
Photo Credit
Photo Credit
နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်က မေဂျာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ၅နှစ်ကြာစောင့်ဆိုင်းနေရမှုကို အဆုံးသတ်ကာ ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် မိမိတု့ိအသင်းအနေနဲ့ လက်ရှိကာလကို ပျော်ရွှင်စွာဖြတ်သန်းသွားမယ်လု့ိ ပြောကြားလိုက်ပါတယ်။
Photo Credit
နယ်သာလန်ဟာ ယူရို ၂၀၁၆ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့ရပြီးနောက် စနေညက အဝေးကွင်းမှာ မြောက်အိုင်ယာလန်နဲ့ ဂိုးမရှိသရေကျကာ အုပ်စု C မှာ အနည်းဆုံး ဒုတိယရဖို့ သေချာသွားခဲ့ပါတယ်။
Photo Credit
နယ်သာလန်အသင်းမှာ ဒဏ်ရာရနေတဲ့အဓိကတိုက်စစ်မှူး ဒီပိုင်း မပါဝင်နိုင်ခဲ့လို့ တိုက်စစ်ပိုင်းက ရုန်းကန်ခဲ့ရသလို ပထမပိုင်းမှာ မြောက်အိုင်ယာလန်အသင်းကစားသမား စတီဗင်ဒေးဗစ်ရဲ့ပင်နယ်တီကန်သွင်းမှု မဝင်ခဲ့လို့သာ နယ်သာလန်အသင်း ဖိအားမဝင်ခဲ့တာဖြစ်ပါတယ်။
Photo Credit
ယမန်နှစ်ရာသီက လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့ ဗန်ဒိုက်က ”ကျွန်တော်တို့ နောက်တစ်ကြိမ် အဓိကပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ရတော့မှာပါ။ အဲဒီအချက်က အရေးကြီးဆုံးအရာပါပဲ။ မြောက်အိုင်ယာလန်နဲ့ပွဲမှာအနိုင်ရချင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်”
Photo Credit
”ခြေစစ်ပွဲအောင်ဖို့က ခက်ခဲနိုင်တာကို သိပေမယ့် အဆုံးသတ်မှာတော့ လုပ်နိုင်ခဲ့ပါပြီ။ ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာ မြောက်အိုင်ယာလန်က တိုက်ရိုက်တိုက်စစ်ဆင်ကစားခဲ့ပြီး ပြစ်ဒဏ်ဘောတွေ၊ ထောင့်ကန်ဘောတွေရဖို့ ကြိုးစားခဲ့ပါတယ်။
Photo Credit
ကျွန်တော်တို့အသင်းကလည်း အဲဒီအချိန်မှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အခုတော့ ယူရိုချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားခွင့်ရပါတော့မယ်။ အခုချိန်မှာ အားလုံးပျော်ရွှင်နေချိန်ဖြစ်ပြီး ပြိုင်ပွဲအတွက်လည်း ကောင်းကောင်းပြင်ဆင်ထားဖို့ လိုပါတယ်”လို့ ဗန်ဒိုက်က ပြောပါတယ်။
Photo Credit
နယ်သာလန်အသင်းက လက်ရှိအချိန်မှာ အုပ်စုထိပ်ဆုံးက ဂျာမနီနဲ့ ၂ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပြီး အင်္ဂါနေ့မှာ ဂျာမနီက မြောက်အိုင်ယာလန်ကို ဧည့်ခံကစားရမှာဖြစ်သလို နယ်သာလန်ကလည်း အဲဒီညမှာပဲ အက်စ်တိုးနီးယားကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။
