
Photo Credit
Photo Credit
သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် ဇန်နဝါရီကာလအတွင်း တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူနိုင်ခွင့်ရမယ့်အခွင့်အရေးကို လက်လွှတ်ခံဖို့ရှိနေကြောင်း သိရပါတယ်။
Photo Credit ; Getty Images
ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြီးခဲ့တဲ့နွေရာသီအတွင်း အင်တာမီလန်အသင်းထံ လူကာကူနဲ့ ဆန်းချက်ဇ်တို့ ပြောင်းရွှေ့သွားပြီးနောက် တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာနည်းပါးနေတယ်လို့ ဝန်ခံထားပါတယ်။
Photo Credit
ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း မာရှယ်ရဲ့တံကောက်ကြောဒဏ်ရာက ယူနိုက်တက်တိုက်စစ်ပိုင်းကို ပိုမိုအခက်တွေ့စေပြီး အဆိုပါပြင်သစ်တိုက်စစ်မှူးဟာ အဲဒီဒဏ်ရာကြောင့် အသင်းရဲ့နောက်ဆုံး ၈ပွဲကို လွဲချော်ထားပါတယ်။
Photo Credit
ဒီအတွက်ကြောင့် ဆိုးလ်ရှားက လာမယ့်ဆောင်းရာသီဈေးကွက်အတွင်း တိုက်စစ်မှူးတစ်ဦးခေါ်ယူသွားမယ်လို့ ကြေညာထားပြီး ယူနိုက်တက်မှာကစားခဲ့တဲ့ကာလအတွင်း ၅၃ပွဲကစား ၂၉ဂိုးသွင်းယူပေးခဲ့တဲ့ အီဘရာဟီမိုဗစ်လည်း အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းထံ ပြန်ရောက်လာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
Photo Credit
ဒါပေမဲ့ Daily Telegraph သတင်းစာရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ အယ်လ်အေဂလက်ဆီတိုက်စစ်မှူး မိုဗစ်ကို ပြန်လည်ခေါ်ယူမှာမဟုတ်ကြောင်း သိရပြီး ဇန်နဝါရီလအတွင်း ရေတိုအစားထိုးမှုပြုလုပ်မှာမဟုတ်ဘဲ မိုဗစ်ကလည်း ယခုလအစောပိုင်းက အသက် ၃၈နှစ်ပြည့်မြောက်ခဲ့ပါတယ်။
Photo Credit
ဆွီဒင်အသင်းခေါင်းဆောင်ဟောင်း မိုဗစ်ဟာ ယခုရာသီမေဂျာလိဂ်မှာ ၂၉ပွဲကစား ဂိုး ၃၀အထိသွင်းယူနိုင်ခဲ့ပေမယ့် သူ့စာချုပ်က ဒီဇင်ဘာလမှာ ကုန်ဆုံးတော့မှာဖြစ်သလို အခုချိန်အထိလည်း သူ့ရဲ့အနာဂတ်က မသေမချာဖြစ်နေဆဲဖြစ်ပါတယ်။
Photo Credit
ဒီလိုအနေအထားမှာ မိုဗစ်အနေနဲ့ ဥရောပကို ပြန်လည်ပြောင်းရွှေ့လာနိုင်ပြီး ကစားသမားကိုယ်တိုင်က မိမိအနေနဲ့ အမြင့်ဆုံးအဆင့်မှာ ဆက်လက်ကစားနိုင်စွမ်းရှိသေးကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်က ပြောကြားထားပါတယ်။
Photo Credit
နောက်ထပ်သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဇန်နဝါရီလအတွင်း ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ်ကို ခေါ်ယူဖို့ နှုတ်အားဖြင့် အကြိုသဘောတူညီမှုရရှိထားကြောင်း သိရပြီး အသက် ၃၃နှစ်အရွယ်ရှိ အဆိုပါကစားသမားမှာ ယခုရာသီဂျူဗင်တပ်စ်အသင်းနဲ့အတူ တစ်မိနစ်မှ ပါဝင်ကစားရခြင်းမရှိသေးပါဘူး။
