မေလနောက်ပိုင်း ဂိုးပေါက်ပျောက်ဆုံးနေမှုကို မေဆင်မောင့် ဟက်ထရစ်သွင်းယူပြီးအဆုံးသတ်နိုင်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ပွဲစဉ်(၉)အစောပိုင်းပွဲအဖြစ် ချယ်လ်ဆီးနဲ့နောဝစ်ချ်တို့ကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်းက (၇-၀)ဂိုးပြတ်နဲ့အနိုင်ရခဲ့သလို

တိုက်စစ်ကစားသမားမေဆင်မောင့်ကလည်း အသင်းအတွက်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းမှာ အဓိကတိုက်စစ်မှူးလူကာကူနဲ့ဗာနာတို့ ဒဏ်ရာပြဿနာကြောင့် အခုပွဲကိုလွဲချော်ခဲ့ပေမယ့်

ကျန်တဲ့ကစားသမားတွေကခြေစွမ်းပြခဲ့တာကြောင့် နောဝစ်ချ်အသင်းကို အခုလိုမျိုးဂိုးသွင်းလေ့ကျင့်ပြီးတော့ နိုင်ပွဲရယူနိုင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းအတွက်ဂိုးတွေကို မေဆင်မောင့်(၃ဂိုး)၊ အိုဒွိုင်း၊ ရိစ်ဂျိမ်းစ်၊ ချီဝဲလ်၊ မက်ဇ်အဲရွန်(OG)တို့က သွင်းယူခဲ့တာဖြစ်ပြီး

မေဆင်မောင့်ဟာ မေလနောက်ပိုင်းကတည်းက ဂိုးပေါက်ပျောက်ဆုံးနေမှုကို ဟက်ထရစ်သွင်းယူပြီးတော့ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက ရီးယဲလ်အသင်းကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ မေဆင်မောင့်ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း ဂိုးရဖို့ရုန်းကန်ခဲ့ရပြီး (၅)လကျော်အကြာမှ အသင်းအတွက်ဂိုးပြန်သွင်းခဲ့တာပါ။

မေဆင်မောင့်ဟာ ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ (၂၀)ဦးမြောက်ကစားသမားဖြစ်လာပြီး

ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ချယ်လ်ဆီးအသင်းထက် ဟက်ထရစ်သွင်းဂိုးကစားသမားအရေအတွက်ပိုများတာဆိုလို့ အာဆင်နယ်(၂၁ဦး)သာရှိပါတော့တယ်။

ဒါ့အပြင် ဒီရာသီပရီးမီးယားလိဂ်မှာ မေဆင်မောင့်အပါအဝင် ချယ်လ်ဆီးအသင်းအတွက် ကစားသမား(၁၄)ဦးအထိဂိုးသွင်းထားသလို ပြိုင်ပွဲစုံမှာတော့ (၁၆)ဦးအထိဂိုးသွင်းနိုင်ခဲ့တာကြောင့် ဒါက တခြားပရီးမီးယားလိဂ်ကလပ်တွေထက် ပိုများတဲ့အရေအတွက်ဖြစ်ပါတယ်။

အခုပွဲမှာ ချယ်လ်ဆီးအသင်းအတွက် အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ မေဆင်မောင့်၊ ရိစ်ဂျိမ်းစ်၊ အိုဒွိုင်း၊ ချီဝဲလ်တို့ကဂိုးသွင်းယူခဲ့တဲ့အတွက်

၂၀၁၆၊ အောက်တိုဘာလမှာကစားခဲ့တဲ့ ဘုန်းမောက်နဲ့ဟားလ်စီးတီးပွဲနောက်ပိုင်း အင်္ဂလန်ကစားသမား(၄)ဦးက အသင်းအတွက်ဂိုးသွင်းယူခဲ့တဲ့ပွဲအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ချယ်လ်ဆီးအသင်း (၆)ဂိုးနဲ့အထက်သွင်းယူခဲ့တဲ့ပွဲပေါင်း (၁၈)ပွဲအထိရှိလာတဲ့အတွက် တခြားပရီးမီးယားလိဂ်ကလပ်တွေထက် ပိုများတဲ့အရေအတွက်ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် စတုတ္ထမြောက်ဂိုးကို ပွဲချိန်(၅၇)မိနစ်မှာသွင်းယူခဲ့တဲ့ ချီဝဲလ်ဟာ ပရီးမီးယားလိဂ်(၄)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာကြောင့်

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ဂန္ထဝင်ကစားသမားလမ်းပတ်နောက်ပိုင်း အသင်းအတွက်ပရီးမီးယားလိဂ်(၄)ပွဲဆက်ဂိုးသွင်းခဲ့တဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ်မှတမ်းဝင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမလေနာက္ပိုင္း ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို ေမဆင္ေမာင့္ ဟက္ထရစ္သြင္းယူၿပီးအဆုံးသတ္ႏိုင္ခဲ့