Photo Credit
Zawgyi
ေမဂ်ာၿပိဳင္ပြဲေတြနဲ႔ေ၀းကြာေနရတာကို အဆုံးသတ္ႏိုင္ခဲ့လုိ႔ ဗန္ဒိုက္ ေပ်ာ္ရႊင္
နယ္သာလန္အသင္းေခါင္းေဆာင္ ဗန္ဒိုက္က ေမဂ်ာၿပိဳင္ပဲြမွာ ပါ၀င္ယွဥ္ၿပိဳင္ဖုိ႔ ၅ႏွစ္ၾကာေစာင့္ဆုိင္းေနရမႈကို အဆုံးသတ္ကာ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီးေနာက္ မိမိတု႔ိအသင္းအေနနဲ႔ လက္ရွိကာလကို ေပ်ာ္ရႊင္စြာျဖတ္သန္းသြားမယ္လု႔ိ ေျပာၾကားလုိက္ပါတယ္။
နယ္သာလန္ဟာ ယူ႐ို ၂၀၁၆ နဲ႔ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲေတြမွာ ပါ၀င္ယွဥ္ၿပိဳင္ခြင့္ဆုံး႐ံႈးခဲ့ရၿပီးေနာက္ စေနညက အေ၀းကြင္းမွာ ေျမာက္အုိင္ယာလန္နဲ႔ ဂိုးမရွိသေရက်ကာ အုပ္စု C မွာ အနည္းဆုံး ဒုတိယရဖုိ႔ ေသခ်ာသြားခဲ့ပါတယ္။
နယ္သာလန္အသင္းမွာ ဒဏ္ရာရေနတဲ့အဓိကတုိက္စစ္မွဴး ဒီပိုင္း မပါ၀င္ႏုိင္ခဲ့လုိ႔ တုိက္စစ္ပိုင္းက ႐ုန္းကန္ခဲ့ရသလို ပထမပိုင္းမွာ ေျမာက္အုိင္ယာလန္အသင္းကစားသမား စတီဗင္ေဒးဗစ္ရဲ႕ပင္နယ္တီကန္သြင္းမႈ မ၀င္ခဲ့လုိ႔သာ နယ္သာလန္အသင္း ဖိအားမ၀င္ခဲ့တာျဖစ္ပါတယ္။
ယမန္ႏွစ္ရာသီက လီဗာပူးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခ့ဲတဲ့ ဗန္ဒိုက္က ”ကၽြန္ေတာ္တို႔ ေနာက္တစ္ႀကိမ္ အဓိကၿပိဳင္ပြဲႀကီးမွာ ပါ၀င္ယွဥ္ၿပိဳင္ရေတာ့မွာပါ။ အဲဒီအခ်က္က အေရးႀကီးဆုံးအရာပါပဲ။ ေျမာက္အုိင္ယာလန္နဲ႔ပြဲမွာအႏိုင္ရခ်င္ခဲ့ၿပီး အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ခဲ့ပါတယ္”
”ေျခစစ္ပြဲေအာင္ဖို႔က ခက္ခဲႏိုင္တာကို သိေပမယ့္ အဆုံးသတ္မွာေတာ့ လုပ္ႏိုင္ခဲ့ပါၿပီ။ ပြဲၿပီးဖို႔ ၁၅ မိနစ္အလုိမွာ ေျမာက္အုိင္ယာလန္က တုိက္႐ိုက္တုိက္စစ္ဆင္ကစားခဲ့ၿပီး ျပစ္ဒဏ္ေဘာေတြ၊ ေထာင့္ကန္ေဘာေတြရဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းကလည္း အဲဒီအခ်ိန္မွာ ေကာင္းေကာင္းကစားႏိုင္ခဲ့ပါတယ္။ အခုေတာ့ ယူ႐ိုခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ကစားခြင့္ရပါေတာ့မယ္။ အခုခ်ိန္မွာ အားလုံးေပ်ာ္ရႊင္ေနခ်ိန္ျဖစ္ၿပီး ၿပိဳင္ပဲြအတြက္လည္း ေကာင္းေကာင္းျပင္ဆင္ထားဖို႔ လိုပါတယ္”လုိ႔ ဗန္ဒုိက္က ေျပာပါတယ္။
နယ္သာလန္အသင္းက လက္ရွိအခ်ိန္မွာ အုပ္စုထိပ္ဆုံးက ဂ်ာမနီနဲ႔ ၂ မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး အဂၤါေန႔မွာ ဂ်ာမနီက ေျမာက္အုိင္ယာလန္ကို ဧည့္ခံကစားရမွာျဖစ္သလုိ နယ္သာလန္ကလည္း အဲဒီညမွာပဲ အက္စ္တိုးနီးယားကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။