” မောင့်က ကျွန်တော် ( ၂၂ ) နှစ်အရွယ်ကထက် ပိုကောင်းပါတယ် ” _ လမ်းပတ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဖရန့် လမ်းပတ်က ဖူလ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် လိုအပ်နေတဲ့ နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ မေဆန်မောင့်ကို ချီးကျူးပြောဆိုလိုက်ပါတယ်။
မောင့်က ( ၁ ) ယောက်လျော့နေတဲ့ ဖူလ်ဟမ်းအသင်းဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ချဲလ်ဆီးအသင်းအတွက် နောက်ဆုံး ပရီးမီးယားလိဂ် ( ၇ ) ပွဲမှာ နိုင်ပွဲ ( ၂ ) ပွဲ ရရှိလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အတွက် နည်းပြ လမ်းပတ်ကို ဖိအားအနည်းငယ် လျော့နည်းသွားစေပါတယ်။
ချဲလ်ဆီးအသင်းဟာ ကစားသမား ဒီရာသီ အခင်းအကျင်း တည်ငြိမ်မှု မရှိပေမယ့် မေဆန်မောင့်ကိုတော့ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ( ၁၈ ) ပွဲအနက် ( ၁၆ ) ပွဲထိ အသုံးပြုထားတာတွေ့ရပြီး လမ်းပတ်က အသက် ( ၂၂ ) နှစ် အရွယ် ကစားသမားကို သူ့ရဲ့ ငယ်ဘဝနဲ့ နှိုင်းယှဉ် ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။
လမ်းပတ်က Sky Sports နဲ့ တွေ့ဆုံရာမှာ ” မေဆန်က ထူးချွန်တဲ့ ကစားသမားပါ ။ သူကစားခဲ့တဲ့ ခြေစွမ်းအရ ချီးကျူးဖို့ ထိုက်တန်ပါတယ်။ ဒီပွဲစဉ်မှာ မေဆန်က ပိုပြီး deeper ဖြစ်တဲ့ နေရာကနေ ကစားခဲ့ရပေမယ့် ဧရိယာထဲထိ ရောက်ရှိအောင် ကစားထားနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ အရည်အချင်း ၊ ခံယူချက် တွေက အရမ်းကောင်းမွန်ပါတယ်။ ဒါကြောင့် ချီးကျူးဖို့ ထိုက်တန်ပါတယ်။ ” လို့ ဆိုသွားခဲ့ပါတယ်။
အဲ့ဒီနောက် သတင်းစာရှင်းလင်းပွဲမှာလည်း ” သူရဲ့ စွမ်းဆောင်ရည် အားလုံးကို ကြည့်မယ်ဆိုရင် အရမ်းပဲ ကောင်းမွန်တာတွေ့ရပါတယ်။ ဒီနှစ်ရော ပြီးခဲ့တဲ့ နှစ်ကပါ ကျွန်တော်တို့အတွက် အများကြီး အထောက်အကူပြုပါတယ်။ သူက လူငယ်တွေအတွက် ဥပမာပါ။ ပြီးခဲ့တဲ့အပတ်က ( ၂၂ ) ပြည့်ခဲ့ပါတယ်။
ကျွန်တော်ဒီကိုရောက်တော့ ( ၂၂ ) နှစ်ရှိပါပြီ ။ ရောက်ရောက်ချင်းနှစ်မှာ ထူးခြားတဲ့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပါသေးတယ်။ မေဆန်ကတော့ လက်ရှိအချိန်မှာ ပွဲတွေအများကြီး ကစားထားပြီးပါပြီ ။ ” ဟု ဆိုခဲ့ပါတယ်။ Source : Sky Sports
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi