မီလန်အထိရောက်လာတဲ့ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်တာပွဲအပါအဝင် စီးရီးအေ ၃ ပွဲရွှေ့ဆိုင်း

photo-gettyimages

photo-gettyimages

ကမ္ဘာတစ်ဝန်းစိုးရိမ်နေကြရတဲ့ရောဂါကပ်ဘေးတစ်ခုဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် အီတလီနိုင်ငံမီလန်မြို့အထိ ရောက်ရှိလာပြီဖြစ်လို့ တနင်္ဂနွေညကစားမယ့်အင်တာမီလန်ပွဲအပါဝင် စီးရီးအေ ၃ ပွဲကို အီတလီက အစိုးရက ရွှေ့ဆိုင်းခိုင်းလိုက်ကြောင်း သိရှိရပါတယ်။ မီလန်မြို့တည်ရှိတဲ့လွန်ဘာဒီနဲ့ ဗီနီတိုဒေသတွေမှာ ကိုရိုနာကြောင့် လူ ၂ ဦးသေဆုံးသွားပြီးနောက်မှာ ဒေသတွင်းက အားကစားပွဲတွေအားလုံးကို ရွှေ့ဆိုင်းဖို့ အီတလီဝန်ကြီးချုပ်ဂူဆက်ပီကွန်တီက ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

photo-gettyimages

ပြီးခဲ့တဲ့နှစ်အကုန် တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် နိုင်ငံအတော်များများကို ရောက်ရှိကူးဆက်နေတာဖြစ်ပြီး အဲဒီထဲမှာ အီတလီလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ လွန်ဘာဒီဒေသမှာ တစ်ဦးသေဆုံးခဲ့ပြီး ကမ္ဘာကျော်ဗင်းနစ်မြို့ရှိရာ အိမ်နီးချင်းဗီနီတိုဒေသမှာလည်း တစ်ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအရေအတွက်ဟာ ၇၉ ဦး အထိ တိုးလာခဲ့ပြီး အဲဒီထဲမှာ မီလန်မြို့ရှိတဲ့ လွန်ဘာဒီဒေသမှာ ၄၇ ဦးကူးစက်ခံထားရပါတယ်။

photo-sky sports

ဒါကြောင့် ဒေသတွင်းမှာ တက္ကသိုလ်တွေ၊ စာသင်းကျောင်းတွေ၊ စားသောက်ဆိုင်တွေ ပိတ်ထားကြပြီ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ စီးရီးအေ၊စီးရီးဘီပွဲတွေအပါအဝင် လူငယ်နဲ့အပျော်တမ်းဘောလုံးပွဲစဉ်ပေါင်းများစာကို ဆိုင်းငံ့လိုက်ရပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းလိုက်တဲ့ စီးရီးအေ ၃ ပွဲကတော့ အင်တာမီလန်-ဆမ်ဒိုးရီးယား၊ ဗီရိုနာ-ကက်ဂလီယာရီနဲ့ အတ္တလန္တာ-ဆက်ဆူအိုလိုပွဲတွေပါ။

[Zawgyi]

မီလန္အထိေရာက္လာတဲ့ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ အင္တာပြဲအပါအ၀င္ စီးရီးေအ ၃ ပြဲေရႊ႕ဆိုင္း

ကမာၻတစ္၀န္းစိုးရိမ္ေနၾကရတဲ့ေရာဂါကပ္ေဘးတစ္ခုျဖစ္တဲ့ ကိုရိုနာဗုိင္းရပ္စ္ဟာ အခုဆိုရင္ အီတလီႏိုင္ငံမီလန္ၿမိဳ႕အထိ ေရာက္ရွိလာၿပီျဖစ္လို႔ တနဂၤေႏြညကစားမယ့္အင္တာမီလန္ပြဲအပါ၀င္ စီးရီးေအ ၃ ပြဲကို အီတလီက အစိုးရက ေရႊ႕ဆိုင္းခိုင္းလုိက္ေၾကာင္း သိရွိရပါတယ္။ မီလန္ၿမိဳ႕တည္ရွိတဲ့လြန္ဘာဒီနဲ႔ ဗီနီတုိေဒသေတြမွာ ကိုရိုနာေၾကာင့္ လူ ၂ ဦးေသဆုံးသြားၿပီးေနာက္မွာ ေဒသတြင္းက အားကစားပြဲေတြအားလုံးကို ေရႊ႕ဆိုင္းဖို႔ အီတလီ၀န္ႀကီးခ်ဳပ္ဂူဆက္ပီကြန္တီက ေၾကညာခ်က္ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အကုန္ တရုတ္ႏိုင္ငံမွာ စတင္ေပၚေပါက္ျဖစ္ပြားခဲ့တဲ့ ကိုရိုနာဗုိင္းရပ္စ္ဟာ အခုဆိုရင္ ႏိုင္ငံအေတာ္မ်ားမ်ားကို ေရာက္ရွိကူးဆက္ေနတာျဖစ္ၿပီး အဲဒီထဲမွာ အီတလီလည္း ပါ၀င္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ လြန္ဘာဒီေဒသမွာ တစ္ဦးေသဆုံးခဲ့ၿပီး ကမာၻေက်ာ္ဗင္းနစ္ၿမိဳ႕ရွိရာ အိမ္နီးခ်င္းဗီနီတိုေဒသမွာလည္း တစ္ဦးေသဆုံးခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အီတလီမွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရမႈအေရအတြက္ဟာ ၇၉ ဦး အထိ တိုးလာခဲ့ၿပီး အဲဒီထဲမွာ မီလန္ၿမိဳ႕ရွိတဲ့ လြန္ဘာဒီေဒသမွာ ၄၇ ဦးကူးစက္ခံထားရပါတယ္။

ဒါေၾကာင့္ ေဒသတြင္းမွာ တကၠသိုလ္ေတြ၊ စာသင္းေက်ာင္းေတြ၊ စားေသာက္ဆိုင္ေတြ ပိတ္ထားၾကၿပီ ျဖစ္ပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ စီးရီးေအ၊စီးရီးဘီပြဲေတြအပါအ၀င္ လူငယ္နဲ႔အေပ်ာ္တမ္းေဘာလုံးပြဲစဥ္ေပါင္းမ်ားစာကို ဆိုင္းငံ့လိုက္ရပါၿပီ။ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ေရႊ႕ဆိုင္းလုိက္တဲ့ စီးရီးေအ ၃ ပြဲကေတာ့ အင္တာမီလန္-ဆမ္ဒိုးရီးယား၊ ဗီရိုနာ-ကက္ဂလီယာရီနဲ႔ အတၱလႏၱာ-ဆက္ဆူအိုလုိပြဲေတြပါ။