မီတာခ မဆောင်ခဲ့တဲ့ နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အတိတ်က ဇာတ်လမ်းဟောင်းတစ်ပုဒ်ကို ပြန်တင်ဆက်ပေးချင်ပါတယ်။

ဘာရယ်ညာရယ်မဟုတ် မီတာခ နဲ့ ပတ်သက်ပြီး ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ရဲ့ ပြုံးစရာ၊ ရယ်စရာ အဖြစ်ကို သတိရမိလို့ပါ။

နေမာ မီတာ မဆောင်ခဲ့တဲ့ ဇာတ်လမ်းဟာ လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်ဝန်းကျင် မှာ လောက်ကတည်းက တွစ်တာအကောင့်တချို့မှာ ပို့စ်တင်ထားပြီးသားပါ။

နေမာ မီတာခမဆောင်တဲ့ ဇာတ်လမ်းမှာ ဖခင်ရဲ့ မေတ္တာဒေါသနဲ့ ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေလည်းပါပါတယ်။

နေမာက” ကျွန်တော် ငယ်ငယ်တုန်းကပေါ့။ ကျွန်တော့်အဖေက လျှပ်စစ်ရုံးမှာ မီတာခသွားဆောင်ဖို့ ကျွန်တော့်ကိုလွှတ်လိုက်တယ်”

“ကျွန်တော်လည်း အဲဒီပိုက်ဆံကို မီတာခမဆောင်ဘဲ ဇိမ်ခံကားအသစ်တစ်စီးပေါက်နိုင်တဲ့ ကံစမ်းမဲလက်မှတ်ဝယ်ပြီး အိမ်ပြန်လာခဲ့တယ်။

အိမ်ရောက်တော့ အဖေပေးတဲ့ငွေကို ကျွန်တော် ဘယ်လို တိုးပွားလားအောင် စီစဉ်ထားလိုက်တယ်ဆိုပြီး အဖေ့ ကို ရှင်းပြလိုက်တယ်။

အဲ့မှာဗျာ…အဖေက ကျွန်တော့်ကို ဆော်ပလော်တီးတော့တာ ပေါ့”

“ဒါပေမယ့်..နောက်တစ် နေ့မနက် အိမ်ရှေ့တံခါးကို အဖေ ဖွင့်လိုက်တော့ အိမ်ရှေ့မှာ ကားအသစ်တစ်စီးရောက်နေတယ်လေ။

ဘာပြောကောင်းမလဲ . . . ကျွန်တော်တို့တစ်အိမ်လုံးမျက်ရည်တွေရွှဲပြီးငိုကြတာပေါ့။ ကျွန်တော်ကတော့ မျက်ရည်အကျဆုံးဖြစ်ခဲ့ရသူပေါ့”

“ဘာကြောင့်လဲဆိုတော့ . . . အိမ်ရှေ့မှာ ရပ်ထားတဲ့ အဲဒီကားက မီတာရုံးက ကားလေ။

ကျွန်တော်တို့ အိမ်ကို မီးဖြတ်ဖို့အတွက်လာတာတဲ့။

အဲဒါနဲ့ပဲ အဖေက ကျွန်တော့်ကို နောက်တစ်ကျော့ ထပ်ပြီး ဆော်ပလော်တီးတော့ မျက်ရည်ပိုကျရတော့တာပေါ့ဗျာ”ဆိုပြီး ပြောခဲ့ဖူးပါတယ်။

နေမာတစ်ယောက်ကတော့ မီတာခကို ကံစမ်းမဲ လက်မှတ်နဲ့ လဲခဲ့ဖူးတဲ့ အတိတ်ဇာတ်လမ်းရှိခဲ့ပါတယ်။

ဘယ်သူတွေကရော မီတာခနဲ့ ပတ်သက်ပြီး ဘယ်လို ဇာတ်လမ်းတွေ ရှိခဲ့ကြပါလိမ့်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မီတာခ မ​ေဆာင္ခဲ့တဲ့ ​ေနမာ

