မိုလ်ဒီနဲ့ပွဲက ခြေစွမ်းမျိုးကို သီတင်းပတ်တိုင်းကစားပြစမ်းပါလို့ ပီပီကို အာတီတာစိန်ခေါ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

အာဆင်နယ်အသင်းနည်းပြ အာတီတာက နီကိုလက်စ်ပီပီအနေနဲ့ မိုလ်ဒီနဲ့ပွဲကခြေစွမ်းမျိုးကို သီတင်းပတ်တိုင်းကစားပြပြီး စတားပလေယာတစ်ယောက်ဖြစ်တယ်ဆိုတာ ပြသဖို့စိန်ခေါ်စကားဆိုလိုက်ပါတယ်။

ပီပီဟာ ၂၀၁၉ နွေရာသီတုန်းက လိုင်လီကနေပေါင် ၇၂ သန်းနဲ့ရောက်ရှိလာသူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ကိုခေါင်းနဲ့တိုက်လို့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး ဒီအတွက် နည်းပြအာတီတာက သူ့အပေါ်အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။

ဒါပေမယ့် ပီပီဟာမိုလ်ဒီကို ၃ ဂိုးပြတ်နဲ့အနိုင်ရတဲ့ ပွဲမှာခြေစွမ်းပြပြီး အဖွင့်ဂိုးသွင်းယူပေးခဲ့သလို အခွင့်အရေးတွေအများရအောင်လည်း စွမ်းဆောင်ပေးခဲ့တာပါ။

ဒါကြောင့်လည်း အာတီတာက ပီပီသာ ဒီပုံစံမျိုးကို သီတင်းပတ်တိုင်းကစားနိုင်ရင် သိပ်ကောင်းမယ်လို့ ဆိုခဲ့တာပါ။

အာတီတာက” ပီပီဘာတွေစွမ်းဆောင်နိုင်သလဲဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။

ဒါပေမယ့် ဒီလိုစွမ်းဆောင်မှုမျိုးကိုသူမကြာခဏရမလားဆိုတာနဲ့ အသင်းကိုကူညီပေးနိုင်မှုတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံရမှုကတော့ မကြခဏရှိခဲ့ပါတယ်။ ဒီပွဲကခြေစွမ်းဟာ သူလိုအပ်နေတဲ့စံနှုန်းကို ပြလိုက်တာပါဘဲ။

သူ့ခြေစွမ်းအတွက်ကျွန်တော်အရမ်းကျေနပ်တယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက စိတ်ပျက်စရာဖြစ်ခဲ့ပြီးချိန်မှာ အမြန်ဆုံးပြန်လည်တုံ့ပြန်ပြဖို့ အလိုရှိခဲ့တာပါ။

သူ့ခန္ဓာကိုယ်ပုံစံကလည်း မိုလ်ဒီနဲ့ပွဲမှာ ပထမဆုံးမိနစ်ကတည်းက အစွမ်းပြဖို့အဆင်သင့်ဖြစ်နေတယ်ဆိုတာကို ပြောနေခဲ့ပါတယ်။

သူဟာတစ်ဂိုးသွင်းနိုင်ခဲ့ပြီး အခွင့်အရေးတွေဖန်တီးပေးခဲ့သလို နောက်ထပ် ၂ ဂိုးသွင်းဖို့လည်း နီးစပ်ခဲ့တာပါ။ ပင်နယ်တီဧရိယာ အပြင်ရောအတွင်းမှာပါ လှုပ်ရှားခဲ့ပြီး ဖြတ်တင်ဘောတွေလည်းပေးပို့နိုင်ခဲ့ပါတယ်။ ဒါဟာသူ့ဆီကနေသီတင်းပတ်တိုင်းကျွန်တော်မျှော်လင့်နေတဲ့ စွမ်းရည်မျိုးပါဘဲ” လို့ပြေသွားပါတယ်။

ဒီပွဲမှာ အာဆင်နယ်လူငယ်ဖြစ်တဲ့ ဘယ်လိုဂန်ဟာ လူစားဝင်ပြီး ၃၇ စက္ကန့်အကြာမှာဘဲ ဂိုးသွင်းနိုင်ခဲ့ပြီး နောက်တစ်ဂိုးကို နယ်လ်ဆင်က သွင်းယူပေးခဲ့တာပါ။

အာဆင်နယ်ဟာအုပ်စုပွဲစဉ် ၂ ပွဲကစားဖို့ ကျန်သေးပေမယ့်ဒီပွဲနိုင်သွားလို့ ၃၂ သင်းအဆင့်ကိုတက်ရောက်သွားပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မိုလ္ဒီနဲ႔ပြဲက ေျခစြမ္းမ်ိဳးကို သီတင္းပတ္တိုင္းကစားျပစမ္းပါလို႔ ပီပီကို အာတီတာစိန္ေခၚ

