မိုဗစ်ကြီးကို အပြောနဲ့ရော အလုပ်နဲ့ပါ နဖူးတောက်လိုက်တဲ့ လူကာကူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူက ဒီနှစ်ဘောလုံးရာသီ မီလန်ဒါဘီမှာ ရန်ကြွေးရှိခဲ့တဲ့ အေစီတိုက်စစ်မှူးကြီး မိုဗစ်ကို စကားစစ်ထိုးခဲ့ဖူးပါတယ်။

အဲဒီလို စကားများတဲ့ အကျိုးကျေးဇူးကြောင့် ၂ ယောက်စလုံး ဒဏ်ငွေ နှစ်ခါလောက် ဆောင်ကြရပါတယ်။

မကြာသေးခင်က မိုဗစ်ဟာ အေစီမီလန်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ၊ အဲဒီတုန်းကလည်း “ အေစီမှာ ဘယ်တုန်းကမှ ဘုရင်ဆိုတာမရှိခဲ့ပါဘူး။ နတ်ဘုရားပဲရှိတာပါ” ဆိုပြီး ကြွယ်ပြခဲ့ပါသေးတယ်။

လူကာကူဆိုတာကလည်း ဘယ်ရမလဲ အသင်းအတွက် စီးရီအေဖလားကို တရားဝင်ရယူခဲ့ပြီးတဲ့နောက် သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ “ တကယ့်ဘုရင်အစစ်ကတော့ ဆုဖလားရခဲ့ပြီ” ဆိုပြီး တင်ခဲ့ပါသေးတယ်။

မဆိုင်တဲ့အပေါက် ဂလှိုင်နဲ့ခေါက်သလို၊ လူကာကူရဲ့အဲဒီလိုပြောချက်ဟာ မိုဗစ်ကိုရည်ညွှန်းဖဲ့တာဆိုပြီး တချို့က သိမ်းကြုံးဆွဲပြောကြပါတယ်။

အင်တာမီလန်အသင်းဟာ ၁၁ နှစ်ကြာ ဝေးကွာနေတဲ့ ချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်ပြီးနောက် အသင်းတိုက်စစ်မှူး လူကာကူဟာ တစ်ဦးတည်းလမ်းပေါ်တွင်ထွက်ပြီး အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ပါသေးတယ်။

အင်တာဟာ ၂၀၁၀ တွင် မော်ရင်ဟိုလက်ထက်မှာ နောက်ဆုံးတစ်ကြိမ် စီးရီးအေချန်ပီယံ ဖြစ်ခဲ့ပါတယ်။

အင်တာမီလန် ချန်ပီယံဖြစ်ပြီးနောက် လူကာကူဟာ သူ့ရဲ့ကားခေါင်မိုးကိုဖွင့်ကာ အင်တာအထိမ်းအမှတ်များကို ဝတ်ဆင်ပြီး လမ်းမတစ်လျှောက် လှည့်လည်ကာ ပရိသတ်များနှင့်အတူ လှည့်လည်အောင်ပွဲခံခဲ့ပါတယ်။

အဲဒီလုပ်ရပ်ကိုလည်း လူမှုကွန်ရက်တွင် တိုက်ရိုက်လွှင့်တင်ခဲ့ပါသေးတယ်။

စီးရီးအေပွဲစဉ်ပြီးရန် ၄ ပွဲအလိုတွင် လူကာကူဟာ ၃၃ ပွဲကစားပြီး ၂၁ ဂိုး သွင်းထားနိုင်ခဲ့ပါတယ်။

လူကာကူဟာ အင်တာကိုရောက်ရှိလာပြီးနောက် အသင်းအတွက် စုစုပေါင်း ၉၂ ပွဲကစားကာ ၆၁ ဂိုးသွင်းခဲ့ပါတယ်။

ရန်ပွါးစကားတွေဆိုခဲ့တဲ့ လူကာကူနဲ့ မိုဗစ် ၂ ယောက်ဟာ မော်ရင်ဟိုရဲ့ ဒုတိယရာသီမှာ အတူတွဲဆော့ခဲ့ပြီး ကစားဖော်တွေဖြစ်ခဲ့ကြဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မိုဗစ္ႀကီးကို အေျပာနဲ႔ေရာ အလုပ္နဲ႔ပါ နဖူးေတာက္လိုက္တဲ့ လူကာကူ

