မော်ရင်ညိုရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်တွေထဲမှာ ယူနိုက်တက်မပါဝင်

Photo Credit

Photo Credit

စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုဟာ ယခုရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်မယ့် သူ့ရဲ့ခန့်မှန်းစာရင်းမှာ အသင်းဟောင်း ယူနိုက်တက်ကို ချန်လှပ်ခဲ့ပြီး ရှက်ဖီးယူနိုက်တက်နဲ့ ဝုဗ်အသင်းတို့ကိုတော့ ထည့်သွင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရနောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ နေရာက ရှက်ဖီးကို တစ်ပွဲပို ၂ မှတ်ဖြတ်ထားပါတယ်။

Photo Credit

စပါးအသင်းကလည်း ရာသီအစ နည်းပြဟောင်း ပိုချက်တီနိုလက်ထက်မှာ ရလဒ်တွေဆိုးရွားခဲ့ပေမယ့် နိုဝင်ဘာလက မော်ရင်ညို တာဝန်ယူခဲ့ပြီးနောက်ပိုင်း ရလဒ်ပြန်ကောင်းလာပြီး ချဲလ်ဆီးအသင်းနဲ့ ၄ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ အဲဗာတန်က စပါးနဲ့ ၁ မှတ်လျော့ အဆင့် ၇နေရာမှာ ရပ်တည်နေပြီး ဆောင်းရာသီအားလပ်ရက်မတိုင်ခင် ဂိုးမရှိသရေကျခဲ့တဲ့ ယူနိုက်တက်နဲ့ ဝုဗ်တို့ကတော့ ချဲလ်ဆီးနဲ့ ၆ မှတ်အကွာမှာ ရပ်တည်နေပါတယ်။

Photo Credit

အာဆင်နယ်က ပွဲစဉ် ၂၅ အပြီးမှာ ချဲလ်ဆီးနဲ့ ၁၀ မှတ်အထိ ကွာဟနေလို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ဖို့ ရာခိုင်နှုန်းအများဆုံးဖြစ်နေပေမယ့် မော်ရင်ညိုကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်တဲ့စာရင်းကနေ အပြီးတိုင်ထုတ်ပယ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၂၀၁၈ ဒီဇင်ဘာလက ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ညိုဟာ စတုတ္ထနေရာအတွက် သူ့ရဲ့ခန့်မှန်းစာရင်းထဲမှာ ယူနိုက်တက်ကို မထည့်သွင်းခဲ့ပေမယ့် ရှက်ဖီးယူနိုက်တက်နဲ့ ဝုဗ်တို့ကိုတော့ အထူးချီးကျူးသွားပါတယ်။

Photo Credit

”ဝုဗ်နဲ့ ရှက်ဖီးတို့က ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖို့ တိုက်ပွဲဝင်နေပါတယ်။ အဲဒီအသင်းတွေရဲ့နည်းပြတွေကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရည်မှန်းမထားဘူးလို့ ပြောနေပြီး ဒါကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေအများကြီးရှိပါတယ်။ သူတို့ ရပ်တည်နေတဲ့အဆင့်သတ်မှတ်ချက်ကြောင့်မဟုတ်ဘဲ သူတို့ရဲ့ပါဝါနဲ့ အရည်အချင်းတွေကြောင့်ပါ”

Photo Credit

”ဝုဗ်က အရေးပါတဲ့ကစားသမား ပိုဒန့်စ်ကို ပေါင် ၁၇သန်းနဲ့ အားဖြည့်ပြီး သူတို့ရဲ့အနေအထားကို တိုးတက်ဖို့ ကြိုးစားထားပါတယ်။ ရှက်ဖီးကလည်း အရေးပါတဲ့အားဖြည့်မှုအဖြစ် ဆန်ဒါဘာဂီကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူထားပါတယ်။ ဒီတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က စပါး၊ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ အဲဗာတန်တို့ပဲ ကြိုးစားရမှာမဟုတ်တော့ပါဘူး။ သူတို့လည်း ပါဝင်လာပါတယ်”လို့ မော်ရင်ညိုက ပြောပါတယ်။

Photo Credit

စပါးဟာ တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး တစ်ရက်အကြာမှာ ချဲလ်ဆီးက ယူနိုက်တက်ကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။ အဲဒီနောက် စပါးဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပ-အကျော့ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်ကို ဧည့်ခံကစားရမှာဖြစ်ပြီး အဲဒီပွဲအပြီး ၃ရက်အကြာမှာ ချဲလ်ဆီးနဲ့ရင်ဆိုင်ရမှာဖြစ်သလို မတ်လ ၁ရက်နေ့မှာလည်း ဝုဗ်နဲ့ ဆက်လက်ကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

