မိုရာတာကို မဝေဖန်နဲ့ သူက 3 ဂိုးသွင်းပေးနိုင်တယ်ဆိုပြီး လေလုံးနဲ့ကာပေးတဲ့ လာပေါ်တီ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စပိန်နောက်ခံလူ လာပေါ်တီက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းဖော်တိုက်စစ်မှူး
မိုရာတာဘက်ကနေ ကာကွယ်သွားခဲ့ပြီး အသင်းဘက်က တိုက်စစ်ဆင်ဖို့ လိုအပ်လာရင်
မိုရာတာက ဂိုးတွေ သွင်းယူပေးလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
မိုရာတာ ဟာ စပိန်အသင်းနဲ့ ဆွီဒင် အသင်းတို့ ဂိုးမရှိ‌သရေကျခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ဖို့
ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။စပိန် အသင်းဟာ အဲဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ
စံချိန်သစ်တွေတင်နိုင်ခဲ့တာပါ။စပိန်အသင်းရဲ့တိုက်စစ်စွမ်းဆောင်ရည်ကို
အသင်းပရိသတ်‌ တွေက လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
”တိုက်စစ်မှူးကောင်းအဖြစ် သက်သေပြပြီးဖြစ်တဲ့ မိုရာတာလိုကစားသမားမျိုးအပေါ် သံသယဝင်လို့မရပါဘူး။
နောက်တစ်ပွဲမှာ သူက ဟက်ထရစ်သွင်းယူပြီး အားလုံးကို အသံတိတ်စေပါလိမ့်မယ်”လို့ မန်စီးတီးနောက်ခံလူ
လာပေါ်တီကကာကွယ် ပြောဆိုထားပါတယ်။
စပိန်အသင်းနည်းပြ အင်းနရစ်ကလည်း မိုရာတာ အတွက် လာပေါ်တီလိုပဲ ကာကွယ် ပြောဆိုထားပါတယ်။
“မိုရာတာ ဟာ အလွန်ကောင်းမွန်တဲ့ အရာတွေအများကြီးလုပ်ခဲ့တဲ့ ကစားသမားကောင်းပါ။သူဒီနေ့
ကံမကောင်းခဲ့ပါဘူး။ဒါပေမယ့် ဒါဟာ ဘောလုံးအားကစားရဲ့ ထုံးစံအတိုင်း ဖြစ်ပျက်တတ်တဲ့ သဘာဝပါ။”
“ကစားသမားကို မျက်နှာသာပေးမယ်ဆိုရင် ပြည်သူတွေနဲ့ ကစားရတာ ပိုမိုလွယ်ကူမှာဖြစ်ပြီး
အခုအနေအထားကို ပြောင်းလဲနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ကြောင်း”စပိန်နည်းပြကပြော ဆိုခဲ့တာပါ။
ကွင်းလယ်ကစားသမား အိုလ်မို ကတော့ ပရိသတ်တွေ ဘာကြောင့်လှောင်ပြောင်တယ်ဆိုတာကို
သူနားမလည်ဘဲ ပရိသတ်တွေအနေနဲ့ သူတို့ကို အားပေးဖို့ လိုတယ်လို့ ပြောသွားခဲ့ပါတယ်။
လာမယ့် ပွဲစဉ်တွေမှာ မိုရာတာတစ်ယောက် 3 ဂိုးသွင်းနိုင်ဖို့လိုပါတယ်။ အဲလိုမဟုတ်ရင်
ဒီတစ်ခေါက် လာပေါ်တီ အနေနဲ့ ပရိသတ်တွေရဲ့ အပြောကိုတော်တော်ခံရပါလိမ့်မယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi Version