အင္တာမီလန္အသင္းရဲ႕ တိုက္စစ္မွဴး လူကာကူက ဒီႏွစ္ေဘာလုံးရာသီ မီလန္ဒါဘီမွာ ရန္ေႂကြးရွိခဲ့တဲ့ ေအစီတိုက္စစ္မွဴးႀကီး မိုဗစ္ကို စကားစစ္ထိုးခဲ့ဖူးပါတယ္။ အဲဒီလို စကားမ်ားတဲ့ အက်ဳိးေက်းဇူးေၾကာင့္ ၂ ေယာက္စလုံး ဒဏ္ေငြ ႏွစ္ခါေလာက္ ေဆာင္ၾကရပါတယ္။

မၾကာေသးခင္က မိုဗစ္ဟာ ေအစီမီလန္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီး ၊ အဲဒီတုန္းကလည္း “ ေအစီမွာ ဘယ္တုန္းကမွ ဘုရင္ဆိုတာမရွိခဲ့ပါဘူး။ နတ္ဘုရားပဲရွိတာပါ” ဆိုၿပီး ႂကြယ္ျပခဲ့ ပါေသးတယ္ ။ လူကာကူဆိုတာကလည္း ဘယ္ရမလဲ အသင္းအတြက္ စီးရီေအဖလားကို တရားဝင္ရယူခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕ ဆိုရွယ္မီဒီယာမွာ “ တကယ့္ဘုရင္အစစ္ကေတာ့ ဆုဖလားရခဲ့ၿပီ” ဆိုၿပီး တင္ခဲ့ပါေသးတယ္။

မဆိုင္တဲ့အေပါက္ ဂလိွဳင္နဲ႔ေခါက္သလို၊ လူကာကူရဲ႕အဲဒီလိုေျပာခ်က္ဟာ မိုဗစ္ကိုရည္ၫႊန္းဖဲ့တာဆိုၿပီး တခ်ို႕က သိမ္းႀကံဳးဆဲြေျပာၾကပါတယ္။ အင္တာမီလန္အသင္းဟာ ၁၁ ႏွစ္ၾကာ ေဝးကြာေနတဲ့ ခ်န္ပီယံဆုကို ျပန္လည္ဆြတ္ခူးနိုင္ၿပီးေနာက္ အသင္းတိုက္စစ္မွူး လူကာကူဟာ တစ္ဦးတည္းလမ္းေပၚတြင္ထြက္ၿပီး ေအာင္ပြဲခံမွုမ်ား ျပဳလုပ္ခဲ့ပါေသးတယ္။

အင္တာဟာ ၂၀၁၀ တြင္ ေမာ္ရင္ဟိုလက္ထက္မွာ ေနာက္ဆုံးတစ္ႀကိမ္ စီးရီးေအခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။ အင္တာမီလန္ ခ်န္ပီယံျဖစ္ၿပီးေနာက္ လူကာကူဟာ သူ႔ရဲ႕ကားေခါင္မိုးကိုဖြင့္ကာ အင္တာအထိမ္းအမွတ္မ်ားကို ဝတ္ဆင္ၿပီး လမ္းမတစ္ေလၽွာက္ လွည့္လည္ကာ ပရိသတ္မ်ားႏွင့္အတူ လွည့္လည္ေအာင္ပြဲခံခဲ့ပါတယ္။

အဲဒီလုပ္ရပ္ကိုလည္း လူမွုကြန္ရက္တြင္ တိုက္ရိုက္လႊင့္တင္ခဲ့ပါေသးတယ္။ စီးရီးေအပြဲစဥ္ၿပီးရန္ ၄ ပြဲအလိုတြင္ လူကာကူဟာ ၃၃ ပြဲကစားၿပီး ၂၁ ဂိုး သြင္းထားနိုင္ခဲ့ပါတယ္။ လူကာကူဟာ အင္တာကိုေရာက္ရွိလာၿပီးေနာက္ အသင္းအတြက္ စုစုေပါင္း ၉၂ ပြဲကစားကာ ၆၁ ဂိုးသြင္းခဲ့ပါတယ္။

ရန္ပြါးစကားေတြဆိုခဲ့တဲ့ လူကာကူနဲ႔ မိုဗစ္ ၂ ေယာက္ဟာ ေမာ္ရင္ဟိုရဲ႕ ဒုတိယရာသီမွာ အတူတြဲေဆာ့ခဲ့ၿပီး ကစားေဖာ္ေတြျဖစ္ခဲ့ၾကဖူးပါတယ္။