အာဆင္နယ္အသင္းနည္းျပ အာတီတာက နီကိုလက္စ္ပီပီအေနနဲ႔ မိုလ္ဒီနဲ႔ပြဲကေျခစြမ္းမ်ိဳးကို သီတင္းပတ္တိုင္းကစားျပၿပီး စတားပေလယာတစ္ေယာက္ျဖစ္တယ္ဆိုတာ ျပသဖို႔စိန္ေခၚစကားဆိုလိုက္ပါတယ္။

ပီပီဟာ ၂၀၁၉ ေႏြရာသီတုန္းက လိုင္လီကေနေပါင္ ၇၂ သန္းနဲ႔ေရာက္ရွိလာသူျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လိဒ္ယူႏိုက္တက္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ ၿပိဳင္ဘက္ကိုေခါင္းနဲ႔တိုက္လို႔ တိုက္႐ိုက္အနီကတ္ျပထုတ္ပယ္ခံခဲ့ရသူျဖစ္ၿပီး ဒီအတြက္ နည္းျပအာတီတာက သူ႔အေပၚအျပင္းအထန္ေဝဖန္ခဲ့ပါတယ္။ ဒါေပမယ့္ ပီပီဟာမိုလ္ဒီကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရတဲ့ ပြဲမွာေျခစြမ္းျပၿပီး အဖြင့္ဂိုးသြင္းယူေပးခဲ့သလို အခြင့္အေရးေတြအမ်ားရေအာင္လည္း စြမ္းေဆာင္ေပးခဲ့တာပါ။ ဒါေၾကာင့္လည္း အာတီတာက ပီပီသာ ဒီပုံစံမ်ိဳးကို သီတင္းပတ္တိုင္းကစားႏိုင္ရင္ သိပ္ေကာင္းမယ္လို႔ ဆိုခဲ့တာပါ။

အာတီတာက” ပီပီဘာေတြစြမ္းေဆာင္ႏိုင္သလဲဆိုတာ ကြၽန္ေတာ္တို႔အားလုံးသိပါတယ္။ ဒါေပမယ့္ ဒီလိုစြမ္းေဆာင္မႈမ်ိဳးကိုသူမၾကာခဏရမလားဆိုတာနဲ႔ အသင္းကိုကူညီေပးႏိုင္မႈေတြနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္ခံရမႈကေတာ့ မၾကခဏရွိခဲ့ပါတယ္။ ဒီပြဲကေျခစြမ္းဟာ သူလိုအပ္ေနတဲ့စံႏႈန္းကို ျပလိုက္တာပါဘဲ။ သူ႔ေျခစြမ္းအတြက္ကြၽန္ေတာ္အရမ္းေက်နပ္တယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြတုန္းက စိတ္ပ်က္စရာျဖစ္ခဲ့ၿပီးခ်ိန္မွာ အျမန္ဆုံးျပန္လည္တုံ႔ျပန္ျပဖို႔ အလိုရွိခဲ့တာပါ။ သူ႔ခႏၶာကိုယ္ပုံစံကလည္း မိုလ္ဒီနဲ႔ပြဲမွာ ပထမဆုံးမိနစ္ကတည္းက အစြမ္းျပဖို႔အဆင္သင့္ျဖစ္ေနတယ္ဆိုတာကို ေျပာေနခဲ့ပါတယ္။

သူဟာတစ္ဂိုးသြင္းႏိုင္ခဲ့ၿပီး အခြင့္အေရးေတြဖန္တီးေပးခဲ့သလို ေနာက္ထပ္ ၂ ဂိုးသြင္းဖို႔လည္း နီးစပ္ခဲ့တာပါ။ ပင္နယ္တီဧရိယာ အျပင္ေရာအတြင္းမွာပါ လႈပ္ရွားခဲ့ၿပီး ျဖတ္တင္ေဘာေတြလည္းေပးပို႔ႏိုင္ခဲ့ပါတယ္။ ဒါဟာသူ႔ဆီကေနသီတင္းပတ္တိုင္းကြၽန္ေတာ္ေမွ်ာ္လင့္ေနတဲ့ စြမ္းရည္မ်ိဳးပါဘဲ” လို႔ေျပသြားပါတယ္။

ဒီပြဲမွာ အာဆင္နယ္လူငယ္ျဖစ္တဲ့ ဘယ္လိုဂန္ဟာ လူစားဝင္ၿပီး ၃၇ စကၠန႔္အၾကာမွာဘဲ ဂိုးသြင္းႏိုင္ခဲ့ၿပီး ေနာက္တစ္ဂိုးကို နယ္လ္ဆင္က သြင္းယူေပးခဲ့တာပါ။ အာဆင္နယ္ဟာအုပ္စုပြဲစဥ္ ၂ ပြဲကစားဖို႔ က်န္ေသးေပမယ့္ဒီပြဲႏိုင္သြားလို႔ ၃၂ သင္းအဆင့္ကိုတက္ေရာက္သြားၿပီျဖစ္ပါတယ္။