မီခ်ဴးကိုမ်ား မွတ္မိၾကပါေသးရဲ႕လား…

Photo Credit

Photo Credit ; PA

၂၀၁၂ ဇူလုိင္လ ၂၀ရက္ေန႔က မီခ်ဴးလုိ႔ေခၚတဲ့ လူမသိသူမသိတုိက္စစ္မွဴးတစ္ေယာက္ကို ဆြမ္ဆီးအသင္းက ေခၚယူခဲ့ၿပီး အဲဒီေနာက္ပိုင္းမွာေတာ့ အဲဒီကစားသမားအေၾကာင္းက လူေျပာမ်ားခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ မီခ်ဴးကိုေခၚယူမႈနဲ႔ပတ္သက္လုိ႔ ဘယ္သူကမွ သတိမျပဳမိခဲ့ပါဘူး။ အဲဒီအခ်ိန္တုန္းက ကြင္းလယ္လူ ဆီဂတ္ဆန္တစ္ေယာက္ ေဟာ့ဖန္ဟိမ္းကေန အငွားနဲ႔လာကစားၿပီးေနာက္ မိခင္ကလပ္နဲ႔ျပန္လည္ပူးေပါင္းခ်ိန္ျဖစ္ၿပီး မီခ်ဴးကို ဆြမ္ဆီးက ေပါင္ ၂သန္းတည္းနဲ႔ေခၚယူခဲ့တာျဖစ္ပါတယ္။

Photo Credit ; PA

ဆြမ္ဆီးပရိသတ္ေတြလည္း အသင္းရဲ႕ေငြေၾကးသုံးစြဲမႈနည္းပါးျခင္းအေပၚ စိတ္ပ်က္ေနခ်ိန္လည္းျဖစ္ပါတယ္။ ဒါေပမဲ့ ရာသီအဖြင့္ပြဲစဥ္မွာပဲ အရာအားလုံးက လ်င္လ်င္ျမန္ျမန္ေျပာင္းလဲသြားပါေတာ့တယ္။ မီခ်ဴးဟာ ပရီးမီးယားလိဂ္ပြဲဦးထြက္အျဖစ္ က်ဴပီအာနဲ႔အေ၀းကြင္းပြဲမွာ ကိုယ္တိုင္ ၂ဂိုးသြင္းယူၿပီး ဂိုးဖန္တီးမႈ ၁ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ကာ ဆြမ္ဆီးလည္း ၀-၅ဂိုးနဲ႔အႏိုင္ရရွိခ့ဲပါတယ္။ ဆယ္လ္တာဗီဂိုတုိက္စစ္မွဴးေဟာင္း မီခ်ဴးအတြက္ေတာ့ အံ့အားသင့္စရာေကာင္းတဲ့ရာသီအတြက္ အစပ်ိဳးမႈျဖစ္ခဲ့ပါတယ္။

Photo Credit ; PA

သူဟာ အဲဒီေဘာလုံးရာသီကုန္ဆုံးတဲ့အထိ ဂိုးသြင္းပုံစံေကာင္းကို ဆက္ထိန္းႏိုင္ခဲ့ၿပီး ၿပိဳင္ပဲြစုံ ၂၂ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဆြမ္ဆီးအသင္းကလည္း အဆင့္ ၉ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး နည္းျပမုိက္ကယ္ေလာ့ဒရပ္ရဲ႕ဦးေဆာင္မႈနဲ႔အတူ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအဓိကဆုဖလားအျဖစ္ လိဂ္ဖလားပါကိုင္ေျမႇာက္ခြင့္ရရွိခဲ့ပါတယ္။ အဲဒီေအာင္ျမင္မႈေတြမွာ မီခ်ဴးက အဓိကေနရာကေနပါ၀င္ခဲ့ပါတယ္။ အဲဒီအတြက္ေၾကာင့္လည္း သူဟာ စပိန္လက္ေရြးစင္အသင္းမွာ ပထမဆုံးအႀကိမ္ေရြးခ်ယ္ျခင္းခံခဲ့ရၿပီး အင္နီေယစတာ၊ ဇာဗီနဲ႔ ပူယုိးလ္တုိ႔လုိကစားသမားေတြနဲ႔တြဲကစားခြင့္ရရွိခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ေနာက္ရာသီမွာေတာ့ သူဟာ ၂၀၁၂-၁၃ ပရီးမီးယားလိဂ္မွာ ၁၈ဂိုးသြင္းယူခဲ့တဲ့ အရင္လိုေျခစြမ္းမ်ိဳးျပန္မရေတာ့ဘဲ ၂၀၁၃-၁၄ ရာသီမွာ ၂ဂိုးပဲသြင္းယူႏိုင္ပါေတာ့တယ္။ အိုဗီဒိုကစားသမားေဟာင္း မီခ်ဴးဟာ အဲဒီေနာက္ နာပိုလီအသင္းကို အငွားစာခ်ဳပ္နဲ႔ ေရာက္သြားၿပီး ၂၀၁၅ ႏုိ၀င္ဘာလမွာေတာ့ ဆြမ္ဆီးအသင္းက သူ႕ကို အသင္းကေန ထြက္ခြာခြင့္ေပးလုိက္ပါတယ္။ ပရီးမီးယားလိဂ္ရပ္၀န္းကေန ထြက္လာၿပီးေနာက္ ၾသစႀတီးယားကလပ္ လန္ဂရီယိုအသင္းမွာ ကစားခဲ့ေပမယ့္ ေျခစြမ္းမျပႏုိင္ခဲ့ဘဲ အသင္းေဟာင္း အုိဗီဒိုအသင္းကို ျပန္လည္ေရာက္ရွိသြားပါတယ္။ မီခ်ဴးဟာ ၂၀၁၂-၁၃ ရာသီက ေျခစြမ္းမ်ိဳး ဘယ္ေတာ့မွျပန္မရေတာ့ဘဲ ဒဏ္ရာျပႆာနာေတြေၾကာင့္ အသက္ ၃၁ ႏွစ္အရြယ္ ၂၀၁၇ ဇူလုိင္လမွာေတာ့ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူခဲ့ပါတယ္။

