မူလင်စတန်ကတော့ မာရှယ်နဲ့ ပတ်သက်ပြီး ဆိုးလ်ရှား မှားယွင်းနေတဲ့အရာကို ပြောလိုက်ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆိုးလ်ရှားအနေနဲ့ မာရှယ်ရဲ့ အကောင်းဆုံးပုံစံကို မထုတ်ယူနိုင်ခဲ့တာဟာ နေရာမှားထားကာ ကစားနေလို့ဖြစ်ကြောင်း ယူနိုက်တက်နည်းပြဟောင်း မူလင်စတန်က သုံးသပ်ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ(၅)ရက်နေ့က ၂၅နှစ်ပြည့်ခဲ့တဲ့ မာရှယ်ဟာ ဆိုးလ်ရှားလက်ထက် အိုးထရက်ဖို့ဒ်မှာ တောက်လျောက် အထောင်တိုက်စစ်မှူးအဖြစ် ကစားနေရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ယခုနှစ်ရာသီမှာ မာရှယ်တစ်ယောက် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၂ဂိုးသာ ရခဲ့သလို ပရီးမီးယားလိဂ်မှာ ၁ဂိုးမှ မသွင်းနိုင်သေးပါဘူး။ မာရှယ်ဟာ တောင်ပံမှာ နှစ်ပေါင်းများစွာ ခြေစွမ်းပြလာခဲ့ပြီး၂၀၁၅ခုနှစ် ယူနိုက်တက်ကို ရောက်ရှိလာချိန်ကလည်း ဘယ်တောင်ပံအဖြစ် မကြာခဏ အသုံးပြုခံခဲ့ရပါတယ်။

ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြဟောင်း မူလင်စတန်က တောင်ပံမှာထား ကစားရင် မာရှယ်ရဲ့ သွင်းဂိုးတွေ ပြန်လည် မြင်တွေ့ရနိုင်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

“ကစားသမားတစ်ယောက်က ခြေစွမ်းမပြနိုင်တာ ကြာပြီဆိုရင် မကောင်းတော့ပါဘူး။ကွင်းအတွင်းယုံကြည့်မှုပျောက်ဆုံးသွားတတ်ပါတယ်။ သူ မနှစ်ကလို ကစားရတယ် မထင်ဘဲ ပွဲအများစုကို တိုက်စစ်မှုးအဖြစ်နဲ့ ကစားခဲ့ရပြီးတော့ အခွင့်အရေးရရင် ဂိုးသွင်းနိုင်ရပါမယ်”

“တစ်ချို့အချိန်တွေမှာ အခွင့်အရေးတွေက တော်တော်လေး သေချာတဲ့ အခြေအနေတွေ ရှိခဲ့ပေမဲ့ ပီအက်စ်ဂျီနဲ့ ပွဲက အခွင့်အရေးမျိုးက ဂိုးဝင်သင့်ပါတယ်။ သူသာ အဲ့ဒီပွဲက အခွင့်အရေးကို အသုံးချနိုင်မယ်ဆိုရင် ယူနိုက်တက်က နိုင်နီုင်ပါတယ်။မာရှယ်က ကစားသမားကောင်း ဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံး နေရာက ဘယ်တောင်ပံမှာလို့ ထင်ပြီး သူက တိုက်စစ်မှူးစစ်စစ်လို့ ကျွန်တော် မထင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

မာရှယ်ဟာ ယမန်နှစ်ရာသီက နံပါတ် ၉နေရာ ကစားပြီး ပြိုင်ပွဲစုံ ၂၃ဂိုး သွင်းနိုင်ခဲ့ပေမဲ့ နွေရာသီက ယူနိုက်တက်ဟာ ကာဗာနီကို ခေါ်ယူခဲ့ပါတယ်။ ဒီည လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက်တော့ အဆိုပါ ကစားသမား ၂ယောက်လုံး ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မူလင္စတန္ကေတာ့ မာရွယ္နဲ႔ ပတ္သက္ၿပီး ဆိုးလ္ရွား မွားယြင္းေနတဲ့အရာကို ေျပာလိုက္ၿပီ

