မေဆင်မောင့်နဲ့ ဂျော်ဂျင်ဟိုမပါနိုင်တဲ့ ချဲလ်ဆီးနဲ့ ဗုဒ္ဒဟူးည ချန်ပီယံလိဂ်ပွဲများ အခြေအနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီညကကစားမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပွဲစဉ်ဒုတိယအကျော့ ပွဲစဉ် ၂ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမား ၂ဦးဖြစ်တဲ့ မေဆင်မောင်နဲ့ ဂျော်ဂျင်ဟိုတို့ မပါဝင်နိုင်ပါဘူး။ မေဆန်မောင့်ဟာ နည်းပြသစ် တူချယ်လက်ထက်မှာ ခြေစွမ်းပြနေတဲ့သူဖြစ်ပြီး တူချယ်လက်ထက် ချဲလ်ဆီးအသင်း ၁၂ပွဲ ကစားပြီး
၁၃ဂိုး ရထားတဲ့အထဲမှာ မေဆန်မောင့်က ၆ဂိုး သွင်းပေးထားတဲ့သူပါ။

သူတို့ ၂ဦးနဲ့အတူ နောက်ခံလူ တီယာဂိုဆေးဗားလ်၊ တိုက်စစ်မှုး အေဗရာဟမ်တို့လည်း လွဲချော်ဖို့ရှိနေပါတယ်။ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်မှာ ၁၆သင်း အဆင့်ကို မကျော်ဖြတ်နိုင်ခဲ့တာ ၂၀၁၃-၁၄ ဘောလုံးရာသီကတည်းကပါပဲ။ ဒီညပွဲနဲ့ ပတ်သတ်ပြီး ချဲလ်ဆီးနည်းပြ တူချယ်က “ဒီပွဲက ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ပထမအကျော့တုန်းကလို စွမ်းဆောင်မှုပုံစံမျိုး ထပ်ပြီးပြသနိုင်ဖို့ လိုအပ်ပါတယ်။

အက်သလက်တီကိုလို အသင်းမျိုးကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ ခက်ခဲတယ်ဆိုတာ အားလုံး သိကြပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ကိုယ်ပိုင်အစီအစဉ် ရှိထား ပြီးသားပါ”လို့ ပြောကြားသွားခဲ့ပါတယ်။ အက်သလက်တီကိုဟာ ပထမအကျော့မှာ ချဲလ်ဆီးကို (ဝ-၁) နဲ့ ရှုံးနိမ့်ခဲ့တာပါ။ နည်းပြ ဆီမြွန်နီက ဒုတိယအကျော့အတွက် အခုလို ပြောကြားထားပါတယ်။ သူက “ကျွန်တော်တို့အဖို့ လုပ်ဆောင်ရမယ့်အရာက အနိုင်ရရေး တစ်ခုတည်းပါပဲ။

ချဲလ်ဆီးလိုအသင်းမျိုးက အားနည်းချက် မရှိပါဘူး။ ဒီပွဲကို သူတို့ ဘယ်လို သဘောထားချဉ်းကပ်မလဲဆိုတာ မသိပေမယ့် ကျွန်တော်တို့ကေတော့ အနိုင်ရရေးတစ်ခုထဲကိုပဲ ဦးတည်သွားမှာပါ” လို့ပြောကြားသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် – လာဇီယို နည်းပြများရဲ့ ပွဲကြိုပြောစကား ပထမအကျော့ အီတလီမြေမှာ လာဇီယိုကို လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်က (၁-၄)နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေပါတယ်။

ဘိုင်ယန်နည်းပြ ဟန်ဇီဖီလစ်က ” ကျွန်တော်တို့အသင်းက ဘွန်ဒက်စ်လီဂါမှာရော ချန်ပီယံလိဂ်မှာပါ အကောင်းဆုံး ကစားနေနိုင်ပါတယ်။ ဒီပုံစံကောင်းကို ဆက်ထိန်းမှာပါ။ အထူးသဖြင့် အိမ်ကွင်းမှာ တောင့်တင်းပြီးသားအနေအထား ရှိတဲ့အတွက် ယုံကြည်မှုအပြည့်နဲ့ ကစားသွားမှာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

လာဇီယိုနည်းပြ ဆီမြွန်နီအင်ဇာဂီက ” ပထမအကျော့က ရလဒ်ကြောင့် အခုပွဲက ကစားရတာ ဘယလောက်ခက်ခဲမယ်ဆိုတာ အားလုံး သိပြီးသားပါ။ အကောင်းဆုံး လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါဟာ လာဇီယိုအနေနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရောက်ရှိတာ နှစ်ပေါင်း ၂၀အတွင်း ပထမဆုံးပါ။ ကျွန်တော်တို့အနေနဲ့ ဒီနှစ်ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့် ရောက်ဖို့ ပစ်မှတ်ထားခဲ့တာ ရည်မှန်းချက် ပြည့်ခဲ့ပြီးပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီညကကစားမယ့္ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ပြဲစဥ္ဒုတိယအေက်ာ့ ပြဲစဥ္ ၂ပြဲမွာ ခ်ဲလ္ဆီးအသင္းရဲ႕ အဓိက ကစားသမား ၂ဦးျဖစ္တဲ့ ေမဆင္ေမာင္နဲ႔ ေဂ်ာ္ဂ်င္ဟိုတို႔ မပါဝင္ႏိုင္ပါဘူး။ ေမဆန္ေမာင့္ဟာ နည္းျပသစ္ တူခ်ယ္လက္ထက္မွာ ေျခစြမ္းျပေနတဲ့သူျဖစ္ၿပီး တူခ်ယ္လက္ထက္ ခ်ဲလ္ဆီးအသင္း ၁၂ပြဲ ကစားၿပီး
၁၃ဂိုး ရထားတဲ့အထဲမွာ ေမဆန္ေမာင့္က ၆ဂိုး သြင္းေပးထားတဲ့သူပါ။

