မေဂျာလိဂ်ကလပ် မွန်ထရီရယ်အသင်း နည်းပြအဖြစ် ဟင်နရီခန့်အပ်ခံရ

Photo- Internet
Photo- Internet

အာဆင်နယ်နဲ့ ပြငသစ်လက်ရွေးစင်အသင်း တိုက်စစ်မှူ းဟောင်း ဟင်နရီဟာ မေဂျာလိဂ်ပြိုင်ပွဲဝင်ကလပ် တစ်ခုဖြစ်တဲ့ မွန်ထရီရယ်အင်းပတ် အသင်းနည်းပြသစ်အဖြစ် အံအားသင့်စရာ ခန့်အပ်ခံခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ ၂ နှစ်စာချုပ်နဲ့ တာဝန်ယူခဲ့ပြီး နောက်ထပ် သက်တမ်းတစ်နှစ်တိုးခွင့် ရရှိဦးမှာဖြစ်ပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဟင်နရီ ဟာပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက မိုနာကိုအသင်းနည်းပြ ရာထူးကနေထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ မိုနာကို ကိုပွဲ ၂၀ ကိုင်တွယ်ခဲ့ပေမယ့် ၄ ပွဲသာအနိုင်ရခဲ့တဲ့အထိ အခြေအနေဆိုးရွားခဲ့လို့ အခုလို မွန်ထရီရယ် နည်းပြသစ်ဖြစ်လာတဲ့အပေါ် အံအားသင့်မှုတွေ ရှိနေတာဖြစ်ပါတယ်။

Photo- Internet

ဟင်နရီဟာ မေဂျာလိဂ်ပြိုင်ပွဲနဲ့ အလှမ်းဝေးတဲ့သူမဟုတ်ဘဲ နယူးယော့ခ်ရက်ဘူးလ်အသင်းမှာ ၄ နှစ်ကြာကစားပြီး ကစားသမားဘဝကနေ အနားယူခဲ့သူဖြစ် လို့သူ့အပေါ်မျှော်လင့်ချက်တွေရှိနေကြ ပါတယ်။ အဲဒီအသင်းမှာ သူဟာ ၁၂၂ ပွဲကစားပြီး ၅၁ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

Photo- Internet

ဟင်နရီက”မေဂျာလိဂ်ကို ပြန်လာပြီး မွန်ထရီရယ်ကို တာဝန်ယူရတာဟာ သိပ်ကိုဂုဏ်ယူစရာပါဘဲ။ ဒီမှာ ကျွန်တော်ဟာ အချိန်အခါကောင်းတွေကို ပိုင်ဆိုင်ဘူးခဲ့လို့ ပြိုင်ပွဲအကြောင်းကို ကောင်းကောင်းသိပါတယ်။ ယဉ်ကျေးမှုပေါင်းစုံပြီး ကြီးမားတဲ့အမွေအနှစ်တွေရှိတဲ့ ကွိဘက်ကိုလာရလို့လည်း သိပ်ကိုထူးခြားပါတယ်” လို့ပြောသွားပါတယ်။

Photo- Internet

မွန်ထရီရယ် အသင်းဟာမေဂျာလိဂ်မှာ ဝင်ပြိုင်နေပေမယ့် ကနေဒါ နိုင်ငံ၊ ကွိဘက်ခရိုင်က မွန်ထရီရယ်မြို့မှာ အခြေစိုက်တဲ့အသင်းဖြစ်ပါတယ်။ မွန်ထရီရယ်အင်းပတ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက နည်းပြ ဝီလ်မာကာဘရီယာနဲ့ လမ်းခွဲပြီးနောက် နည်းပြသစ်ကိုရှာဖွေခဲ့ပြီး ဟင်နရီကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။

