလောက်အောင် ထိရောက်နေတယ်။အိုးလ်ထရက်ဖို့ဒ်မှာရှိစဉ်တုန်းက မော်ရင်ညိုဟာ ဒီအသံတွေကိုကြားချင်ခဲ့သူမဟုတ်ဘူး။လင်ဂတ်ရဲ့ Instagram စာမျက်နှာမှာ မွေးနေ့ဗွီဒီယိုလေး ပေါ့ဘာတင်တာတောင် စိတ်ဆိုးခဲ့တယ်။ဆိုလိုတာက စပါးအပါအဝင် ဘယ်အသင်းကိုပဲကိုင်တွယ်သည်ဖြစ်စေ မော်ရင်ညိုဟာ လူငယ်မျိုးဆက်သစ်တွေရဲ့လက်ရှိဘဝနဲ့ တသားတည်းဖြစ်ဖို့ ပြသနာရှိနေတာပါပဲ။

PC ; Internet

နည်းစနစ်ဗျူဟာတွေရော အလုပ်ဖြစ်သေးရဲ့လား
လွန်ခဲ့တဲ့ ၁၅နှစ်အကြာ ချဲလ်ဆီးနဲ့အတူ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဖလား ၂လုံးကို ရယူနိုင်ခဲ့တုန်းက မော်ရင်ညိုဟာ နည်းစနစ်ဗျူဟာမှာဂုရုတစ်ပါးဆိုတာ သံသယရှိစရာမလိုခဲ့ပါဘူး။သူဟာ အပြာရောင်တွေကို ရုပ်ပိုင်းဆိုင်ရာပါဝါကောင်းအောင်ပြုစုပျိုးထောင်ခဲ့ပြီး ၄-၃-၃ ကစားကွက်နဲ့အောင်မြင်ခဲ့တယ်။မက်ခီလီလီက ကွင်းလယ်အင်ဂျင်၊ဒရော့ဘာက တိုက်စစ်မြားဦးမှာ ခြေစွမ်းပြနိုင်ခဲ့ကြတယ်။တစ်ရာသီလုံးမှာ ၁၅ဂိုးသာပေးခဲ့ရပြီး ပရီးမီးယားလိဂ်ဖလားသိမ်းနိုင်ခဲ့တယ်။ဒါပေမဲ့ ဘောလုံးကစားဟန်နဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ဟာ အနုတ်လက္ခဏာဆောင်နေတာကြောင့် ထိုင်ခုံအမြဲလှုပ်ခဲ့ရတာကိုလည်း မငြင်းနိုင်ပါဘူး။အထူးသဖြင့် ဂွါဒီယိုလာနဲ့ဂျာဂင်ကလော့ပ်လို ဆွဲဆောင်မှုရှိတဲ့ကစားဟန်မျိုးဖန်ဆင်းသူတွေနဲ့ နှိုင်းယှဉ်ပြီးတော့ပေါ့။

PC ; Internet

သူ့ပရိသတ်တွေကတော့ အနိုင်ရဖို့သာအဓိကဆိုတဲ့ ပွဲတွေ့ဂါထာကို နှစ်သက်နေကြတာမဆန်းပါဘူး။ဒါပေမဲ့ ဘောလုံးလောကမှာ နည်းစနစ်ဗျူဟာတွေဟာ စဉ်ဆက်မပြတ်ပြောင်းလဲနေပါတယ်။လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်ဖို့က သိပ်ကိုအရေးကြီးပါတယ်။တီကီတာကာလို ကစားဟန်မျိုးတောင် လက်ရှိအချိန်မှာ မစိုးမိုးနိုင်တော့ပါဘူး။ခံစစ်အားပြုတာ၊ရန်သူနဲ့မျက်နှာချင်းဆိုင်ကျော်ဖြတ်ဖို့ပဲအားသန်တာ၊လမ်းကြောင်းမရှင်းရင် မူလနေရာကိုသာဘောလုံးပြန်ပို့ စတဲ့ သူ့ရဲ့နည်းစနစ်ပိုင်းတွေဟာ ခေတ်မမီတော့ပါဘူး။မော်ရင်ညိုဟာ သူ့ရဲ့ကိုယ်ပိုင်အားသန်တဲ့ဗျူဟာနဲ့ စပါးမှာအောင်မြင်ကောင်းအောင်မြင်နိုင်ပါတယ်။ဒါပေမဲ့ ပိုချက်တီနိုတည်ဆောက်ပေးသွားတဲ့ မော်ဒန်တန်ပြန်တိုက်စစ်ကစားဟန် ပျောက်ကွယ်သွားရင်၊ခြေစွမ်းနဲ့ရလဒ်တွေ မျှော်လင့်သလိုဖြစ်မလာခဲ့ရင်၊စပါးပရိသတ်တွေရဲ့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်လာရတဲ့ တစ်နေ့မှာတော့…..