အတိတ္က ဇာတ္လမ္း​ေဟာင္းတစ္ပုဒ္ကို ျပန္တင္ဆက္​ေပးခ်င္ပါတယ္။ ဘာရယ္ညာရယ္မဟုတ္ မီတာခ နဲ႔ ပတ္သက္ၿပီး ကမာၻ​ေက်ာ္ ​ေဘာလုံးသမားတစ္​ေယာက္ရဲ႕ ၿပဳံးစရာ၊ ရယ္စရာ အျဖစ္ကို သတိရမိလို႔ပါ။ ​ေနမာ မီတာ မ​ေဆာင္ခဲ့တဲ့ ဇာတ္လမ္းဟာ လြန္ခဲ့တဲ့ ၅ ႏွစ္၊ ၆ ႏွစ္၀န္းက်င္ မွာ ​ေလာက္ကတည္းက တြစ္တာအ​ေကာင့္တခ်ိဳ႕မွာ ပို႔စ္တင္ထားၿပီးသားပါ။

​ေနမာ မီတာခမ​ေဆာင္တဲ့ ဇာတ္လမ္းမွာ ဖခင္ရဲ႕ ​ေမတၱာ​​ေဒါသနဲ႔ ႐ိုက္တဲ့ ဇာတ္၀င္ခန္း​ေတြလည္းပါပါတယ္။ ေနမာက” ကြၽန္ေတာ္ ငယ္ငယ္တုန္းကေပါ့။ ကြၽန္ေတာ့္အေဖက လွ်ပ္စစ္႐ုံးမွာ မီတာခသြားေဆာင္ဖို႔ ကြၽန္ေတာ့္ကိုလႊတ္လိုက္တယ္”

“ကြၽန္ေတာ္လည္း အဲဒီပိုက္ဆံကို မီတာခမေဆာင္ဘဲ ဇိမ္ခံကားအသစ္တစ္စီးေပါက္ႏိုင္တဲ့ ကံစမ္းမဲလက္မွတ္ဝယ္ၿပီး အိမ္ျပန္လာခဲ့တယ္။ အိမ္ေရာက္ေတာ့ အေဖေပးတဲ့ေငြကို ကြၽန္ေတာ္ ဘယ္လို တိုးပြားလားေအာင္ စီစဥ္ထားလိုက္တယ္ဆိုၿပီး အေဖ့ ကို ရွင္းျပလိုက္တယ္။ အဲ့မွာဗ်ာ…အေဖက ကြၽန္ေတာ့္ကို ေဆာ္ပေလာ္တီးေတာ့တာ ေပါ့”

“ဒါေပမယ့္..ေနာက္တစ္ ေန႔မနက္ အိမ္ေရွ႕တံခါးကို အေဖ ဖြင့္လိုက္ေတာ့ အိမ္ေရွ႕မွာ ကားအသစ္တစ္စီးေရာက္ေနတယ္ေလ။ ဘာေျပာေကာင္းမလဲ . . . ကြၽန္ေတာ္တို႔တစ္အိမ္လုံးမ်က္ရည္ေတြ႐ႊဲၿပီးငိုၾကတာေပါ့။ ကြၽန္ေတာ္ကေတာ့ မ်က္ရည္အက်ဆုံးျဖစ္ခဲ့ရသူေပါ့”

“ဘာေၾကာင့္လဲဆိုေတာ့ . . . အိမ္ေရွ႕မွာ ရပ္ထားတဲ့ အဲဒီကားက မီတာ႐ုံးက ကားေလ။ ကြၽန္ေတာ္တို႔ အိမ္ကို မီးျဖတ္ဖို႔အတြက္လာတာတဲ့။ အဲဒါနဲ႔ပဲ အေဖက ကြၽန္ေတာ့္ကို ေနာက္တစ္ေက်ာ့ ထပ္ၿပီး ေဆာ္ပေလာ္တီးေတာ့ မ်က္ရည္ပိုက်ရေတာ့တာေပါ့ဗ်ာ”ဆိုၿပီး ေျပာခဲ့ဖူးပါတယ္။

​ေနမာတစ္​ေယာက္က​ေတာ့ မီတာခကို ကံစမ္းမဲ လက္မွတ္နဲ႔ လဲခဲ့ဖူးတဲ့ အတိတ္ဇာတ္လမ္းရွိခဲ့ပါတယ္။ ဘယ္သူ​ေတြက​ေရာ မီတာခနဲ႔ ပတ္သက္ၿပီး ဘယ္လို ဇာတ္လမ္း​ေတြ ရွိခဲ့ၾကပါလိမ့္။