ဆိုးလ္ရွားအေနနဲ႔ မာရွယ္ရဲ႕ အေကာင္းဆုံးပုံစံကို မထုတ္ယူႏိုင္ခဲ့တာဟာ ေနရာမွားထားကာ ကစားေနလို႔ျဖစ္ေၾကာင္း ယူႏိုက္တက္နည္းျပေဟာင္း မူလင္စတန္က သုံးသပ္ေျပာၾကားခဲ့ပါတယ္။ ဒီဇင္ဘာ(၅)ရက္ေန႕က ၂၅ႏွစ္ျပည့္ခဲ့တဲ့ မာရွယ္ဟာ ဆိုးလ္ရွားလက္ထက္ အိုးထရက္ဖို႔ဒ္မွာ ေတာက္ေလ်ာက္ အေထာင္တိုက္စစ္မႉးအျဖစ္ ကစားေနရတာ ျဖစ္ပါတယ္။ ဒါေပမဲ့ ယခုႏွစ္ရာသီမွာ မာရွယ္တစ္ေယာက္ ႐ုန္းကန္ေနရၿပီး ၿပိဳင္ပြဲစုံ သြင္းဂိုး ၂ဂိုးသာ ရခဲ့သလို ပရီးမီးယားလိဂ္မွာ ၁ဂိုးမွ မသြင္းႏိုင္ေသးပါဘူး။ မာရွယ္ဟာ ေတာင္ပံမွာ ႏွစ္ေပါင္းမ်ားစြာ ေျခစြမ္းျပလာခဲ့ၿပီး၂၀၁၅ခုႏွစ္ ယူႏိုက္တက္ကို ေရာက္ရွိလာခ်ိန္ကလည္း ဘယ္ေတာင္ပံအျဖစ္ မၾကာခဏ အသုံးျပဳခံခဲ့ရပါတယ္။

ဖာဂူဆန္ရဲ႕ လက္ေထာက္နည္းျပေဟာင္း မူလင္စတန္က ေတာင္ပံမွာထား ကစားရင္ မာရွယ္ရဲ႕ သြင္းဂိုးေတြ ျပန္လည္ ျမင္ေတြ႕ရႏိုင္တယ္လို႔ သုံးသပ္ေျပာၾကားခဲ့ပါတယ္။“ကစားသမားတစ္ေယာက္က ေျခစြမ္းမျပႏိုင္တာ ၾကာၿပီဆိုရင္ မေကာင္းေတာ့ပါဘူး။ကြင္းအတြင္းယုံၾကည့္မႈေပ်ာက္ဆုံးသြားတတ္ပါတယ္။ သူ မႏွစ္ကလို ကစားရတယ္ မထင္ဘဲ ပြဲအမ်ားစုကို တိုက္စစ္မႈးအျဖစ္နဲ႔ ကစားခဲ့ရၿပီးေတာ့ အခြင့္အေရးရရင္ ဂိုးသြင္းႏိုင္ရပါမယ္”

“တစ္ခ်ိဳ႕အခ်ိန္ေတြမွာ အခြင့္အေရးေတြက ေတာ္ေတာ္ေလး ေသခ်ာတဲ့ အေျခအေနေတြ ရွိခဲ့ေပမဲ့ ပီအက္စ္ဂ်ီနဲ႔ ပြဲက အခြင့္အေရးမ်ိဳးက ဂိုးဝင္သင့္ပါတယ္။ သူသာ အဲ့ဒီပြဲက အခြင့္အေရးကို အသုံးခ်ႏိုင္မယ္ဆိုရင္ ယူႏိုက္တက္က ႏိုင္ႏီုင္ပါတယ္။မာရွယ္က ကစားသမားေကာင္း ျဖစ္ၿပီး သူ႔ရဲ႕ အေကာင္းဆုံး ေနရာက ဘယ္ေတာင္ပံမွာလို႔ ထင္ၿပီး သူက တိုက္စစ္မႉးစစ္စစ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး”လို႔ ေျပာခဲ့ပါတယ္။ မာရွယ္ဟာ ယမန္ႏွစ္ရာသီက နံပါတ္ ၉ေနရာ ကစားၿပီး ၿပိဳင္ပြဲစုံ ၂၃ဂိုး သြင္းႏိုင္ခဲ့ေပမဲ့ ေႏြရာသီက ယူႏိုက္တက္ဟာ ကာဗာနီကို ေခၚယူခဲ့ပါတယ္။ ဒီည လိုက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ေတာ့ အဆိုပါ ကစားသမား ၂ေယာက္လုံး ပါဝင္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။