Photo Credit
Zawgyi
မိုဗစ္ကို ျပန္ေခၚႏုိင္မယ့္အခြင့္အေရး ယူႏုိက္တက္ ရယူမွာမဟုတ္ဘူးလုိ႔သတင္းထြက္
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ တုိက္စစ္ပိုင္းျပႆနာေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္ ဇန္န၀ါရီကာလအတြင္း တုိက္စစ္မွဴးေဟာင္း အီဘရာဟီမိုဗစ္ကို ျပန္လည္ေခၚယူႏိုင္ခြင့္ရမယ့္အခြင့္အေရးကို လက္လႊတ္ခံဖုိ႔ရွိေနေၾကာင္း သိရပါတယ္။
ယူႏုိက္တက္နည္းျပဆုိးလ္ရွားက ၿပီးခဲ့တဲ့ေႏြရာသီအတြင္း အင္တာမီလန္အသင္းထံ လူကာကူနဲ႔ ဆန္းခ်က္ဇ္တို႔ ေျပာင္းေရႊ႕သြားၿပီးေနာက္ တုိက္စစ္ပိုင္းအတြက္ ေရြးခ်ယ္စရာနည္းပါးေနတယ္လုိ႔ ၀န္ခံထားပါတယ္။
ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္း မာရွယ္ရဲ႕တံေကာက္ေၾကာဒဏ္ရာက ယူႏုိက္တက္တုိက္စစ္ပိုင္းကို ပိုမိုအခက္ေတြ႕ေစၿပီး အဆုိပါျပင္သစ္တုိက္စစ္မွဴးဟာ အဲဒီဒဏ္ရာေၾကာင့္ အသင္းရဲ႕ေနာက္ဆုံး ၈ပြဲကို လြဲေခ်ာ္ထားပါတယ္။
ဒီအတြက္ေၾကာင့္ ဆုိးလ္ရွားက လာမယ့္ေဆာင္းရာသီေစ်းကြက္အတြင္း တုိက္စစ္မွဴးတစ္ဦးေခၚယူသြားမယ္လုိ႔ ေၾကညာထားၿပီး ယူႏုိက္တက္မွာကစားခ့ဲတဲ့ကာလအတြင္း ၅၃ပြဲကစား ၂၉ဂိုးသြင္းယူေပးခဲ့တ့ဲ အီဘရာဟီမိုဗစ္လည္း အိုးလ္ထရက္ဖို႔ဒ္အေျခစုိက္အသင္းထံ ျပန္ေရာက္လာႏိုင္တယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။
ဒါေပမဲ့ Daily Telegraph သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြဟာ အယ္လ္ေအဂလက္ဆီတိုက္စစ္မွဴး မုိဗစ္ကို ျပန္လည္ေခၚယူမွာမဟုတ္ေၾကာင္း သိရၿပီး ဇန္န၀ါရီလအတြင္း ေရတိုအစားထိုးမႈျပဳလုပ္မွာမဟုတ္ဘဲ မိုဗစ္ကလည္း ယခုလအေစာပိုင္းက အသက္ ၃၈ႏွစ္ျပည့္ေျမာက္ခဲ့ပါတယ္။
ဆြီဒင္အသင္းေခါင္းေဆာင္ေဟာင္း မုိဗစ္ဟာ ယခုရာသီေမဂ်ာလိဂ္မွာ ၂၉ပြဲကစား ဂိုး ၃၀အထိသြင္းယူႏိုင္ခဲ့ေပမယ့္ သူ႕စာခ်ဳပ္က ဒီဇင္ဘာလမွာ ကုန္ဆုံးေတာ့မွာျဖစ္သလုိ အခုခ်ိန္အထိလည္း သူ႕ရဲ႕အနာဂတ္က မေသမခ်ာျဖစ္ေနဆဲျဖစ္ပါတယ္။
ဒီလုိအေနအထားမွာ မိုဗစ္အေနနဲ႔ ဥေရာပကို ျပန္လည္ေျပာင္းေရႊ႕လာႏိုင္ၿပီး ကစားသမားကိုယ္တုိင္က မိမိအေနနဲ႔ အျမင့္ဆုံးအဆင့္မွာ ဆက္လက္ကစားႏိုင္စြမ္းရွိေသးေၾကာင္း ၿပီးခဲ့တဲ့ရက္သတၱပတ္က ေျပာၾကားထားပါတယ္။
ေနာက္ထပ္သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ ဇန္န၀ါရီလအတြင္း ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး မန္ဇူကစ္ကို ေခၚယူဖို႔ ႏႈတ္အားျဖင့္ အႀကိဳသေဘာတူညီမႈရရွိထားေၾကာင္း သိရၿပီး အသက္ ၃၃ႏွစ္အရြယ္ရွိ အဆုိပါကစားသမားမွာ ယခုရာသီဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ တစ္မိနစ္မွ ပါ၀င္ကစားရျခင္းမရွိေသးပါဘူး။