မိုးကြိုးပစ်သလိုပြေးနိုင်တဲ့ ဘတ်ပီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ

ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ အုပ်စု F ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ဂျာမဏီအသင်းတို့ရဲ့

ပွဲစဉ်မှာတော့ ပြင်သစ်အသင်းဟာ တစ်ပွဲလုံးကို ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပြီ

ဂျာမန် နောက်ခံလူ ဟမ်းမဲလ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တဲ့ တစ်လုံးတည်းသော

သွင်းဂိုးနဲ့ အဖိုးတန် နိုင်ပွဲတစ်ပွဲကို ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ပြင်သစ်တိုက်စစ်မှူးဘတ်ပီဟာ မိုးကြိုးပစ်သလို အလျင်အမြန် ပြေးနိုင်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ပွဲကစားချိန် ၇၈ မိနစ်မှာတော့

ကွင်းလယ်နားလောက်မှာ အသင်းဖော်တွေနဲ့အတူ အပေးအယူပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် အသင်းဖော်ဖြစ်သူက ဘောလုံးကို မျှောထိုးပေးခဲ့ရမှာတော့ဘတ်ပီနဲ့

ဘောလုံးက တော်တော်လေးဝေးကွာတဲ့အနေအထားမှာ ရှိနေခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘတ်ပီဟာ ဟမ်းမဲလ် နဲ့ ဂျင်တာတို့နှစ်ဦးကို ကျော်ဖြတ်ပြီး

အသားကုန် ပြေးလွှားနိုင်ခဲ့ကာ၊ ဘောလုံးကို လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဟမ်းမဲလ်က ဖျက်ထုတ်သွားနိုင်ခဲ့ပါတယ်။

အဲဒီတုန်းက ဘတ်ပီရဲ့ ကြိုးစားမှုဟာ ဂိုးမဝင်ခဲ့ပေမယ့်လည်း သူ့ရဲ့ ဘောလုံးနောက်ကို

အသားကုန်ပြေးလိုက်မှုက တော်တော်လေး အံ့အားသင့်စရာကောင်းခဲ့ပြီး

ပရိသတ်တွေကိုယ်တိုင်လည်း မျက်လုံးပြူးခဲ့ရပါတယ်။

ဘတ်ပီရဲ့ ပြေးနိုင်စွမ်းအပေါ် ပရိသတ်တွေကတော့ကျေနပ်အားရ ချီးကျူးခဲ့ကြပါတယ်။

အဲဒီနေ့ပွဲ မှာ ဘန်ဇီမာ နဲ့ ဘတ်ပီတို့ရဲ့တွဲလုံးတွေဟာလည်း အတော်လေး အချိတ်အဆက်မိခဲ့ပါတယ်။

နည်းပြနဲ့ ကစားဖော်တွေ က ဘတ်ပီကို သေချာ ပံ့ပိုးပေးပေမယ့် အဲဒီပွဲမှာ ဘတ်ပီဟာ ဂိုးကံခေပြီး ၂ ဂိုးလူကျွံဘောဖြစ်ခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ လက်ကျန်ပွဲတွေအဖြစ် ဟန်ဂေရီ၊ ပေါ်တူဂီတို့နဲ့ ကစားရမှာဖြစ်ပြီး

အဓိကပြိုင်ဘက်အသင်းတစ်သင်းကို အနိုင်ရရှိထားခဲ့တာကြောင့် အခြေအနေကောင်းနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ

Zawgyi Version



ပွဲစဉ်မှာတော့ ပြင်သစ်အသင်းဟာ တစ်ပွဲလုံးကို ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး









