မိုင်ပေါင်း ၁ သောင်းကျော်ကို ၂၄ နာရီနီးပါး လေယာဉ်စီးခဲ့ရပြီး ဘရာဇီးလူစာရင်းကနေ နေမာ ပြန်လွှတ်ခံခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ ဘာဆက်ဆီဟာကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခြေထောက်ဒဏ်ရာအချိန်မီ ပြန်လည် ပျောက်ကင်းလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အသင်းလူစာရင်းမှာ ရွေးချယ်သွားခဲ့တဲ့ ဘရာဇီးအသင်းဟာ အခုနောက်ဆုံးမှာတော့ နေမာရဲ့ဒဏ်ရာကို ပွဲကစားမယ့်ကာလအတွင်း ဘယ်လိုမှ ကြံ့ခိုင်မှုမပြည့်နိုင်ဘူးဆိုတဲ့မှတ်ချက်နဲ့ ပြန်လွှတ်လိုက်ပါတယ်။

ဘရာဇီးဟာ စနေ မနက်အစောပိုင်းမှာ ဗင်နီဇွဲလားနဲ့ကစားခဲ့ရပြီး နောက်တစ်ပွဲက ဥရုဂွေးနဲ့ ကစားရမှာပါ။ ပီအက်စ်ဂျီနည်းပြ သောမက်စ်တူချယ်က နေမာအနေနဲ့ ၄ ပတ်လောက် အနားယူရဖို့ရှိတယ်ဆိုတာကို ပြောကြားထားခဲ့ပေမယ့်လည်း ဘရာဇီးဆေးဆရာဝန်အဖွဲ့က နေမာကို ရွေးချယ်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရာဇီးအသင်းဆရာဝန် ရိုဒရီဂိုလက်စ်မာက “ကျွန်တော်တို့အနေနဲ့ နေမာကို အချိန်မီကစားနိုင်မယ်ထင်ပြီး ဘရာဇီးကို ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ သူဟာ ပွဲကစားဖို့ လုံလောက်တဲ့တိုးတက်မှုမျိုး မရှိပါဘူး။ ဒါကြောင့် သူ့ကို ပြန်လွှတ်လိုက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောသွားခဲ့ပါတယ်။

တကယ်တော့ ဒီကိစ္စဟာ နေမာနဲ့ ပီအက်စ်ဂျီအသင်းအတွက် အတော်လေးနစ်နာ မှုဖြစ်ခဲ့ပြီး အခုလို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ နေမာဟာ ပြင်သစ်ကနေ ဘရာဇီးနိုင်ငံ၊ ဆာပေါ်လိုကို ၁၁ နာရီခွဲလေယာဉ်စီးခဲ့ရပြီး ပဲရစ်ကို အပြန်ခရီးစဉ်တစ်ကြောင်းစာ နောက်ထပ် ၁၁ နာရီခွဲ လေယာဉ်ထပ်စီးရမှာဖြစ်တာ ကြောင့် နေမာအနေနဲ့ လေယာဉ်ပေါ်မှာတင် အချိန် ၂၄ နာရီနီးပါးကုန်သွားဖို့ရှိပါတယ်။

မိုင်ပေါင်း ၁၁,၅၀၀ အသွားအပြန်ခရီးကို သွားရောက်ရတဲ့အတွက် ခရီးပန်းတဲ့ဒဏ်ကို ခံစားရဖို့ရှိပြီး သေချာအနားမယူရတဲ့ အတွက် သူ့ရဲ့ဒဏ်ရာပျောက်ကင်းဖို့ အချိန်ကလည်း ပိုကြာဖို့ရှိတဲ့အတွက် ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်က အတော်လေးဒေါသထွက်နေပါတယ်။

ဘရာဇီးအသင်းဟာ ခြေစစ်ပွဲစဉ်တွေမှာ အခြေအနေကောင်းနေပြီး ပီအက်စ်ဂျီက တော့ လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့မှာ မိုနာကိုအသင်းနဲ့ ကစားရဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မိုင္ေပါင္း ၁ ေသာင္းေက်ာ္ကို ၂၄ နာရီနီးပါး ေလယာဥ္စီးခဲ့ရၿပီး ဘရာဇီးလူစာရင္းကေန ေနမာ ျပန္လႊတ္ခံခဲ့ရ

ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုဒုတိယပြဲစဥ္ျဖစ္တဲ့ ဘာဆက္ဆီဟာကို အႏိုင္ရတဲ့ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာကို ေျခေထာက္ဒဏ္ရာအခ်ိန္မီ ျပန္လည္ ေပ်ာက္ကင္းလာမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ အသင္းလူစာရင္းမွာ ေရြးခ်ယ္သြားခဲ့တဲ့ ဘရာဇီးအသင္းဟာ အခုေနာက္ဆံုးမွာေတာ့ ေနမာရဲ႕ဒဏ္ရာကို ပြဲကစားမယ့္ကာလအတြင္း ဘယ္လိုမွ ႀကံ့ခိုင္မႈမျပည့္ႏိုင္ဘူးဆိုတဲ့မွတ္ခ်က္နဲ႔ ျပန္လႊတ္လိုက္ပါတယ္။

ဘရာဇီးဟာ စေန မနက္အေစာပိုင္းမွာ ဗင္နီဇြဲလားနဲ႔ကစားခဲ့ရၿပီး ေနာက္တစ္ပြဲက ဥရုေဂြးနဲ႔ ကစားရမွာပါ။ ပီအက္စ္ဂ်ီနည္းျပ ေသာမက္စ္တူခ်ယ္က ေနမာအေနနဲ႔ ၄ ပတ္ေလာက္ အနားယူရဖို႔ရွိတယ္ဆိုတာကို ေျပာၾကားထားခဲ့ေပမယ့္လည္း ဘရာဇီးေဆးဆရာ၀န္အဖြဲ႕က ေနမာကို ေရြးခ်ယ္မႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ဘရာဇီးအသင္းဆရာ၀န္ ရိုဒရီဂိုလက္စ္မာက “ကၽြန္ေတာ္တို႔အေနနဲ႔ ေနမာကို အခ်ိန္မီကစားႏိုင္မယ္ထင္ၿပီး ဘရာဇီးကို ေခၚယူခဲ့တာပါ။ ဒါေပမဲ့ သူဟာ ပြဲကစားဖို႔ လံုေလာက္တဲ့တိုးတက္မႈမ်ဳိး မရွိပါဘူး။ ဒါေၾကာင့္ သူ႕ကို ျပန္လႊတ္လိုက္ဖို႔ ကၽြန္ေတာ္တို႔ ဆံုးျဖတ္ခဲ့တာပါ” လို႔ ေျပာသြားခဲ့ပါတယ္။

တကယ္ေတာ့ ဒီကိစၥဟာ ေနမာနဲ႔ ပီအက္စ္ဂ်ီအသင္းအတြက္ အေတာ္ေလးနစ္နာ မႈျဖစ္ခဲ့ၿပီး အခုလို ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါျဖစ္ေနတဲ့ကာလမွာ ေနမာဟာ ျပင္သစ္ကေန ဘရာဇီးႏိုင္ငံ၊ ဆာေပၚလိုကို ၁၁ နာရီခြဲေလယာဥ္စီးခဲ့ရၿပီး ပဲရစ္ကို အျပန္ခရီးစဥ္တစ္ေၾကာင္းစာ ေနာက္ထပ္ ၁၁ နာရီခြဲ ေလယာဥ္ထပ္စီးရမွာျဖစ္တာ ေၾကာင့္ ေနမာအေနနဲ႔ ေလယာဥ္ေပၚမွာတင္ အခ်ိန္ ၂၄ နာရီနီးပါးကုန္သြားဖို႔ရွိပါတယ္။

မိုင္ေပါင္း ၁၁,၅၀၀ အသြားအျပန္ခရီးကို သြားေရာက္ရတဲ့အတြက္ ခရီးပန္းတဲ့ဒဏ္ကို ခံစားရဖို႔ရွိၿပီး ေသခ်ာအနားမယူရတဲ့ အတြက္ သူ႕ရဲ႕ဒဏ္ရာေပ်ာက္ကင္းဖို႔ အခ်ိန္ကလည္း ပိုၾကာဖို႔ရွိတဲ့အတြက္ ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္က အေတာ္ေလးေဒါသထြက္ေနပါတယ္။

ဘရာဇီးအသင္းဟာ ေျခစစ္ပြဲစဥ္ေတြမွာ အေျခအေနေကာင္းေနၿပီး ပီအက္စ္ဂ်ီက ေတာ့ လာမယ့္ ႏို၀င္ဘာ ၂၀ ရက္ေန႔မွာ မိုနာကိုအသင္းနဲ႔ ကစားရဖို႔ရွိေနပါတယ္။