ပရီးမီးယားလိဂ္ပြဲစဥ္(၉)အေစာပိုင္းပြဲအျဖစ္ ခ်ယ္လ္ဆီးနဲ႔ေနာဝစ္ခ်္တို႔ကစားခဲ့တဲ့ပြဲမွာ ခ်ယ္လ္ဆီးအသင္းက (၇-၀)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့သလို တိုက္စစ္ကစားသမားေမဆင္ေမာင့္ကလည္း အသင္းအတြက္ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းမွာ အဓိကတိုက္စစ္မႉးလူကာကူနဲ႔ဗာနာတို႔ ဒဏ္ရာျပႆနာေၾကာင့္ အခုပြဲကိုလြဲေခ်ာ္ခဲ့ေပမယ့္ က်န္တဲ့ကစားသမားေတြကေျခစြမ္းျပခဲ့တာေၾကာင့္ ေနာဝစ္ခ်္အသင္းကို အခုလိုမ်ိဳးဂိုးသြင္းေလ့က်င့္ၿပီးေတာ့ ႏိုင္ပြဲရယူႏိုင္ခဲ့တာပါ။

ခ်ယ္လ္ဆီးအသင္းအတြက္ဂိုးေတြကို ေမဆင္ေမာင့္(၃ဂိုး)၊ အိုဒြိဳင္း၊ ရိစ္ဂ်ိမ္းစ္၊ ခ်ီဝဲလ္၊ မက္ဇ္အဲ႐ြန္(OG)တို႔က သြင္းယူခဲ့တာျဖစ္ၿပီး ေမဆင္ေမာင့္ဟာ ေမလေနာက္ပိုင္းကတည္းက ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို ဟက္ထရစ္သြင္းယူၿပီးေတာ့ အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေမလတုန္းက ရီးယဲလ္အသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ေမဆင္ေမာင့္ဂိုးသြင္းယူခဲ့ၿပီးေနာက္ပိုင္း ဂိုးရဖို႔႐ုန္းကန္ခဲ့ရၿပီး (၅)လေက်ာ္အၾကာမွ အသင္းအတြက္ဂိုးျပန္သြင္းခဲ့တာပါ။

ေမဆင္ေမာင့္ဟာ ခ်ယ္လ္ဆီးအသင္းသမိုင္းတစ္ေလွ်ာက္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ (၂၀)ဦးေျမာက္ကစားသမားျဖစ္လာၿပီး ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ ခ်ယ္လ္ဆီးအသင္းထက္ ဟက္ထရစ္သြင္းဂိုးကစားသမားအေရအတြက္ပိုမ်ားတာဆိုလို႔ အာဆင္နယ္(၂၁ဦး)သာရွိပါေတာ့တယ္။

ဒါ့အျပင္ ဒီရာသီပရီးမီးယားလိဂ္မွာ ေမဆင္ေမာင့္အပါအဝင္ ခ်ယ္လ္ဆီးအသင္းအတြက္ ကစားသမား(၁၄)ဦးအထိဂိုးသြင္းထားသလို ၿပိဳင္ပြဲစုံမွာေတာ့ (၁၆)ဦးအထိဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ဒါက တျခားပရီးမီးယားလိဂ္ကလပ္ေတြထက္ ပိုမ်ားတဲ့အေရအတြက္ျဖစ္ပါတယ္။

အခုပြဲမွာ ခ်ယ္လ္ဆီးအသင္းအတြက္ အဂၤလန္ကစားသမားေတြျဖစ္တဲ့ ေမဆင္ေမာင့္၊ ရိစ္ဂ်ိမ္းစ္၊ အိုဒြိဳင္း၊ ခ်ီဝဲလ္တို႔ကဂိုးသြင္းယူခဲ့တဲ့အတြက္ ၂၀၁၆၊ ေအာက္တိုဘာလမွာကစားခဲ့တဲ့ ဘုန္းေမာက္နဲ႔ဟားလ္စီးတီးပြဲေနာက္ပိုင္း အဂၤလန္ကစားသမား(၄)ဦးက အသင္းအတြက္ဂိုးသြင္းယူခဲ့တဲ့ပြဲအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ခ်ယ္လ္ဆီးအသင္း (၆)ဂိုးနဲ႔အထက္သြင္းယူခဲ့တဲ့ပြဲေပါင္း (၁၈)ပြဲအထိရွိလာတဲ့အတြက္ တျခားပရီးမီးယားလိဂ္ကလပ္ေတြထက္ ပိုမ်ားတဲ့အေရအတြက္ျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းအတြက္ စတုတၳေျမာက္ဂိုးကို ပြဲခ်ိန္(၅၇)မိနစ္မွာသြင္းယူခဲ့တဲ့ ခ်ီဝဲလ္ဟာ ပရီးမီးယားလိဂ္(၄)ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ၂၀၁၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလတုန္းက ဂႏၴဝင္ကစားသမားလမ္းပတ္ေနာက္ပိုင္း အသင္းအတြက္ပရီးမီးယားလိဂ္(၄)ပြဲဆက္ဂိုးသြင္းခဲ့တဲ့ ပထမဆုံးအဂၤလန္ကစားသမားအျဖစ္မွတမ္းဝင္ခဲ့ပါတယ္။