မော်ကြီးကို အထိနာစေမယ့် ဟယ်ရီကိန်းရဲ့ သတင်းဆိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါး နည်းပြ မော်ရင်ဟိုက လီဗာပူးအသင်းကို ( ၃ – ၁ ) ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာ ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့တဲ့ ဟယ်ရီကိန်းအနေနဲ့ ရက်သတ္တပတ် အနည်းငယ် အနားယူရဖို့ရှိကြောင်း ပြောဆိုခဲ့ပါတယ် ။ စပါးအသင်းခေါင်းဆောင်ဟာ အဆိုပါပွဲစဥ်မှာ ကွင်းတွင်းကုသမှု ( ၂ ) ကြိမ်ထိ ပြုလုပ်ခဲ့ရပြီး ပထမပိုင်းအပြီးမှာ လူစားလှဲခံခဲ့ရပါတယ် ။ ဟယ်ရီကိန်းအနေနဲ့ သီယာဂို ၊ ဟန်ဒါဆန်တို့နဲ့ ထိခိုက်မိခဲ့ပြီး ယခုလို ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုက အဆိုပါ ပွဲစဥ်အပြီး BT Sport နဲ့ တွေ့ဆုံရာမှာ “သူ ( ဟယ်ရီကိန်း ) က ခြေကျင်းဝတ် ( ၂ ) ဘက် စလုံး ဒဏ်ရာရရှိခဲ့တာပါ။ ( ၁ ) ဘက်ထဲဆိုရင် သူတောင့်ခံနိုင်ပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူအရမ်း နာကျင်တဲ့ဝေဒနာကို ခံစားနေရပါတယ်။ သူ့ရဲ့ ခြေချင်းဝတ် ( ၂ ) ဘက် စလုံးက ယောင်လာပါတယ်” လို့ ဆိုခဲ့ပါတယ်။

“သူက အသင်းအတွက် ပေးဆပ်လိုစိတ် အပြည့်ရှိသူပါ ။ နာကျင်မှု ဝေဒနာကို တွန်းလန်နိုင်စွမ်းရှိပါတယ် ။ ဒါပေမယ့် လက်ရှိအခြေအနေက သူ့အတွက် အရမ်းခက်ခဲပါတယ် ။” ဂျိုဆေး မော်ရင်ဟိုက ဟယ်ရီကိန်းအနေနဲ့ ရက်သတ္တပတ်အနည်းငယ်ခန့် အနားယူရဖို့ရှိကြောင်း ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ကိန်းအနေနဲ့ တော့တင်ဟမ်ဟော့စပါး ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဥ် ပထမပိုင်းအပြီး အဲရစ် လာမယ်လာနဲ့ လူစားလှဲခဲ့ရပါတယ်။ စပါးအသင်းအနေနဲ့ ဒုတိယပိုင်းမှာ အားနိုး ၊ မာနေးတို့ရဲ့ သွင်းဂိုး( ၂ ) ဂိုးကို ခွင့်ပြုခဲ့ရပြီး အဆင့် ( ၄ ) နေရာ ‌ေရာက်ရှိမယ့် အခွင့်အရေးကို လက်လွတ်ခဲ့ရပါတယ်။

အင်္ဂလန် လက်ရေွးစင်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ပြင်းထန်တဲ့ ‌ြေခသလုံးဒဏ်ရာရရှိခဲ့ပြီး စပါး အသင်းရဲ့ ပွဲစဥ် ( ၉ ) ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ပွဲစဥ် ( ၁၉ ) ပွဲစလုံးကို ပွဲထွက် ကစားထားပါတယ်။ အကိုး – Sky Sports

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေမာ္ႀကီးကို အထိနာေစမယ့္ ဟယ္ရီကိန္းရဲ႕ သတင္းဆိုး