Photo Credit

Unicode

မီချူးကိုများ မှတ်မိကြပါသေးရဲ့လား…

၂၀၁၂ ဇူလိုင်လ ၂၀ရက်နေ့က မီချူးလို့ခေါ်တဲ့ လူမသိသူမသိတိုက်စစ်မှူးတစ်ယောက်ကို ဆွမ်ဆီးအသင်းက ခေါ်ယူခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ အဲဒီကစားသမားအကြောင်းက လူပြောများခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ မီချူးကိုခေါ်ယူမှုနဲ့ပတ်သက်လို့ ဘယ်သူကမှ သတိမပြုမိခဲ့ပါဘူး။ အဲဒီအချိန်တုန်းက ကွင်းလယ်လူ ဆီဂတ်ဆန်တစ်ယောက် ဟော့ဖန်ဟိမ်းကနေ အငှားနဲ့လာကစားပြီးနောက် မိခင်ကလပ်နဲ့ပြန်လည်ပူးပေါင်းချိန်ဖြစ်ပြီး မီချူးကို ဆွမ်ဆီးက ပေါင် ၂သန်းတည်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဆွမ်ဆီးပရိသတ်တွေလည်း အသင်းရဲ့ငွေကြေးသုံးစွဲမှုနည်းပါးခြင်းအပေါ် စိတ်ပျက်နေချိန်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီအဖွင့်ပွဲစဉ်မှာပဲ အရာအားလုံးက လျင်လျင်မြန်မြန်ပြောင်းလဲသွားပါတော့တယ်။ မီချူးဟာ ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ကျူပီအာနဲ့အဝေးကွင်းပွဲမှာ ကိုယ်တိုင် ၂ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ကာ ဆွမ်ဆီးလည်း ဝ-၅ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ ဆယ်လ်တာဗီဂိုတိုက်စစ်မှူးဟောင်း မီချူးအတွက်တော့ အံ့အားသင့်စရာကောင်းတဲ့ရာသီအတွက် အစပျိုးမှုဖြစ်ခဲ့ပါတယ်။
သူဟာ အဲဒီဘောလုံးရာသီကုန်ဆုံးတဲ့အထိ ဂိုးသွင်းပုံစံကောင်းကို ဆက်ထိန်းနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဆွမ်ဆီးအသင်းကလည်း အဆင့် ၉နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နည်းပြမိုက်ကယ်လော့ဒရပ်ရဲ့ဦးဆောင်မှုနဲ့အတူ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအဓိကဆုဖလားအဖြစ် လိဂ်ဖလားပါကိုင်မြှောက်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီအောင်မြင်မှုတွေမှာ မီချူးက အဓိကနေရာကနေပါဝင်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်လည်း သူဟာ စပိန်လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခြင်းခံခဲ့ရပြီး အင်နီယေစတာ၊ ဇာဗီနဲ့ ပူယိုးလ်တို့လိုကစားသမားတွေနဲ့တွဲကစားခွင့်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ နောက်ရာသီမှာတော့ သူဟာ ၂၀၁၂-၁၃ ပရီးမီးယားလိဂ်မှာ ၁၈ဂိုးသွင်းယူခဲ့တဲ့ အရင်လိုခြေစွမ်းမျိုးပြန်မရတော့ဘဲ ၂၀၁၃-၁၄ ရာသီမှာ ၂ဂိုးပဲသွင်းယူနိုင်ပါတော့တယ်။ အိုဗီဒိုကစားသမားဟောင်း မီချူးဟာ အဲဒီနောက် နာပိုလီအသင်းကို အငှားစာချုပ်နဲ့ ရောက်သွားပြီး ၂၀၁၅ နိုဝင်ဘာလမှာတော့ ဆွမ်ဆီးအသင်းက သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်ပါတယ်။ ပရီးမီးယားလိဂ်ရပ်ဝန်းကနေ ထွက်လာပြီးနောက် သြစတြီးယားကလပ် လန်ဂရီယိုအသင်းမှာ ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ဘဲ အသင်းဟောင်း အိုဗီဒိုအသင်းကို ပြန်လည်ရောက်ရှိသွားပါတယ်။ မီချူးဟာ ၂၀၁၂-၁၃ ရာသီက ခြေစွမ်းမျိုး ဘယ်တော့မှပြန်မရတော့ဘဲ ဒဏ်ရာပြဿာနာတွေကြောင့် အသက် ၃၁ နှစ်အရွယ် ၂၀၁၇ ဇူလိုင်လမှာတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။