သူတို႔ ၂ဦးနဲ႔အတူ ေနာက္ခံလူ တီယာဂိုေဆးဗားလ္၊ တိုက္စစ္မႈး ေအဗရာဟမ္တို႔လည္း လြဲေခ်ာ္ဖို႔ရွိေနပါတယ္။ ခ်ဲလ္ဆီးဟာ ခ်န္ပီယံလိဂ္မွာ ၁၆သင္း အဆင့္ကို မေက်ာ္ျဖတ္ႏိုင္ခဲ့တာ ၂၀၁၃-၁၄ ေဘာလုံးရာသီကတည္းကပါပဲ။ ဒီညပြဲနဲ႔ ပတ္သတ္ၿပီး ခ်ဲလ္ဆီးနည္းျပ တူခ်ယ္က “ဒီပြဲက ကြၽန္ေတာ္တို႔အတြက္
ႀကီးမားတဲ့ စိန္ေခၚမႈပါပဲ။ ပထမအေက်ာ့တုန္းကလို စြမ္းေဆာင္မႈပုံစံမ်ိဳး ထပ္ၿပီးျပသႏိုင္ဖို႔ လိုအပ္ပါတယ္။

အက္သလက္တီကိုလို အသင္းမ်ိဳးကို ေက်ာ္ျဖတ္ႏိုင္ဖို႔ဆိုတာ ခက္ခဲတယ္ဆိုတာ အားလုံး သိၾကၿပီးသားပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ ကိုယ္ပိုင္အစီအစဥ္ ရွိထား ၿပီးသားပါ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။ အက္သလက္တီကိုဟာ ပထမအေက်ာ့မွာ ခ်ဲလ္ဆီးကို (ဝ-၁) နဲ႔ ရႈံးနိမ့္ခဲ့တာပါ။ နည္းျပ ဆီႁမြန္နီက ဒုတိယအေက်ာ့အတြက္ အခုလို ေျပာၾကားထားပါတယ္။ သူက “ကြၽန္ေတာ္တို႔အဖို႔ လုပ္ေဆာင္ရမယ့္အရာက အႏိုင္ရေရး တစ္ခုတည္းပါပဲ။

ခ်ဲလ္ဆီးလိုအသင္းမ်ိဳးက အားနည္းခ်က္ မရွိပါဘူး။ ဒီပြဲကို သူတို႔ ဘယ္လို သေဘာထားခ်ဥ္းကပ္မလဲဆိုတာ မသိေပမယ့္ ကြၽန္ေတာ္တို႔ေကေတာ့ အႏိုင္ရေရးတစ္ခုထဲကိုပဲ ဦးတည္သြားမွာပါ” လို႔ေျပာၾကားသြားခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္ – လာဇီယို နည္းျပမ်ားရဲ႕ ပြဲႀကိဳေျပာစကား ပထမအေက်ာ့ အီတလီေျမမွာ လာဇီယိုကို လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္က (၁-၄)နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့ၿပီး ကြာတားဖိုင္နယ္တက္ဖို႔ အေျခအေနေကာင္းေနပါတယ္။

ဘိုင္ယန္နည္းျပ ဟန္ဇီဖီလစ္က ” ကြၽန္ေတာ္တို႔အသင္းက ဘြန္ဒက္စ္လီဂါမွာေရာ ခ်န္ပီယံလိဂ္မွာပါ အေကာင္းဆုံး ကစားေနႏိုင္ပါတယ္။ ဒီပုံစံေကာင္းကို ဆက္ထိန္းမွာပါ။ အထူးသျဖင့္ အိမ္ကြင္းမွာ ေတာင့္တင္းၿပီးသားအေနအထား ရွိတဲ့အတြက္ ယုံၾကည္မႈအျပည့္နဲ႔ ကစားသြားမွာပါ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

လာဇီယိုနည္းျပ ဆီႁမြန္နီအင္ဇာဂီက ” ပထမအေက်ာ့က ရလဒ္ေၾကာင့္ အခုပြဲက ကစားရတာ ဘယေလာက္ခက္ခဲမယ္ဆိုတာ အားလုံး သိၿပီးသားပါ။ အေကာင္းဆုံး လုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒါဟာ လာဇီယိုအေနနဲ႔ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ေရာက္ရွိတာ ႏွစ္ေပါင္း ၂၀အတြင္း ပထမဆုံးပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီႏွစ္ခ်န္ပီယံလိဂ္မွာ ရႈံးထြက္အဆင့္ ေရာက္ဖို႔ ပစ္မွတ္ထားခဲ့တာ ရည္မွန္းခ်က္ ျပည့္ခဲ့ၿပီးပါၿပီ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။