မိုးပြာရောင်ဖြစ်ဦးမယ့် မန်ချက်စတာကောင်းကင် (ဂိုးမင်းသား)
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်က UCL မှာရေ EPL မှာပါ တိုင်ပတ်နေတာ အတော်ကြာပါပြီ။ ကယ်တင်ရှင် CR7 သာမရှိရင် ဒီထက်ဆိုးနေမှာသေချာတယ်။
ပြိုင်ဘက်ကို ခြေစွမ်းအသာစီးနဲ့ ဦးဆောက်ကစားရတဲ့ မန်ယူဆိုတာ ရာဇဝင်ထဲမှာ ကျန်ခဲ့ပါပြီ။
ဖာဂူဆန်ခေတ်လွန် မော်ရင်ဟို ဖလားယူပေးခဲ့တဲ့နောက်ပိုင်း အထူးသဖြင့် ဆိုးလ်ရှားလက်ထက်မှာ တစ်ပွဲတလေ ထကောင်းပြနိုင်တာကလွဲပြီး အဖြစ်မရှိတော့တာပါ။
မန်ယူအသင်းရဲ့အခြေအနေ အခုလိုဖြစ်လာတာ ဘုတ်အဖွဲ့နဲ့လည်းအများကြီးဆိုင်ပါတယ်။
ကစားသမားဘဝကတည်းက အရန်အဆင့်ပဲရှိတဲ့သူမျိုးကို ယုံကြည်ပြီး အောက်စျေးနဲ့ အသင်းကို ကိုင်တွယ်ခိုင်းခဲ့တာက ကျဆုံးခန်းရဲ့အစပါ။
အခု CR7၊ ပေါ့ဂ်ဘာ၊ ဆန်ချို၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဒီဂီယာ တို့လို ကစားသမားက အင်အားရှိတယ်။ နည်းပြကဗျူဟာမရှိဘူး။
မန်စီးတီးကတော့ ရှင်းတယ်။ ဂွာဒီယိုလာက နည်းစနစ်ပိုင်တယ်ဆိုတာ အားလုံးအသိ။
တိုက်စစ်မှုးစစ်စစ်မရှိရင်တော့ သူ့ရဲ့ နည်းဗျူဟာမှာ ဂယ်ရီလစ်ရှ်၊ ဘာနာဒိုဆေးဗားလ်၊ ဂျီးဆပ်၊ ဒီဘရိုင်း၊ စတာလင်း တို့အားလုံးက ဘောင်ဝင်အောင် ကစားနိုင်ကြတယ်။
ဒီညနေကစားမယ့် မန်ချက်စတာ ဒါဘီမှာ မန်စီးတီးက (1+50) ပြန်ပေးထားတယ်။ အိုးလ်ထရက်ဖို့ဒ်ဆိုတာ မေ့လိုက်တော့။
ဖာဂူဆန်မရှိကတည်းက အိုးလျထရကျဖျု့ဒျက ပြိုင်ဘက်တွေအတွက် အဟန့်မရှိတော့ဘူး။
ကြေးအရကြည့်မယ်ဆိုရင် လီဗာပူးလို ခြေစွမ်းလည်းကောင်း အဝေးကွင်း ရှုံးပွဲမရှိတဲ့ အသင်းမျိုးတောင် အိုးလ်ထရက်ဖို့ဒ်မှာ (=30) ပဲ လာပေးခဲ့တာ။
အခု မန်စီးတီးက လီဗာပူးလောက် အဝေးကွင်း အားမကောင်းတာကို (1+50) ဆိုတော့ အဖြေကရှင်းနေပြီ။
ဘွတ်ကီတွေ ဘယ်ဖက်ကရှိလဲဆိုတာ မေးစရာတောင်မလိုတော့ဘူး။
ဒီစျေးဖြစ်နေတာ မန်ယူမှာ ကာဗာနီ၊ ဗာရန်းတို့မပါနိုင်တာကြောင့်လည်း နည်းနည်းဆိုင်ပေမယ့် စျေးက အပြင်းအမှန် ထွက်နေတဲ့ပုံပါ။
လီဗာပူးတောင် (=30) ပေးပြီး 5ဂိုးသွင်းသွားတော့ အခု မန်စီးတီးရဲ့ (1+50) နဲ့ဆိုရင် ဟိုအရင်အတိတ်က ဘာလော့တယ်လီ ဂိုးသွင်းပြီး (1-6) နဲ့ ဖြစ်ခဲ့တုန်းက Why Always Me? ဖြစ်ရပ်မျိုး တစ်ကျော့ပြန် ထပ်မဖြစ်ပါစေနဲ့လို့သာ…..
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi