မုန်တိုင်းကြောင့်မန်စီးတီးပွဲရွှေ့ခဲ့ပေမယ့် မန်ချက်စတာမှာနေသာနေလို့ ပရိသတ်တွေဒေါသထွက်

Photo-Internet
Photo-Internet

မုန်တိုင်း Ciara ရဲ့အန္တရာယ်ကြောင့် မန်စီးတီးနဲ့ဝက်စ်ဟမ်းပွဲကိုရွှေ့ဆိုင်းခဲ့ရပေမယ့် ပွဲရွှေ့ပြီးချိန်မှာ မန်ချက်စတာမြို့မှာနေသာနေတဲ့အတွက် ပရိသတ်တွေကဒေါသထွက်နေကြတယ်လို့ သိရပါတယ်။ Ciara ရဲ့အရှိန်ကြောင့် ဂျာမနီမှာလည်း ဂလတ်ဘတ်နဲ့ ကိုလုံးတို့ရဲ့ပွဲကို ရွှေ့ခဲ့ရပါသေးတယ်။

Ciara ဟာဗြိတိန်ရဲ့ဒေသအချို့နဲ့ ဥရောပရဲ့အချို့သောနေရာတွေကို ဝင်ရောက်တိုက်ခတ်ခဲ့ရာမှာ အခြားသောအားကစားပွဲတွေကိုလည်း ရွှေ့ဆိုင်းရမှုရှိခဲ့ပါတယ်။ ဒီမုန်တိုင်းအရှိန်ကြောင့် လှိုင်းကြီးတာ၊ မိုးသည်းထန်စွာရွာတာ၊ အပင်တွေလဲတာနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒေသစံတော်ချိန် ၄း၃၀ မှာကျင်းပမယ့်ပွဲကို နေ့လည် ၁၁ နာရီမှာရွှေ့ဆိုင်းလိုက်ကြောင်း မန်စီးတီးထုတ်ပြန်လိုက်တာပါ။

Photo-Internet

ဝက်စ်ဟမ်းပရိသတ်တွေကလည်း လန်ဒန်ကနေ မန်ချက်စတာကိုလာရင် လမ်းမှာအခက်တွေ့နိုင်တဲ့အပြင် မုန်တိုင်းနောက်ဆက်တွဲတွေလည်း ဖြစ်လာနိုင်သေးလို့ ပရိသတ်တွေရဲ့အခြေအနေစိုးရိမ်စရာဖြစ်မှာစိုးလို့ ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ မန်စီးတီးရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြသွားပါတယ်။

Photo-Internet

ဒါပေမယ့် မန်စီးတီးပွဲထက်အရင် ၂ နာရီစောပြီးကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ ဘုန်းမောက်တို့ရဲ့ပွဲကိုတော့ လေပြင်းတိုက်ခတ်နေတဲ့ကြားထဲကနေ ကျင်းပခဲ့တဲ့အပြင် မန်ချက်စတာမြို့မှာ ညနေခင်းလောက်ကစပြီး နေသာကာမြင်ကွင်းတွေကို ကောင်းစွာမြင်တွေ့ခဲ့ရလို့ ပရိသတ်တွေကဒေါသထွက်ပြီး မန်စီးတီးရဲ့ဆုံးဖြတ်ချက်ဟာ အချိန်စောလွန်းတယ်လို့ လူမှုမီဒီယာထက်မှာ ဝေဖန်နေကြတာဖြစ်ပါတယ်။

Photo-Internet

မန်စီးတီးဟာ ဖေဖေါ်ဝါရီ ၂၂ ကနေ မတ်လ ၁၄ အတွင်း ၈ ပွဲကစားရမှာဖြစ်ပြီး ဒီအထဲမှာရီးရဲလ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲအပြင် မတ် ၁ မှာ အက်စ်တွန်ဗီလာနဲ့ လိဂ်ဖလားဗိုလ်လုပွဲကစားရဦးမှာဖြစ်လို့ အခုလိုပွဲရွှေ့မှုဟာသူတို့ကို မလိုအပ်ဘဲ ပွဲများပြားမှုကြုံတွေ့စေတော့မယ်လို့လည်း သိရပါတယ်။

Photo-Internet

Zawgyi

မုန္တိုင္းေၾကာင့္မန္စီးတီးပြဲေရႊ႕ခဲ့ေပမယ္႔ မန္ခ်က္စတာမွာေနသာေနလို႔ ပရိသတ္ေတြေဒါသထြက္

မုန္တိုင္း Ciara ရဲ႕အႏၱရာယ္ေၾကာင့္ မန္စီးတီးနဲ႔၀က္စ္ဟမ္းပြဲကိုေရႊ႕ဆိုင္းခဲ့ရေပမယ္႔ ပြဲေရႊ႕ၿပီးခ်ိန္မွာ မန္ခ်က္စတာၿမိဳ႕မွာေနသာေနတဲ႔အတြက္ ပရိသတ္ေတြကေဒါသထြက္ေနၾကတယ္လို႔ သိရပါတယ္။ Ciara ရဲ႕အရွိန္ေၾကာင့္ ဂ်ာမနီမွာလည္း ဂလတ္ဘတ္နဲ႔ ကိုလုံးတို႔ရဲ႕ပြဲကို ေရႊ႕ခဲ့ရပါေသးတယ္။

Ciara ဟာၿဗိတိန္ရဲ႕ေဒသအခ်ဳိ႕နဲ႔ ဥေရာပရဲ႕အခ်ဳိ႕ေသာေနရာေတြကို ၀င္ေရာက္တိုက္ခတ္ခဲ့ရာမွာ အျခားေသာအားကစားပြဲေတြကိုလည္း ေရႊ႕ဆိုင္းရမႈရွိခဲ့ပါတယ္။ ဒီမုန္တိုင္းအရွိန္ေၾကာင့္ လိႈင္းႀကီးတာ၊ မိုးသည္းထန္စြာရြာတာ၊ အပင္ေတြလဲတာနဲ႔ႀကံဳေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း ေဒသစံေတာ္ခ်ိန္ ၄း၃၀ မွာက်င္းပမယ္႔ပြဲကို ေန႔လည္ ၁၁ နာရီမွာေရႊ႕ဆိုင္းလိုက္ေၾကာင္း မန္စီးတီးထုတ္ျပန္လိုက္တာပါ။

၀က္စ္ဟမ္းပရိသတ္ေတြကလည္း လန္ဒန္ကေန မန္ခ်က္စတာကိုလာရင္ လမ္းမွာအခက္ေတြ႔ႏိုင္တဲ႔အျပင္ မုန္တိုင္းေနာက္ဆက္တြဲေတြလည္း ျဖစ္လာႏိုင္ေသးလို႔ ပရိသတ္ေတြရဲ႕အေျခအေနစိုးရိမ္စရာျဖစ္မွာစိုးလို႔ ေရႊ႕ဆိုင္းလိုက္ရတာျဖစ္တယ္လို႔ မန္စီးတီးရဲ႕ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပသြားပါတယ္။

ဒါေပမယ္႔ မန္စီးတီးပြဲထက္အရင္ ၂ နာရီေစာၿပီးကစားခဲ့တဲ႔ ရွက္ဖီးယူႏိုက္တက္နဲ႔ ဘုန္းေမာက္တို႔ရဲ႕ပြဲကိုေတာ႔ ေလျပင္းတိုက္ခတ္ေနတဲ႔ၾကားထဲကေန က်င္းပခဲ့တဲ႔အျပင္ မန္ခ်က္စတာၿမိဳ႕မွာ ညေနခင္းေလာက္ကစၿပီး ေနသာကာျမင္ကြင္းေတြကို ေကာင္းစြာျမင္ေတြ႔ခဲ့ရလို႔ ပရိသတ္ေတြကေဒါသထြက္ၿပီး မန္စီးတီးရဲ႕ဆုံးျဖတ္ခ်က္ဟာ အခ်ိန္ေစာလြန္းတယ္လို႔ လူမႈမီဒီယာထက္မွာ ေ၀ဖန္ေနၾကတာျဖစ္ပါတယ္။

မန္စီးတီးဟာ ေဖေဖၚ၀ါရီ ၂၂ ကေန မတ္လ ၁၄ အတြင္း ၈ ပြဲကစားရမွာျဖစ္ၿပီး ဒီအထဲမွာရီးရဲလ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ပြဲအျပင္ မတ္ ၁ မွွာ အက္စ္တြန္ဗီလာနဲ႔ လိဂ္ဖလားဗိုလ္လုပြဲကစားရဦးမွာျဖစ္လို႔ အခုလိုပြဲေရႊ႕မႈဟာသူတို႔ကို မလိုအပ္ဘဲ ပြဲမ်ားျပားမႈႀကံဳေတြ႔ေစေတာ႔မယ္လို႔လည္း သိရပါတယ္။