မောင့်ကို ကြိုက်လွန်းလို့ ပွဲထွက်စေမယ့် ဆောက်ဂိတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က ကွင်းလယ်လူ မေဆင်မောင့်ကို ဗုဒ္ဓဟူးနေ့ ဝင်ဘလေကွင်း၌ ကစားမယ့်အရေးကြီးတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပိုလန်အသင်းနှင့်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။

နည်းပြဆောက်ဂိတ်ဟာ အသက်၂၂နှစ်အရွယ်ကစားသမားလေးရဲ့ ခြေစွမ်းကို သဘောကျနေပြီး အယ်ဘေးနီးယားအသင်းကိုအနိုင်ရခဲ့တဲ့ ပွဲအပါအဝင်လက်ရွေးစင်အသင်းမှာ ၇ပွဲဆက်တိုက် ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

မေဆင်မောင့်ဟာ ယမန်နေ့ညက အယ်ဘေးနီးယားကို ဝ-၂ ဖြင့် အဝေးကွင်းတွင် အနိုင်ရရှိတဲ့ပွဲမှာအသင်းရဲ့ကွင်းလယ်တိုက်စစ် ကစားသမားအဖြစ် ပွဲထွက်ကစားခဲ့ပြီး တစ်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

နည်းပြဆောက်ဂိတ်က”မောင့်ကတကယ့်ကိုကစားသမားကောင်းတစ်ယောက်ပါ။ကျွန်တော်ဒါကိုဆောင်းဦးကာလမှာကတည်းကပြောခဲ့တာပါ။

အခုဆိုရင်သောမတ်စ်တူချယ်ကသူ့ကိုပုံမှန်ပွဲကစားစေပါတယ်။” “ဒါကိုလူတိုင်းလက်ခံကြမယ်ထင်ပါတယ်။ ဖရန့်လမ်းပတ်လက်ထက်တုန်းက အချို့အကြောင်းပြချက်တွေကြောင့်လက်မခံခဲ့ကြပါဘူး”

မောင့်က ပိုလန်နဲ့ပွဲမှာ ကျိန်းသေ ပါမှာပါ။ ကစားသမားတွေ ပွဲအတွင်း ကစားသွားတဲ့ ခြေစွမ်းနဲ့ အလုပ်လုပ်ပုံကိုလည်း ကျွန်တော် ကြည့်ပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးအပါအဝင် အောင်မြင်မှုတွေ ရဖို့ ကြိုးစားနေတာပါ။

ကစားသမားတွေကို တစ်ချိန်လုံး အလှည့်ကျလုပ်နေလို့ မရပါဘူး။ အသင်းအနိုင်ရဖို့ အရေးကြီးပါတယ်”လို့ ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေမာင့္ကို ႀကိဳက္လြန္းလို႔ ပြဲထြက္ေစမယ့္ ေဆာက္ဂိတ္

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က ကြင္းလယ္လူ ေမဆင္ေမာင့္ကို ဗုဒၶဟူးေန႔ ဝင္ဘေလကြင္း၌ ကစားမယ့္အေရးႀကီးတဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲ ပိုလန္အသင္းႏွင့္ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳသြားမွာျဖစ္ပါတယ္။

နည္းျပေဆာက္ဂိတ္ဟာအသက္၂၂ႏွစ္အ႐ြယ္ကစားသမားေလးရဲ႕ေျခစြမ္းကိုသေဘာက်ေနၿပီးအယ္ေဘးနီးယားအသင္းကိုအႏိုင္ရခဲ့တဲ့ပြဲအပါအဝင္လက္ေ႐ြးစင္အသင္းမွာ၇ပြဲဆက္တိုက္ပြဲထြက္ေစခဲ့တာျဖစ္ပါတယ္။ေမဆင္ေမာင့္ဟာ ယမန္ေန႔ညက အယ္ေဘးနီးယားကို ဝ-၂ ျဖင့္ အေဝးကြင္းတြင္ အႏိုင္ရရွိတဲ့ပြဲမွာအသင္းရဲ႕ကြင္းလယ္တိုက္စစ္ ကစားသမားအျဖစ္ ပြဲထြက္ကစားခဲ့ၿပီး တစ္ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။

နည္းျပေဆာက္ဂိတ္က”ေမာင့္ကတကယ့္ကိုကစားသမားေကာင္းတစ္ေယာက္ပါ။ကြၽန္ေတာ္ဒါကိုေဆာင္းဦးကာလမွာကတည္းကေျပာခဲ့တာပါ။အခုဆိုရင္ေသာမတ္စ္တူခ်ယ္ကသူ႔ကိုပုံမွန္ပြဲကစားေစပါတယ္။ ဒါကိုလူတိုင္းလက္ခံၾကမယ္ထင္ပါတယ္။ဖရန႔္လမ္းပတ္လက္ထက္တုန္းကအခ်ိဳ႕အေၾကာင္းျပခ်က္ေတြေၾကာင့္လက္မခံခဲ့ၾကပါဘူး။ ​ေမာင့္က ပိုလန္နဲ႔ပြဲမွာ က်ိန္းေသ ပါမွာပါ။ ကစားသမားေတြ ပြဲအတြင္း ကစားသြားတဲ့ ေျခစြမ္းနဲ႔ အလုပ္လုပ္ပုံကိုလည္း ကြၽန္ေတာ္ ၾကည့္ပါတယ္။”

“အဂၤလန္အသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေရးအပါအဝင္ ေအာင္ျမင္မႈေတြ ရဖို႔ ႀကိဳးစားေနတာပါ။ ကစားသမားေတြကို တစ္ခ်ိန္လုံး အလွည့္က်လုပ္ေနလို႔ မရပါဘူး။ အသင္းအႏိုင္ရဖို႔ အေရးႀကီးပါတယ္”လို႔ ေျပာဆိုပါတယ္။