(zawgyi)

စပါးအသင္းနဲ႔ပရိသတ္ေတြအတြက္ေတာ့ ရူးသြပ္စရာ ၁၂နာရီနဲ႔ရင္ဆိုင္ခဲ့ရတယ္လို႔သာ ဆိုရေတာ့မွာပါ။မႏွစ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲတက္ခြင့္ရခဲ့တဲ့စပါးဟာ သူတို႔ရဲ႕အသင္းကိုကာလရွည္တာ၀န္ယူခဲ့တဲ့နည္းျပပိုခ်က္တီႏိုကို မေန႔ည က ထုတ္ပယ္လိုက္တယ္။စပါးရဲ႕ထိုင္ခံုပူေပၚေရာက္လာတာက သတင္းေတြထြက္ခဲ့သလို မန္ယူနည္းျပ ေဟာင္း ေမာ္ရင္ညိဳပါပဲ။စပါယ္ရွယ္၀မ္းဟာ ဆုဖလားတစ္လံုးရဖို႔ ၁၁ႏွစ္ၾကာေစာင့္ဆိုင္းေနရတဲ့ စပါးရဲ႕ေမွ်ာ္လင့္ခ်က္ကို အဆံုးသတ္ေပးမယ့္ အသင့္ေတာ္ဆံုးနည္းျပလား။မတူညီတဲ့ အယူအဆေတြၾကားမွာ ေမာ္ရင္ညိဳဟာ စပါးအတြက္ မွားယြင္းတဲ့ခန္႔အပ္မႈဆိုတဲ့ အေၾကာင္းျပခ်က္ ၃ခုကို ေလ့လာၾကည့္ရေအာင္…

အေျပာင္းအေရႊ႔ေစ်းကြက္မွာသံုးဖို႔ေတာင္းဆိုမႈ
ေပၚတိုကထြက္ခြာၿပီးတဲ့ေနာက္ ၁၅ႏွစ္တာကာလမွာ အသင္းႀကီးေတြနဲ႔ေနသားက်ခဲ့တဲ့ ေမာ္ရင္ညိဳအတြက္ ေငြေၾကး ဆိုတာ အဓိကအေၾကာင္းအရာတစ္ခုမဟုတ္ေတာ့ပါဘူး။ သူဟာ ခ်ဲလ္ဆီးမွာ သန္းနဲ႔ခ်ီသံုးၿပီး ပရီးမီးယားလိဂ္ဖလား ရေအာင္ယူေပးခဲ့တယ္။ၿပီးေတာ့ အင္တာမီလန္နဲ႔ရီးရဲလ္မက္ဒရစ္မွာလည္း ႀကီးမားတဲ့ဓနအင္အား အေထာက္အပံ့ေတြ ရခဲ့တယ္။ မန္ယူနည္းျပဘ၀ ၂ရာသီခြဲကာလမွာဆိုရင္ ကစားသမားသစ္ေခၚယူဖို႔ ေပါင္ ၃၉၁.၅ သန္းသံုးစြဲခဲ့တာပါ။ ဒါေၾကာင့္ စပါးမွာ ေမာ္ရင္ညိဳဘယ္လိုစီမံခန္႔ခြဲမလဲ။စပါးဆိုတာက ေငြသံုးၾကမ္းတဲ့အသင္းမ်ိဳးမဟုတ္သလို ကစားသမား သစ္တစ္ေယာက္မွမေခၚဘဲ ၿပီးခဲ့တဲ့ေစ်းကြက္ႏွစ္ခုကို ျဖတ္သန္းခဲ့တဲ့အသင္းမ်ိဳးျဖစ္ေနပါတယ္။ တကယ္လို႔ ဒန္နီရယ္ လီဗိုင္းသာ စိတ္ေျပာင္းၿပီး ေမာ္ရင္ညိဳအတြက္ ဘဏ္တိုက္ဖြင့္ေပးရင္ေတာ့ ပိုခ်က္တီႏိုတုန္းက ဘာလို႔ခြင့္မျပဳခဲ့တာလဲလို႔ ေမးခြန္းထုတ္ဖို႔သာရွိပါေတာ့တယ္။

