
Photo Credit
Photo Credit ; AFP / Getty Images
အီတလီမွာ ထြက္ေပၚေနတဲ့သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းဟာ လာဇီယိုအသင္းကြင္းလယ္လူ မီလင္ကိုဗစ္ဆာဗစ္ကို ေျပာင္းေရႊ႕ေၾကး ယူ႐ို ၇၅သန္း၊ အပိုဆုေၾကးေတြနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္း သိရပါတယ္။ ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက မီလင္ကိုဗစ္ဆာဗစ္ကို ေခၚယူဖုိ႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး အခုေတာ့ La Repubblica ရဲ႕ေဖာ္ျပခ်က္အရ အသင္းကေန ထြက္ခြာဖုိ႔မ်ားေနတဲ့ ကြင္းလယ္လူေပါ့ဂ္ဘာရဲ႕ေနရာမွာ အစားထုိးႏိုင္ေရးအတြက္ အဆုိပါဆားဘီးယားလက္ေရြးစင္ကို ေခၚယူဖုိ႔ သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။
Photo Credit ; Getty Images
ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာက စိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆုိင္လုိတယ္လုိ႔ ဖြင့္ဟခဲ့ၿပီးခ်ိန္ကတည္းက သူ႕ရဲ႕အေျပာင္းအေရႊ႕က ပိုမိုျဖစ္ႏိုင္ေျခမ်ားလာၿပီး အသင္းေဟာင္းဂ်ဴဗင္တပ္စ္အျပင္ ရီးရဲလ္ကလည္း သူ႕ကို ေခၚယူဖုိ႔ ႀကိဳးစားလ်က္ရွိပါတယ္။ စပိန္သတင္းစာ ေအအက္စ္ကလည္း တကယ္လုိ႔ ေပါ့ဂ္ဘာသာ ရီးရဲလ္ကို ေရာက္လာရင္ မီလင္ကိုဗစ္ဆာဗစ္ရဲ႕ယူႏုိက္တက္ကိုေျပာင္းေရႊ႕မယ့္သတင္းလည္း အတည္ျပဳႏိုင္လိမ့္မယ္လုိ႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
Photo Credit ; Getty Images
အေစာပိုင္းသတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ ၂၀၁၅ ခုႏွစ္က ဂ်န္႔ခ္အသင္းကေန လာဇီယိုကို ေရာက္ရွိလာခဲ့တဲ့ မီလင္ကုိဗစ္ဆာဗစ္ကို ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖို႔ နီးစပ္ေနၿပီလုိ႔ သိရၿပီး အသက္ ၂၄ႏွစ္အရြယ္ရွိ မီလင္ကုိဗစ္ဆာဗစ္က ေပါ့ဂ္ဘာရဲ႕ေနရာမွာ အစား၀င္ႏုိင္လိမ့္မယ္လုိ႔လည္း အီတလီမီဒီယာေတြက ေရးသားေဖာ္ျပေနပါတယ္။ ယူႏုိက္တက္ဟာ ယခုေႏြရာသီအတြင္း ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာတုိ႔ကို ေခၚယူထားၿပီးျဖစ္ကာ လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားကို ေခၚယူဖို႔လည္း နီးစပ္ေနပါတယ္။
Photo Credit
ယူႏုိက္တက္ဟာ မီလင္ကိုဗစ္ဆာဗစ္အျပင္ တျခားကြင္းလယ္လူေတြကိုလည္း ခ်ိတ္ဆက္ေနၿပီး နယူးကာဆယ္အသင္းက ေပါင္သန္း ၅၀သတ္မွတ္ထားတဲ့ အဂၤလိပ္ကြင္းလယ္လူ ေလာင္းစတပ္ဖ္နဲ႔ စပို႔တင္းလစၥဘြန္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္တုိ႔လည္း ပါ၀င္ေနပါတယ္။ ယူႏုိက္တက္ဟာ လက္ရွိအခ်ိန္မွာလည္း ဗဟိုကြင္းလယ္ပိုင္းနဲ႔ပတ္သက္လုိ႔ အင္အားနည္းပါးေနၿပီး ဇန္န၀ါရီလမွာ ဖယ္လုိင္နီနဲ႔ ယခုေႏြရာသီအတြင္း ဟာရဲရားတုိ႔ အသင္းကေန ထြက္ခြာခဲ့ၿပီးျဖစ္ပါတယ္။