ေမာ္ရင္ညိဳရဲ႕ ခ်န္ပီယံလိဂ္၀င္ခြင့္ၿပိဳင္ဘက္ေတြထဲမွာ ယူႏိုက္တက္မပါ၀င္

စပါးအသင္းနည္းျပ ဟိုေဆးေမာ္ရင္ညိဳဟာ ယခုရာသီအကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရႏိုင္မယ့္ သူ႕ရဲ႕ခန္႔မွန္းစာရင္းမွာ အသင္းေဟာင္း ယူႏုိက္တက္ကို ခ်န္လွပ္ခဲ့ၿပီး ရွက္ဖီးယူႏုိက္တက္နဲ႔ ၀ုဗ္အသင္းတို႔ကိုေတာ့ ထည့္သြင္းခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးအသင္းက ခ်န္ပီယံလိဂ္၀င္ခြင့္ရေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၄ေနရာမွာ ရပ္တည္ေနၿပီး အဆင့္ ၅ ေနရာက ရွက္ဖီးကို တစ္ပြဲပုိ ၂ မွတ္ျဖတ္ထားပါတယ္။
စပါးအသင္းကလည္း ရာသီအစ နည္းျပေဟာင္း ပိုခ်က္တီႏိုလက္ထက္မွာ ရလဒ္ေတြဆုိးရြားခဲ့ေပမယ့္ ႏို၀င္ဘာလက ေမာ္ရင္ညိဳ တာ၀န္ယူခဲ့ၿပီးေနာက္ပိုင္း ရလဒ္ျပန္ေကာင္းလာၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ ၄ မွတ္အကြာမွာ ရပ္တည္ေနပါတယ္။ အဲဗာတန္က စပါးနဲ႔ ၁ မွတ္ေလ်ာ့ အဆင့္ ၇ေနရာမွာ ရပ္တည္ေနၿပီး ေဆာင္းရာသီအားလပ္ရက္မတုိင္ခင္ ဂိုးမရိွသေရက်ခဲ့တဲ့ ယူႏုိက္တက္နဲ႔ ၀ုဗ္တုိ႔ကေတာ့ ခ်ဲလ္ဆီးနဲ႔ ၆ မွတ္အကြာမွာ ရပ္တည္ေနပါတယ္။
အာဆင္နယ္က ပြဲစဥ္ ၂၅ အၿပီးမွာ ခ်ဲလ္ဆီးနဲ႔ ၁၀ မွတ္အထိ ကြာဟေနလုိ႔ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ လြဲေခ်ာ္ဖို႔ ရာခိုင္ႏႈန္းအမ်ားဆုံးျဖစ္ေနေပမယ့္ ေမာ္ရင္ညိဳကေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္ရႏိုင္တဲ့စာရင္းကေန အၿပီးတုိင္ထုတ္ပယ္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ၂၀၁၈ ဒီဇင္ဘာလက ယူႏုိက္တက္နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရတဲ့ ေမာ္ရင္ညိဳဟာ စတုတၳေနရာအတြက္ သူ႕ရဲ႕ခန္႔မွန္းစာရင္းထဲမွာ ယူႏုိက္တက္ကို မထည့္သြင္းခဲ့ေပမယ့္ ရွက္ဖီးယူႏုိက္တက္နဲ႔ ၀ုဗ္တို႔ကိုေတာ့ အထူးခ်ီးက်ဴးသြားပါတယ္။
”၀ုဗ္နဲ႔ ရွက္ဖီးတို႔က ထိပ္ဆုံး ၄သင္းစာရင္း၀င္ဖို႔ တုိက္ပြဲ၀င္ေနပါတယ္။ အဲဒီအသင္းေတြရဲ႕နည္းျပေတြကေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ရည္မွန္းမထားဘူးလုိ႔ ေျပာေနၿပီး ဒါကိုလည္း ကၽြန္ေတာ္ နားလည္ပါတယ္။ ဒါေပမဲ့ ျဖစ္ႏိုင္ေျခအမ်ားႀကီးရွိပါတယ္။ သူတုိ႔ ရပ္တည္ေနတဲ့အဆင့္သတ္မွတ္ခ်က္ေၾကာင့္မဟုတ္ဘဲ သူတို႔ရဲ႕ပါ၀ါနဲ႔ အရည္အခ်င္းေတြေၾကာင့္ပါ”
”၀ုဗ္က အေရးပါတဲ့ကစားသမား ပိုဒန္႔စ္ကို ေပါင္ ၁၇သန္းနဲ႔ အားျဖည့္ၿပီး သူတို႔ရဲ႕အေနအထားကို တုိးတက္ဖို႔ ႀကိဳးစားထားပါတယ္။ ရွက္ဖီးကလည္း အေရးပါတဲ့အားျဖည့္မႈအျဖစ္ ဆန္ဒါဘာဂီိကို ေပါင္ ၂၂ သန္းနဲ႔ ေခၚယူထားပါတယ္။ ဒီေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖုိ႔က စပါး၊ အာဆင္နယ္၊ ခ်ဲလ္ဆီးနဲ႔ အဲဗာတန္တို႔ပဲ ႀကိဳးစားရမွာမဟုတ္ေတာ့ပါဘူး။ သူတုိ႔လည္း ပါ၀င္လာပါတယ္”လုိ႔ ေမာ္ရင္ညိဳက ေျပာပါတယ္။
စပါးဟာ တနဂၤေႏြေန႔မွာ အက္စတြန္ဗီလာနဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး တစ္ရက္အၾကာမွာ ခ်ဲလ္ဆီးက ယူႏိုက္တက္ကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။ အဲဒီေနာက္ စပါးဟာ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ပ-အေက်ာ့ပြဲစဥ္အျဖစ္ လုိက္ပ္ဇစ္ကို ဧည့္ခံကစားရမွာျဖစ္ၿပီး အဲဒီပဲြအၿပီး ၃ရက္အၾကာမွာ ခ်ဲလ္ဆီးနဲ႔ရင္ဆုိင္ရမွာျဖစ္သလို မတ္လ ၁ရက္ေန႔မွာလည္း ၀ုဗ္နဲ႔ ဆက္လက္ကစားရမွာျဖစ္ပါတယ္။