





ဖီဖာက ပြင်သစ်တိုက်စစ်မှူးဘာပေကို ဒဏ်ငွေရိုက်ရန် ရှိနေကြောင်း
သတင်းများထွက်ပေါ်လာပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းရဲ့





အဖွင့်ပွဲစဉ်နှစ်ခုမှာဘာပေရဲ့ ခေါင်းမငြိမ့်တဲ့ အပြုအမူများအတွက်
ဒဏ်ငွေရိုက်ရန် ရှိနေတာပါ။ ဘာပေဟာဒိန်းမတ်ကိုအနိုင်ရရှိတဲ့ပွဲတွင်
နှစ်ဂိုးသွင်းယူခဲ့ပြီးနောက်ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု





ရရှိပြီးချိန်တွင်မီဒီယာများနှင့်တွေ့ဆုံစကားပြောခဲ့ခြင်းမရှိပါဘူး။
ပီအက်စ်ဂျီစတားဟာဩစတြေးလျကို၄ဂိုး-၁ဂိုးဖြင့်အနိုင်ရတဲ့





ပွဲအပြီးတွင်လည်းမီဒီယာနှင့်တွေ့ဆုံစကားပြောဆိုရန်ငြင်းဆိုခဲ့ပါတယ်။
ဖီဖာရဲ့စည်းမျဉ်းအရကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲစဉ်အလိုက်အကောင်းဆုံး
ကစားသမားဆုရရှိသူအနေဖြင့်ဆုလက်ခံရယူပြီးချိန်တွင်





မီဒီယာနှင့်တွေ့ဆုံစကားပြောရပါမယ်။ ဒိန်းမတ်နှင့်ပွဲတွင်
အကောင်းဆုံးဘောလုံးသမားဆုရရှိပါက စည်းကမ်းအတိုင်း





မီဒီယာများနှင့်တွေ့ဆုံရန် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က
ညွှန်ကြားခဲ့သော်လည်း ဘာပေက လက်မခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တကယ်လို့များဘာပေက မီဒီယာများနှင့်တွေ့ဆုံရန်ငြင်းဆိုလာမှုကြောင့်





ဒဏ်ရိုက်ခံရမယ်ဆိုပါကလည်းအဲဒီဒဏ်ကြေးကိုပြင်သစ်ဘောလုံး
အဖွဲ့ချုပ်ကပင်ပေးဆောင်လာမှာဖြစ်ကြောင်းသိရပါတယ်။





ပီအက်စ်ဂျီမှာ ဆရာကြီး လုပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးမီဒီယာများရဲ့
မေးမြန်းခြင်းခံလာရမှာကိုစိုးရိမ်တာကြောင့်ဘာပေက မီဒီယာများနှင့်
မဆုံတွေ့ရန်ရှောင်ရှားလာတာဖြစ်နိုင်ပါတယ်။ ပြင်သစ်ဟာ ယနေ့တွင်





အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တူနီးရှားအသင်းနှင့်ကစားရမှာဖြစ်ပါတယ်။





zawgyi
မီဒီယာေတြနဲ႔ မိုက္ထိုးတာ လက္မခံလို႔ ဘာေပကို ဖီဖာက ဒဏ္႐ိုက္မယ္
ဖီဖာက ျပင္သစ္တိုက္စစ္မႉးဘာေပကို ဒဏ္ေငြ႐ိုက္ရန္ ရွိေနေၾကာင္း





သတင္းမ်ားထြက္ေပၚလာပါတယ္။ ျပင္သစ္လက္ေ႐ြးစင္အသင္းရဲ႕
အဖြင့္ပြဲစဥ္ႏွစ္ခုမွာဘာေပရဲ႕ ေခါင္းမၿငိမ့္တဲ့ အျပဳအမူမ်ားအတြက္





ဒဏ္ေငြ႐ိုက္ရန္ ရွိေနတာပါ။ ဘာေပဟာဒိန္းမတ္ကိုအႏိုင္ရရွိတဲ့ပြဲတြင္
ႏွစ္ဂိုးသြင္းယူခဲ့ၿပီးေနာက္ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆု
ရရွိၿပီးခ်ိန္တြင္မီဒီယာမ်ားႏွင့္ေတြ႕ဆုံစကားေျပာခဲ့ျခင္းမရွိပါဘူး။





ပီအက္စ္ဂ်ီစတားဟာဩစေၾတးလ်ကို၄ဂိုး-၁ဂိုးျဖင့္အႏိုင္ရတဲ့
ပြဲအၿပီးတြင္လည္းမီဒီယာႏွင့္ေတြ႕ဆုံစကားေျပာဆိုရန္ျငင္းဆိုခဲ့ပါတယ္။





ဖီဖာရဲ႕စည္းမ်ဥ္းအရကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ပြဲစဥ္အလိုက္အေကာင္းဆုံး
ကစားသမားဆုရရွိသူအေနျဖင့္ဆုလက္ခံရယူၿပီးခ်ိန္တြင္
မီဒီယာႏွင့္ေတြ႕ဆုံစကားေျပာရပါမယ္။ ဒိန္းမတ္ႏွင့္ပြဲတြင္





အေကာင္းဆုံးေဘာလုံးသမားဆုရရွိပါက စည္းကမ္းအတိုင္း
မီဒီယာမ်ားႏွင့္ေတြ႕ဆုံရန္ ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္က





ၫႊန္ၾကားခဲ့ေသာ္လည္း ဘာေပက လက္မခံခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
တကယ္လို႔မ်ားဘာေပက မီဒီယာမ်ားႏွင့္ေတြ႕ဆုံရန္ျငင္းဆိုလာမႈေၾကာင့္
ဒဏ္႐ိုက္ခံရမယ္ဆိုပါကလည္းအဲဒီဒဏ္ေၾကးကိုျပင္သစ္ေဘာလုံး





အဖြဲ႕ခ်ဳပ္ကပင္ေပးေဆာင္လာမွာျဖစ္ေၾကာင္းသိရပါတယ္။
ပီအက္စ္ဂ်ီမွာ ဆရာႀကီး လုပ္တဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီးမီဒီယာမ်ားရဲ႕





ေမးျမန္းျခင္းခံလာရမွာကိုစိုးရိမ္တာေၾကာင့္ဘာေပက မီဒီယာမ်ားႏွင့္
မဆုံေတြ႕ရန္ေရွာင္ရွားလာတာျဖစ္ႏိုင္ပါတယ္။ ျပင္သစ္ဟာ ယေန႔တြင္
အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ တူနီးရွားအသင္းႏွင့္ကစားရမွာျဖစ္ပါတယ္။




