မီတာ ၁၀၀ လက္ဆင့္ကမ္းအေျပးပြဲအတြက္ အူစိန္ဘုိ႔တ္ ေရြးခ်ယ္လုိက္တဲ့ျမန္ႏႈန္းျမင့္ေဘာလုံးသမား ၃ဦး

Photo Credit

Photo Credit

မီတာ ၁၀၀ နဲ႔ မီတာ ၂၀၀ လက္ရွိကမၻာ့စံခ်ိန္ရွင္ အူစိန္ဘုိ႔တ္ဟာ အေျပးေလာကကေန အနားယူသြားၿပီးေနာက္ သူ၀ါသနာပါရာ ေဘာလံုးေလာကထဲ၀င္ဖို႔ ႀကိဳးစားခဲ့ဖူးၿပီး အခုလည္း မီတာ ၁၀၀ လက္ဆင့္ကမ္း ၄ေယာက္တန္းအေျပးၿပိဳင္ပြဲအတြက္ တြဲဖက္ေတြအျဖစ္ သူ႕စိတ္ႀကိဳက္ေဘာလုံးသမား ၃ဦးကို ေရြးခ်ယ္ခဲ့ပါတယ္။

Photo Credit

ကမၻာ့တာတိုအေျပးဘုရင္အျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ ဂ်ေမကာႏိုင္ငံသား အူစိန္ဘုိ႔တ္ဟာ ဖီဖာ၀က္ဘ္ဆုိက္ဒ္နဲ႔ျပဳလုပ္ခဲ့တဲ့အင္တာဗ်ဴးတစ္ခုမွာ မီတာ ၁၀၀ လက္ဆင့္ကမ္းအေျပးၿပိဳင္ပြဲအတြက္ သူေရြးခ်င္တဲ့ေဘာလုံးသမား ၃ဦးကို ေမးျမန္းမႈနဲ႔ပတ္သက္လု႔ိ ေျဖၾကားခဲ့ရာမွာေတာ့ တကယ္ျမန္ႏႈန္းျမင့္ကစားသမားေတြျဖစ္တဲ့ ေရာ္နယ္ဒို၊ ဘာေပနဲ႔ ဂါရတ္ေဘးလ္တုိ႔ကို ေရြးခ်ယ္ခဲ့ပါတယ္။

Photo Credit

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴးေရာ္နယ္ဒုိဟာ အသက္ ၃၄ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ ေျပးအားမက်ေသးဘဲ ယခုလအေစာပိုင္းက နာပိုလီကို အႏိုင္ရခဲ့တဲ့စီးရီးေအပဲြမွာဆုိရင္ ၉၂မီတာကို ၁၀စကၠန္႔အတြင္း ေျပးႏုိင္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ဘာေပကလည္း ေျပးအားေကာင္းတဲ့ကစားသမားအျဖစ္ သတ္မွတ္ျခင္းခံထားရသူျဖစ္ပါတယ္။


ဒါေပမဲ့ လက္ရွိေဘာလုံးေလာကရဲ႕အေျပးအျမန္ဆုံးကစားသမားကေတာ့ ဖလာမင္ဂိုေတာင္ပံကစားသမား ဘ႐ူႏိုဟင္းနရစ္ျဖစ္ပါတယ္။

Photo Credit

အသက္ ၂၈ႏွစ္အရြယ္ရွိ ဟင္းနရစ္ဟာ ၾသဂုတ္လက အင္တာေနစီယြန္နယ္အသင္းနဲ႔ကစားခဲ့တဲ့ ကိုပါလီဘာေတးဒုိးစ္ဖလားကြာတားဖုိင္နယ္ပြဲမွာ တစ္နာရီ ၃၈ကီလုိမီတာႏႈန္းနဲ႔ ေျပးလႊားခဲ့ရာ ေဘာလုံးေလာကရဲ႕စံခ်ိန္သစ္ျဖစ္ခဲ့ပါတယ္။

Photo Credit

အူစိန္ဘုိ႔တ္ဟာ ၂၀၀၉ ခုႏွစ္က လက္ရွိကမၻာ့မီတာ ၁၀၀ စံခ်ိန္တင္ခဲ့စဥ္မွာ တစ္နာရီ ၃၇.၆ ကီလုိမီတာႏႈန္းေျပးလႊားခဲ့ရာ ဟင္းနရစ္ရဲ႕စံခ်ိန္က ပိုေကာင္းေနတာကို ေတြ႕ရပါတယ္။

Photo Credit

အူစိန္ဘုိ႔တ္ဟာ ၾသစေၾတးလ်ေအလိဂ္ကလပ္ စင္ထရယ္ကုိ႔စ္မာရီနာအသင္းနဲ႔အတူ ေျခစြမ္းစမ္းသပ္ခံရင္း ေဘာလုံးေလာကထဲ ၀င္ဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ အဆင္မေျပခဲ့ဘဲ ယခုႏွစ္အေစာပုိင္းမွာ ေဘာလုံးသမားျဖစ္ေရးႀကိဳးစားမႈကို အဆုံးသတ္လုိက္ၿပီျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

Photo Credit

Unicode

မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပွဲအတွက် အူစိန်ဘို့တ် ရွေးချယ်လိုက်တဲ့မြန်နှုန်းမြင့်ဘောလုံးသမား ၃ဦး

မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ လက်ရှိကမ္ဘာ့စံချိန်ရှင် အူစိန်ဘို့တ်ဟာ အပြေးလောကကနေ အနားယူသွားပြီးနောက် သူဝါသနာပါရာ ဘောလုံးလောကထဲဝင်ဖို့ ကြိုးစားခဲ့ဖူးပြီး အခုလည်း မီတာ ၁၀၀ လက်ဆင့်ကမ်း ၄ယောက်တန်းအပြေးပြိုင်ပွဲအတွက် တွဲဖက်တွေအဖြစ် သူ့စိတ်ကြိုက်ဘောလုံးသမား ၃ဦးကို ရွေးချယ်ခဲ့ပါတယ်။
ကမ္ဘာ့တာတိုအပြေးဘုရင်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဂျမေကာနိုင်ငံသား အူစိန်ဘို့တ်ဟာ ဖီဖာဝက်ဘ်ဆိုက်ဒ်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲအတွက် သူရွေးချင်တဲ့ဘောလုံးသမား ၃ဦးကို မေးမြန်းမှုနဲ့ပတ်သက်လု့ိ ဖြေကြားခဲ့ရာမှာတော့ တကယ်မြန်နှုန်းမြင့်ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ ဘာပေနဲ့ ဂါရတ်ဘေးလ်တို့ကို ရွေးချယ်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ အသက် ၃၄နှစ်ရှိနေပြီဖြစ်ပေမယ့် ပြေးအားမကျသေးဘဲ ယခုလအစောပိုင်းက နာပိုလီကို အနိုင်ရခဲ့တဲ့စီးရီးအေပွဲမှာဆိုရင် ၉၂မီတာကို ၁၀စက္ကန့်အတွင်း ပြေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေကလည်း ပြေးအားကောင်းတဲ့ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိဘောလုံးလောကရဲ့အပြေးအမြန်ဆုံးကစားသမားကတော့ ဖလာမင်ဂိုတောင်ပံကစားသမား ဘရူနိုဟင်းနရစ်ဖြစ်ပါတယ်။ အသက် ၂၈နှစ်အရွယ်ရှိ ဟင်းနရစ်ဟာ သြဂုတ်လက အင်တာနေစီယွန်နယ်အသင်းနဲ့ကစားခဲ့တဲ့ ကိုပါလီဘာတေးဒိုးစ်ဖလားကွာတားဖိုင်နယ်ပွဲမှာ တစ်နာရီ ၃၈ကီလိုမီတာနှုန်းနဲ့ ပြေးလွှားခဲ့ရာ ဘောလုံးလောကရဲ့စံချိန်သစ်ဖြစ်ခဲ့ပါတယ်။
အူစိန်ဘို့တ်ဟာ ၂၀၀၉ ခုနှစ်က လက်ရှိကမ္ဘာ့မီတာ ၁၀၀ စံချိန်တင်ခဲ့စဉ်မှာ တစ်နာရီ ၃၇.၆ ကီလိုမီတာနှုန်းပြေးလွှားခဲ့ရာ ဟင်းနရစ်ရဲ့စံချိန်က ပိုကောင်းနေတာကို တွေ့ရပါတယ်။
အူစိန်ဘို့တ်ဟာ သြစတြေးလျအေလိဂ်ကလပ် စင်ထရယ်ကို့စ်မာရီနာအသင်းနဲ့အတူ ခြေစွမ်းစမ်းသပ်ခံရင်း ဘောလုံးလောကထဲ ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ ယခုနှစ်အစောပိုင်းမှာ ဘောလုံးသမားဖြစ်ရေးကြိုးစားမှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။