မီလန်မှာ နတ်ဘုရားကြီးး ပြန်ပါလာနိုင်သလို မန်ယူမှာလည်း ဒီဂီယာ၊ ပေါ့ဂ်ဘာနဲ့ ပြန်လာပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန်အသင်းဟာ ယူနိုက်တက်ကို ဥရောပပြိုင်ပွဲတွေကနေ အကြိမ်အရေအတွက်အများဆုံး ထုတ်ပယ်ပစ်နိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းတွေက ဖော်ပြထားသလို ပြီးခဲ့တဲ့ ပထမအကျော့တုန်းကလည်း မီလန်ရဲ နောက်ဆုံးမိနစ်ချေပဂိုးကြောင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့ရတာပါ။

အဲ့ဒီ့ပွဲမှာ ယူနိုက်တက်ဖက်က ကစားသမားမစုံလင်ခဲ့သလို မီလန်မှာလည်း ဒီရာသီအသင်းအတွက် ဂိုးအများဆုံးသွင်းထားတဲ့ နတ်ဘုရားကြီး အီဘရာဟီမိုဗစ် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။

အခု ဒုတိယအကျော့မှာတော့ အသင်းဟောင်း ယူနိုက်တက်ကို ပြန်လည်ရင်ဆိုင်ဖို့ အီဘရာဟီမိုဗစ်တစ်ယောက် အခွင့်အရေး ရှိလာခဲ့ပြီဖြစ်ပါတယ်။

သူဟာ အသက် ၃၉နှစ်ရှိပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ မိခင်နိုင်ငံ ဆွီဒင်လက်ရွေးစင်အသင်းအတွက် တစ်ကျော့ပြန် ပြန်ကစားပေးဖွယ်ရှိတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး လက်ရွေးစင်အသင်းကနေ ယူရို ၂၀၁၆ ပြီးကတည်းက အနားယူသွားတဲ့ မိုဗစ်ကို လက်ရှိလက်ရွေးစင်အသင်းနည်းပြ ဂျန်နီဟန်ဒါဆန်ကလည်း အလိုရှိနေပါတယ်။

မိုဗစ်ဟာ မန်ယူအသင်းမှာ ပီအက်စ်ဂျီကနေ ၆လအငှားစချုပ်နဲ့ လာကစားခဲ့ဖူးပြီး ၅၃ပွဲမှာ ၂၉ဂိုး သွင်းယူပေးထားနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

ယူနိုက်တက်မှာတော့ ပေါ့၈်ဘာနဲ့ ဒီဂီယာ တို့ ၂ယောက်ဟာ မီလန်နဲ့ကစား၇မယ့် ဒုတိယအကျော့အတွက် ပြန်ပါလာဖို့ရှိနေပါတယ်။ သူတို့ ၃ယောက်နဲ့အတူ ကွင်းလာ်ကစားသမား ဗန်ဒီဘိခ်လည်း မီလန်ကိုသွားမယ့် ယူနိုက်တက်အသင်း လူစာရင်းမှာ ပြန်ပါလာတာကို တွေ့ရပါတယ်။

ပတမအကျော့ လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ဘိုင်လီ၊ ဘစ်ရှော့၊ မာတာတို့အပြင် ဒဏ်ရာမသက်သာသေးတဲ့ တိုက်စစ်မှုးမာရှယ် တို့ကတော့ အီတလီခရီးစဉ်ကို လိုက်ပါနိုင်မှာ မဟုတ်ပါဘူး။ ကာဗာနီကတော့ လေ့ကျင့်ခန်းပြန်ဆင်းနေပေမယ့် ပွဲကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုမပြည့်တာကြောင့် အသင်းလူစာရင်းကနေ ချန်ထားခဲ့ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒူးဒဏ်ရာကြောင့် အနားယူနေရာကနေ ဝက်စ်ဟမ်းနဲ့ပွဲတုန်းမှာ ပထမဆုံးပြန်ကစားနိုင်ခဲ့တဲ့ တိုက်စစ်မှုးရက်ရှ်ဖို့ဒ်ကိုလည်း နည်းပြဆိုးလ်ရှားက မီလန်နဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်ကို ဆက်လက်ခေါ်ဆောင် သွားမယ်လို့ သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၈ဂိုး သွင်းယူထားပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့နောက်မှာ ၅ဂိုးအကွာနဲ့ အသင်းရဲ့ ဒုတိယဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။

တိုက်စစ်မှုးကာဗာနီကတော့ အခြားတိုက်စစ်မှုးတစ်ဦးဖြစ်တဲ့ မာရှယ်၊ တွန်မီနေးလ်တို့နဲ့အတူ ရဂိုးစီနဲ့ တတိယဂိုးသွင်းအများဆုံးနေရာမှာ ရပ်တည်နေပါတယ်။ မီလန်နဲ့ ယူနိုက်တက်ဟာ ပထမအကျော့က သရေရလဒ်ကြောင့် အခုကစားမယ့် ဒုတိယအကျော့မှာ လူလည်းစုံပြီဖြစ်တဲ့အတွက် ပိုပြီးအကြိတ်အနယ် ယှဉ်ပြိုင်ကြဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေအစီမီလန္အသင္းဟာ ယူႏိုက္တက္ကို ဥေရာပၿပိဳင္ပြဲေတြကေန အႀကိမ္အေရအတြက္အမ်ားဆုံး ထုတ္ပယ္ပစ္ႏိုင္တဲ့ အသင္းအျဖစ္ မွတ္တမ္းေတြက ေဖာ္ျပထားသလို ၿပီးခဲ့တဲ့ ပထမအေက်ာ့တုန္းကလည္း မီလန္ရဲ ေနာက္ဆုံးမိနစ္ေခ်ပဂိုးေၾကာင့္ သေရရလဒ္သာ ထြက္ေပၚခဲ့ရတာပါ။ အဲ့ဒီ့ပြဲမွာ ယူႏိုက္တက္ဖက္က ကစားသမားမစုံလင္ခဲ့သလို မီလန္မွာလည္း ဒီရာသီအသင္းအတြက္ ဂိုးအမ်ားဆုံးသြင္းထားတဲ့ နတ္ဘုရားႀကီး အီဘရာဟီမိုဗစ္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရပါတယ္။