ေမာ္ဒန္ကစားသမားေတြနဲ႔ဆက္ဆံေရး
ခ်ဲလ္ဆီးမွာတုန္းက ကစားသမားေတြနဲ႔သူ႔ၾကားက အေနအထားဟာ ကိုင္းကၽြန္းမီကၽြန္းကိုင္းမီျဖစ္ခဲ့တာေတာ့ မျငင္းႏိုင္ ပါဘူး။ လမ္းပတ္၊တယ္ရီနဲ႔ဒေရာ့ဘာလို ကစားသမားေတြဟာ သူ႔ေၾကာင့္ ေဘာလံုးဇာတ္ခံုမွာ အေရာင္ပိုေတာက္ လာခဲ့ ၾကသလို အသင္းအတြက္လည္း အေထာက္အပံ့ေကာင္းေတြျဖစ္ခဲ့တယ္။ဒါေပမဲ့ ၁၅ႏွစ္ဆိုတဲ့ကာလတစ္ခုမွာ အဲဒီလို အရည္အခ်င္းမ်ိဳး ေပၚတူဂီသားမွာရွိေနဆဲပဲလားဆိုတာေတာ့ ေမးခြန္းထုတ္ရမလိုျဖစ္ေနတယ္။ နည္းပညာ ေပါက္ကြဲမႈ ႏႈန္းျပင္းထန္ေနတဲ့ ဒီေခတ္ႀကီးမွာ Twitter နဲ႔ Instagram လို လူမႈကြန္ယက္ေတြဟာ ကစားသမားေတြ အတြက္ ပရိသတ္နဲ႔တိုက္ရိုက္ထိေတြ႔ခြင့္ရမႈဟာ မႀကံဳဖူးေလာက္ေအာင္ ထိေရာက္ေနတယ္။အိုးလ္ထရက္ဖို႔ဒ္မွာရွိစဥ္တုန္းက ေမာ္ရင္ညိဳဟာ ဒီအသံေတြကိုၾကားခ်င္ခဲ့သူမဟုတ္ဘူး။လင္ဂတ္ရဲ႕ Instagram စာမ်က္ႏွာမွာ ေမြးေန႔ဗီြဒီယိုေလး ေပါ့ဘာတင္တာေတာင္ စိတ္ဆိုးခဲ့တယ္။ဆိုလိုတာက စပါးအပါအ၀င္ ဘယ္အသင္းကိုပဲကိုင္တြယ္သည္ျဖစ္ေစ ေမာ္ရင္ညိဳဟာ လူငယ္မ်ိဳးဆက္သစ္ေတြရဲ႕လက္ရွိဘ၀နဲ႔ တသားတည္းျဖစ္ဖို႔ ျပသနာရွိေနတာပါပဲ။