Photo- Internet

Zawgyi

ေမဂ်ာလိဂ္ကလပ္ မြန္ထရီရယ္အသင္း နည္းျပအျဖစ္ ဟင္နရီခန္႔အပ္ခံရ

အာဆင္နယ္နဲ႔ ျပငသစ္လက္ေရြးစင္အသင္း တိုက္စစ္မွဴ းေဟာင္း ဟင္နရီဟာ ေမဂ်ာလိဂ္ၿပိဳင္ပြဲ၀င္ကလပ္ တစ္ခုျဖစ္တဲ႔ မြန္ထရီရယ္အင္းပတ္ အသင္းနည္းျပသစ္အျဖစ္ အံအားသင့္စရာ ခန္႔အပ္ခံခဲ့ရတယ္လို႔ သိရပါတယ္။ သူဟာ ၂ ႏွစ္စာခ်ဳပ္နဲ႔ တာ၀န္ယူခဲ့ၿပီး ေနာက္ထပ္ သက္တမ္းတစ္ႏွစ္တိုးခြင့္ ရရွိဦးမွာျဖစ္ပါတယ္။

အသက္ ၄၂ ႏွစ္ရွိၿပီျဖစ္တဲ႔ ဟင္နရီ ဟာၿပီးခဲ့တဲ႔ ဇန္န၀ါရီတုန္းက မိုနာကိုအသင္းနည္းျပ ရာထူးကေနထုတ္ပယ္ခံခဲ့ရသူျဖစ္ပါတယ္။ သူဟာ မိုနာကို ကိုပြဲ ၂၀ ကိုင္တြယ္္ခဲ့ေပမယ္႔ ၄ ပြဲသာအႏိုင္ရခဲ့တဲ႔အထိ အေျခအေနဆိုးရြားခဲ့လို႔ အခုလို မြန္ထရီရယ္ နည္းျပသစ္ျဖစ္လာတဲ႔အေပၚ အံအားသင့္မႈေတြ ရွိေနတာျဖစ္ပါတယ္။

ဟင္နရီဟာ ေမဂ်ာလိဂ္ၿပိဳင္ပြဲနဲ႔ အလွမ္းေ၀းတဲ႔သူမဟုတ္ဘဲ နယူးေယာ႔ခ္ရက္ဘူးလ္အသင္းမွာ ၄ ႏွစ္ၾကာကစားၿပီး ကစားသမားဘ၀ကေန အနားယူခဲ့သူျဖစ္ လို႔သူ႔အေပၚေမွ်ာ္လင့္ခ်က္ေတြရွိေနၾက ပါတယ္။ အဲဒီအသင္းမွာ သူဟာ ၁၂၂ ပြဲကစားၿပီး ၅၁ ဂိုးသြင္းယူေပးခဲ့သူျဖစ္ပါတယ္။

ဟင္နရီက”ေမဂ်ာလိဂ္ကို ျပန္လာၿပီး မြန္ထရီရယ္ကို တာ၀န္ယူရတာဟာ သိပ္ကိုဂုဏ္ယူစရာပါဘဲ။ ဒီမွာ က်ြန္ေတာ္ဟာ အခ်ိန္အခါေကာင္းေတြကို ပုိင္ဆိုင္ဘူးခဲ့လို႔ ၿပိဳင္ပြဲအေၾကာင္းကို ေကာင္းေကာင္းသိပါတယ္။ ယဥ္ေက်းမႈေပါင္းစုံၿပီး ႀကီးမားတဲ႔အေမြအႏွစ္ေတြရွိတဲ႔ ကြိဘက္ကိုလာရလို႔လည္း သိပ္ကိုထူးျခားပါတယ္” လို႔ေျပာသြားပါတယ္။

မြန္ထရီရယ္ အသင္းဟာေမဂ်ာလိဂ္မွာ ၀င္ၿပိဳင္ေနေပမယ္႔ ကေနဒါ ႏိုင္ငံ၊ ကြိဘက္ခရိုင္က မြန္ထရီရယ္ၿမိဳ႕မွာ အေျခစိုက္တဲ႔အသင္းျဖစ္ပါတယ္။ မြန္ထရီရယ္အင္းပတ္ဟာ ၿပီးခဲ့တဲ႔ ေအာက္တိုဘာလက နည္းျပ ၀ီလ္မာကာဘရီယာနဲ႔ လမ္းခြဲၿပီးေနာက္ နည္းျပသစ္ကိုရွာေဖြခဲ့ၿပီး ဟင္နရီကို ခန္႔အပ္လိုက္တာျဖစ္ပါတယ္။