အခု ဒုတိယအေက်ာ့မွာေတာ့ အသင္းေဟာင္း ယူႏိုက္တက္ကို ျပန္လည္ရင္ဆိုင္ဖို႔ အီဘရာဟီမိုဗစ္တစ္ေယာက္ အခြင့္အေရး ရွိလာခဲ့ၿပီျဖစ္ပါတယ္။

သူဟာ အသက္ ၃၉ႏွစ္ရွိၿပီျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကပဲ မိခင္ႏိုင္ငံ ဆြီဒင္လက္ေ႐ြးစင္အသင္းအတြက္ တစ္ေက်ာ့ျပန္ ျပန္ကစားေပးဖြယ္ရွိတဲ့ သတင္းေတြထြက္ေပၚလာခဲ့ၿပီး လက္ေ႐ြးစင္အသင္းကေန ယူ႐ို ၂၀၁၆ ၿပီးကတည္းက အနားယူသြားတဲ့ မိုဗစ္ကို လက္ရွိလက္ေ႐ြးစင္အသင္းနည္းျပ ဂ်န္နီဟန္ဒါဆန္ကလည္း အလိုရွိေနပါတယ္။

မိုဗစ္ဟာ မန္ယူအသင္းမွာ ပီအက္စ္ဂ်ီကေန ၆လအငွားစခ်ဳပ္နဲ႔ လာကစားခဲ့ဖူးၿပီး ၅၃ပြဲမွာ ၂၉ဂိုး သြင္းယူေပးထားႏိုင္ခဲ့တဲ့သူလည္းျဖစ္ပါတယ္။ ယူႏိုက္တက္မွာေတာ့ ေပါ့၈္ဘာနဲ႔ ဒီဂီယာ တို႔ ၂ေယာက္ဟာ မီလန္နဲ႔ကစား၇မယ့္ ဒုတိယအေက်ာ့အတြက္ ျပန္ပါလာဖို႔ရွိေနပါတယ္။ သူတို႔ ၃ေယာက္နဲ႔အတူ ကြင္းလာ္ကစားသမား ဗန္ဒီဘိခ္လည္း မီလန္ကိုသြားမယ့္ ယူႏိုက္တက္အသင္း လူစာရင္းမွာ ျပန္ပါလာတာကို ေတြ႕ရပါတယ္။

ပတမအေက်ာ့ လူစာရင္းမွာ ပါဝင္ခဲ့တဲ့ ဘိုင္လီ၊ ဘစ္ေရွာ့၊ မာတာတို႔အျပင္ ဒဏ္ရာမသက္သာေသးတဲ့ တိုက္စစ္မႈးမာရွယ္ တို႔ကေတာ့ အီတလီခရီးစဥ္ကို လိုက္ပါႏိုင္မွာ မဟုတ္ပါဘူး။ ကာဗာနီကေတာ့ ေလ့က်င့္ခန္းျပန္ဆင္းေနေပမယ့္ ပြဲကစားဖို႔ လုံေလာက္တဲ့ ႀကံ့ခိုင္မႈမျပည့္တာေၾကာင့္ အသင္းလူစာရင္းကေန ခ်န္ထားခဲ့ရတယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ဒူးဒဏ္ရာေၾကာင့္ အနားယူေနရာကေန ဝက္စ္ဟမ္းနဲ႔ပြဲတုန္းမွာ ပထမဆုံးျပန္ကစားႏိုင္ခဲ့တဲ့ တိုက္စစ္မႈးရက္ရွ္ဖို႔ဒ္ကိုလည္း နည္းျပဆိုးလ္ရွားက မီလန္နဲ႔ ကစားမယ့္ ယူ႐ိုပါလိဂ္ပြဲစဥ္ကို ဆက္လက္ေခၚေဆာင္ သြားမယ္လို႔ သိရပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ ၁၈ဂိုး သြင္းယူထားၿပီး ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေနာက္မွာ ၅ဂိုးအကြာနဲ႔ အသင္းရဲ႕ ဒုတိယဂိုးသြင္းအမ်ားဆုံးသူအျဖစ္ ရပ္တည္ေနပါတယ္။

တိုက္စစ္မႈးကာဗာနီကေတာ့ အျခားတိုက္စစ္မႈးတစ္ဦးျဖစ္တဲ့ မာရွယ္၊ တြန္မီေနးလ္တို႔နဲ႔အတူ ရဂိုးစီနဲ႔ တတိယဂိုးသြင္းအမ်ားဆုံးေနရာမွာ ရပ္တည္ေနပါတယ္။ မီလန္နဲ႔ ယူႏိုက္တက္ဟာ ပထမအေက်ာ့က သေရရလဒ္ေၾကာင့္ အခုကစားမယ့္ ဒုတိယအေက်ာ့မွာ လူလည္းစုံၿပီျဖစ္တဲ့အတြက္ ပိုၿပီးအႀကိတ္အနယ္ ယွဥ္ၿပိဳင္ၾကဖို႔ရွိေနပါတယ္။