စပါး နည္းျပ ေမာ္ရင္ဟိုက လီဗာပူးအသင္းကို ( ၃ – ၁ ) ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ေျခခ်င္းဝတ္ ဒဏ္ရာ ရရွိခဲ့တဲ့ ဟယ္ရီကိန္းအေနနဲ႔ ရက္သတၱပတ္ အနည္းငယ္ အနားယူရဖို႔ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ စပါးအသင္းေခါင္းေဆာင္ဟာ အဆိုပါပြဲစဥ္မွာ ကြင္းတြင္းကုသမႈ ( ၂ ) ႀကိမ္ထိ ျပဳလုပ္ခဲ့ရၿပီး ပထမပိုင္းအၿပီးမွာ လူစားလွဲခံခဲ့ရပါတယ္။ ဟယ္ရီကိန္းအေနနဲ႔ သီယာဂို ၊ ဟန္ဒါဆန္တို႔နဲ႔ ထိခိုက္မိခဲ့ၿပီး ယခုလို ဒဏ္ရာရရွိခဲ့တာ ျဖစ္ပါတယ္။

ေမာ္ရင္ဟိုက အဆိုပါ ပြဲစဥ္အၿပီး BT Sport နဲ႔ ေတြ႕ဆုံရာမွာ “သူ ( ဟယ္ရီကိန္း ) က ေျခက်င္းဝတ္ ( ၂ ) ဘက္ စလုံး ဒဏ္ရာရရွိခဲ့တာပါ။ ( ၁ ) ဘက္ထဲဆိုရင္ သူေတာင့္ခံႏိုင္ပါလိမ့္မယ္ ။ ဒါေပမယ့္ လက္ရွိမွာေတာ့ သူအရမ္း နာက်င္တဲ့ေဝဒနာကို ခံစားေနရပါတယ္။ သူ႔ရဲ႕ ေျခခ်င္းဝတ္ ( ၂ ) ဘက္ စလုံးက ေယာင္လာပါတယ္” လို႔ ဆိုခဲ့ပါတယ္။

“သူက အသင္းအတြက္ ေပးဆပ္လိုစိတ္ အျပည့္ရွိသူပါ။ နာက်င္မႈ ေဝဒနာကို တြန္းလန္ႏိုင္စြမ္းရွိပါတယ္။ ဒါေပမယ့္ လက္ရွိအေျခအေနက သူ႔အတြက္ အရမ္းခက္ခဲပါတယ္။” ဂ်ိဳေဆး ေမာ္ရင္ဟိုက ဟယ္ရီကိန္းအေနနဲ႔ ရက္သတၱပတ္အနည္းငယ္ခန႔္ အနားယူရဖို႔ရွိေၾကာင္း ပြဲၿပီး သတင္းစာရွင္းလင္းပြဲမွာ ဘီဘီစီသတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

ကိန္းအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါး ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္ ပထမပိုင္းအၿပီး အဲရစ္ လာမယ္လာနဲ႔ လူစားလွဲခဲ့ရပါတယ္။ စပါးအသင္းအေနနဲ႔ ဒုတိယပိုင္းမွာ အားႏိုး ၊ မာေနးတို႔ရဲ႕ သြင္းဂိုး( ၂ ) ဂိုးကို ခြင့္ျပဳခဲ့ရၿပီး အဆင့္ ( ၄ ) ေနရာ ‌ေရာက္ရွိမယ့္ အခြင့္အေရးကို လက္လြတ္ခဲ့ရပါတယ္။ အဂၤလန္ လက္ေရြးစင္ဟာ ၿပီးခဲ့တဲ့ ရာသီတုန္းကလည္း ျပင္းထန္တဲ့ ‌ျေခသလုံးဒဏ္ရာရရွိခဲ့ၿပီး စပါး အသင္းရဲ႕ ပြဲစဥ္ ( ၉ ) ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ ( ၁၉ ) ပြဲစလုံးကို ပြဲထြက္ ကစားထားပါတယ္။ အကိုး – Sky Sports