မော်ဒန်ကစားသမားတစ်ယောက်လို့ ဗယ်ဗာဒီကို ဇီဒန်းချီးကျူး

 

PC ; Internet

ဂရန်နာဒါကို ၄-၂ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကစားသမားလေး ဖီဒါရီကိုဗယ်ဗာဒီကို ရီးရဲလ်နည်းပြဇီဒန်းက မော်ဒန်ကစားသမားတစ်ယောက်လို့ ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။အသက် ၂၁နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ရီးရဲလ်အတွက် လာလီဂါ ၃ပွဲဆက်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး တိုက်စစ်မှူးဟာဇက်ဂိုးသွင်းဖို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဥရုဂွေးသားလေးရဲ့ စွမ်းအင်အပေါ် ဇီဒန်းက ကျေနပ်နေပြီး တိုက်စစ်မှာသာမက ခံစစ်ကိုပါလိုက်ပါကူညီနိုင်သူလို့ ချီးမွမ်းလိုက်တာပါ။

PC ; Internet

“ သူ့အတွက် ကျွန်တော် ပျော်ရွှင်ရပါတယ်။သူဟာ ကိုယ်ဘယ်လောက်ကောင်းတယ်ဆိုတာကို အမြဲတမ်းသက်သေပြနိုင်တဲ့ ကစားသမားမျိုးပါ။သူ့ခြေစွမ်းက တိုးတက်လာတယ်။ထူးထူးခြားခြားလည်း လုပ်လာနိုင်တယ်။တိုက်စစ်ကို အတော်လေးအားသန်ပြီး ဘောလုံးရချင်သလို ဂိုးရဖို့လည်း ကြိုးစားလေ့ရှိတယ်။သူဟာ မော်ဒန်ကစားသမားတစ်ယောက်ပါ။သူ့ကိုယ်ထဲမှာ အံ့သြစရာကောင်းတဲ့ စွမ်းအင်တွေရှိနေတယ်။အဲဒါက တိုက်စစ်တစ်ခုတည်းမဟုတ်ဘူး။ခံစစ်မှာပါ အသုံးပြုနိုင်တယ်။မော်ဒန်ဘောလုံးလောကမှာ အဲဒါက အရေးကြီးပါတယ်။ပွဲထွက်ခွင့်ရတာနဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုး သူ ပြနိုင်တဲ့အတွက် ကျွန်တော်ကြည်နူးရပါတယ် ”လို့ ဇီဒန်းက ဖွင့်ဟသွားပါတယ်။

PC ; Internet

ဒီနိုင်ပွဲကြောင့် ရီးရဲလ်ဟာ ပြိုင်ဘက်တွေကို ၄မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။ဗယ်ဗာဒီကတော့ ရီးရဲလ်အတွက် စွမ်းဆောင်မှုအကောင်းဆုံး ကစားသမားစာရင်းမှာ ဖျက်ထုတ်မှု ၃ကြိမ်၊ဖန်တီးမှု ၁ကြိမ်နဲ့ အဆင့် -၉ နေရာချိတ်ခဲ့တာပါ။ရီးရဲလ်လူငယ်အသင်းကနေ အသင်းကြီးဆီထိုးဖောက်လာတဲ့ ဗယ်ဗာဒီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒီပို့တီဗိုမှာအငှားနဲ့သွားကစားခဲ့ရပြီး ဥရုဂွေးအသင်းအတွက် ၁၆ပွဲကစား ၂ဂိုးသွင်းပေးထားပါတယ်။

(zawgyi)

ဂရန္နာဒါကို ၄-၂ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ လူငယ္ကစားသမားေလး ဖီဒါရီကိုဗယ္ဗာဒီကို ရီးရဲလ္နည္းျပဇီဒန္းက ေမာ္ဒန္ကစားသမားတစ္ေယာက္လို႔ ထုတ္ေဖာ္ခ်ီးက်ဴးလိုက္ပါတယ္။အသက္ ၂၁ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ ရီးရဲလ္အတြက္ လာလီဂါ ၃ပြဲဆက္ပြဲထြက္ခြင့္ရခဲ့တာျဖစ္ၿပီး တိုက္စစ္မွဴးဟာဇက္ဂိုးသြင္းဖို႔ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ဥရုေဂြးသားေလးရဲ႕ စြမ္းအင္အေပၚ ဇီဒန္းက ေက်နပ္ေနၿပီး တိုက္စစ္မွာသာမက ခံစစ္ကိုပါလိုက္ပါကူညီႏိုင္သူလို႔ ခ်ီးမြမ္းလိုက္တာပါ။“ သူ႔အတြက္ ကၽြန္ေတာ္ ေပ်ာ္ရႊင္ရပါတယ္။သူဟာ ကိုယ္ဘယ္ေလာက္ေကာင္းတယ္ဆိုတာကို အၿမဲတမ္းသက္ေသျပႏိုင္တဲ့ ကစားသမားမ်ိဳးပါ။သူ႔ေျခစြမ္းက တိုးတက္လာတယ္။ထူးထူးျခားျခားလည္း လုပ္လာႏိုင္တယ္။တိုက္စစ္ကို အေတာ္ေလးအားသန္ၿပီး ေဘာလံုးရခ်င္သလို ဂိုးရဖို႔လည္း ႀကိဳးစားေလ့ရွိတယ္။သူဟာ ေမာ္ဒန္ကစားသမားတစ္ေယာက္ပါ။သူ႔ကိုယ္ထဲမွာ အံ့ၾသစရာေကာင္းတဲ့ စြမ္းအင္ေတြရွိေနတယ္။အဲဒါက တိုက္စစ္တစ္ခုတည္းမဟုတ္ဘူး။ခံစစ္မွာပါ အသံုးျပဳႏိုင္တယ္။ေမာ္ဒန္ေဘာလံုးေလာကမွာ အဲဒါက အေရးႀကီးပါတယ္။ပြဲထြက္ခြင့္ရတာနဲ႔ ထိုက္တန္တဲ့ေျခစြမ္းမ်ိဳး သူ ျပႏိုင္တဲ့အတြက္ ကၽြန္ေတာ္ၾကည္ႏူးရပါတယ္ ”လို႔ ဇီဒန္းက ဖြင့္ဟသြားပါတယ္။ဒီႏိုင္ပြဲေၾကာင့္ ရီးရဲလ္ဟာ ၿပိဳင္ဘက္ေတြကို ၄မွတ္ျဖတ္ၿပီး အမွတ္ေပးဇယားထိပ္ဆံုးေနရာကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ဗယ္ဗာဒီကေတာ့ ရီးရဲလ္အတြက္ စြမ္းေဆာင္မႈအေကာင္းဆံုး ကစားသမားစာရင္းမွာ ဖ်က္ထုတ္မႈ ၃ႀကိမ္၊ဖန္တီးမႈ ၁ႀကိမ္နဲ႔ အဆင့္ -၉ ေနရာခ်ိတ္ခဲ့တာပါ။ရီးရဲလ္လူငယ္အသင္းကေန အသင္းႀကီးဆီထိုးေဖာက္လာတဲ့ ဗယ္ဗာဒီဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဒီပို႔တီဗိုမွာအငွားနဲ႔သြားကစားခဲ့ရၿပီး ဥရုေဂြးအသင္းအတြက္ ၁၆ပြဲကစား ၂ဂိုးသြင္းေပးထားပါတယ္။