နည္းစနစ္ဗ်ဴဟာေတြေရာ အလုပ္ျဖစ္ေသးရဲ႕လား
လြန္ခဲ့တဲ့ ၁၅ႏွစ္အၾကာ ခ်ဲလ္ဆီးနဲ႔အတူ သူ႔ရဲ႕ပထမဆံုးပရီးမီးယားလိဂ္ဖလား ၂လံုးကို ရယူႏိုင္ခဲ့တုန္းက ေမာ္ရင္ညိဳဟာ နည္းစနစ္ဗ်ဴဟာမွာဂုရုတစ္ပါးဆိုတာ သံသယရွိစရာမလိုခဲ့ပါဘူး။သူဟာ အျပာေရာင္ေတြကို ရုပ္ပိုင္းဆိုင္ရာ ပါ၀ါေကာင္း ေအာင္ျပဳစုပ်ိဳးေထာင္ခဲ့ၿပီး ၄-၃-၃ ကစားကြက္နဲ႔ေအာင္ျမင္ခဲ့တယ္။မက္ခီလီလီက ကြင္းလယ္အင္ဂ်င္၊ ဒေရာ့ဘာက တိုက္စစ္ျမားဦးမွာ ေျခစြမ္းျပႏိုင္ခဲ့ၾကတယ္။တစ္ရာသီလံုးမွာ ၁၅ဂိုးသာေပးခဲ့ရၿပီး ပရီးမီးယားလိဂ္ဖလား သိမ္းႏိုင္ခဲ့တယ္။ ဒါေပမဲ့ ေဘာလံုးကစားဟန္နဲ႔ပတ္သက္တဲ့ သူ႔ရဲ႕အျမင္ဟာ အႏုတ္လကၡဏာေဆာင္ေနတာေၾကာင့္ ထိုင္ခံု အၿမဲလႈပ္ခဲ့ ရတာကိုလည္း မျငင္းႏိုင္ပါဘူး။အထူးသျဖင့္ ဂြါဒီယိုလာနဲ႔ဂ်ာဂင္ကေလာ့ပ္လို ဆြဲေဆာင္မႈရွိတဲ့ ကစားဟန္မ်ိဳး ဖန္ဆင္း သူေတြနဲ႔ ႏိႈင္းယွဥ္ၿပီးေတာ့ေပါ့။ သူ႔ပရိသတ္ေတြကေတာ့ အႏိုင္ရဖို႔သာအဓိကဆိုတဲ့ ပြဲေတြ႔ဂါထာကို ႏွစ္သက္ ေနၾကတာ မဆန္းပါဘူး။ဒါေပမဲ့ ေဘာလံုးေလာကမွာ နည္းစနစ္ဗ်ဴဟာေတြဟာ စဥ္ဆက္မျပတ္ေျပာင္းလဲေနပါတယ္။

လိုက္ေလ်ာ ညီေထြစြာ ေျပာင္းလဲႏိုင္ဖို႔က သိပ္ကိုအေရးႀကီးပါတယ္။ တီကီတာကာလို ကစားဟန္မ်ိဳးေတာင္ လက္ရွိ အခ်ိန္မွာ မစိုးမိုး ႏိုင္ေတာ့ပါဘူး။ ခံစစ္အားျပဳတာ၊ရန္သူနဲ႔မ်က္ႏွာခ်င္းဆိုင္ေက်ာ္ျဖတ္ဖို႔ပဲအားသန္တာ၊ လမ္းေၾကာင္းမရွင္း ရင္ မူလေနရာ ကိုသာ ေဘာလံုးျပန္ပို႔ စတဲ့ သူ႔ရဲ႕နည္းစနစ္ပိုင္းေတြဟာ ေခတ္မမီေတာ့ပါဘူး။ ေမာ္ရင္ညိဳဟာ သူ႔ရဲ႕ ကိုယ္ပိုင္အားသန္တဲ့ ဗ်ဴဟာနဲ႔ စပါးမွာေအာင္ျမင္ေကာင္း ေအာင္ျမင္ႏိုင္ပါတယ္။ဒါေပမဲ့ ပိုခ်က္တီႏိုတည္ေဆာက္ ေပးသြားတဲ့ ေမာ္ဒန္ တန္ျပန္ တိုက္စစ္ကစားဟန္ ေပ်ာက္ကြယ္သြားရင္၊ေျခစြမ္းနဲ႔ရလဒ္ေတြ ေမွ်ာ္လင့္သလို ျဖစ္မလာခဲ့ရင္၊ စပါးပရိသတ္ေတြရဲ႕ စိတ္ပ်က္မႈနဲ႔ ရင္ဆိုင္လာရတဲ့ တစ္ေန႔မွာေတာ့…..