Photo Credit ;Getty Images
Unicode
မီလင်ကိုဗစ်ဆာဗစ်ကို ခေါ်ယူဖို့ ယူနိုက်တက် သဘောတူညီမှုရရှိသွားပြီဟုဆို
အီတလီမှာ ထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ လာဇီယိုအသင်းကွင်းလယ်လူ မီလင်ကိုဗစ်ဆာဗစ်ကို ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း၊ အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက မီလင်ကိုဗစ်ဆာဗစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အခုတော့ La Repubblica ရဲ့ဖော်ပြချက်အရ အသင်းကနေ ထွက်ခွာဖို့များနေတဲ့ ကွင်းလယ်လူပေါ့ဂ်ဘာရဲ့နေရာမှာ အစားထိုးနိုင်ရေးအတွက် အဆိုပါဆားဘီးယားလက်ရွေးစင်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာက စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်လိုတယ်လို့ ဖွင့်ဟခဲ့ပြီးချိန်ကတည်းက သူ့ရဲ့အပြောင်းအရွှေ့က ပိုမိုဖြစ်နိုင်ခြေများလာပြီး အသင်းဟောင်းဂျူဗင်တပ်စ်အပြင် ရီးရဲလ်ကလည်း သူ့ကို ခေါ်ယူဖို့ ကြိုးစားလျက်ရှိပါတယ်။ စပိန်သတင်းစာ အေအက်စ်ကလည်း တကယ်လို့ ပေါ့ဂ်ဘာသာ ရီးရဲလ်ကို ရောက်လာရင် မီလင်ကိုဗစ်ဆာဗစ်ရဲ့ယူနိုက်တက်ကိုပြောင်းရွှေ့မယ့်သတင်းလည်း အတည်ပြုနိုင်လိမ့်မယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အစောပိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ၂၀၁၅ ခုနှစ်က ဂျန့်ခ်အသင်းကနေ လာဇီယိုကို ရောက်ရှိလာခဲ့တဲ့ မီလင်ကိုဗစ်ဆာဗစ်ကို ၅နှစ်စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သိရပြီး အသက် ၂၄နှစ်အရွယ်ရှိ မီလင်ကိုဗစ်ဆာဗစ်က ပေါ့ဂ်ဘာရဲ့နေရာမှာ အစားဝင်နိုင်လိမ့်မယ်လို့လည်း အီတလီမီဒီယာတွေက ရေးသားဖော်ပြနေပါတယ်။ ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်နဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာတို့ကို ခေါ်ယူထားပြီးဖြစ်ကာ လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူဖို့လည်း နီးစပ်နေပါတယ်။
ယူနိုက်တက်ဟာ မီလင်ကိုဗစ်ဆာဗစ်အပြင် တခြားကွင်းလယ်လူတွေကိုလည်း ချိတ်ဆက်နေပြီး နယူးကာဆယ်အသင်းက ပေါင်သန်း ၅၀သတ်မှတ်ထားတဲ့ အင်္ဂလိပ်ကွင်းလယ်လူ လောင်းစတပ်ဖ်နဲ့ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်တို့လည်း ပါဝင်နေပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာလည်း ဗဟိုကွင်းလယ်ပိုင်းနဲ့ပတ်သက်လို့ အင်အားနည်းပါးနေပြီး ဇန်နဝါရီလမှာ ဖယ်လိုင်နီနဲ့ ယခုနွေရာသီအတွင်း ဟာရဲရားတို့ အသင်းကနေ ထွက်ခွာခဲ့ပြီးဖြစ်ပါတယ်။